အာဗြဟံကိုလည်း အဘိမလက်ခေါ်၍၊ သင်သည်ငါတို့၌ အဘယ်သို့ပြုသနည်း။ သင့်ကိုငါတို့သည်အဘယ်သို့ပြစ်မှားသောကြောင့်၊ သင်သည်ငါ၌လည်းကောင်း၊ ငါ့နိုင်ငံ၌လည်းကောင်း၊ ကြီးစွာသောအပြစ်ကို ရောက်စေသနည်း။ သင်သည် မပြုအပ်သောအမှုကို ငါ၌ပြုပါသည်တကားဟု ဆိုလေ၏။