Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 2:25

Judson Bible

ထို​သူ​လင်​မ​ယား​နှစ်​ဦး​တို့​သည် အ​ဝတ်​မ​ဝတ်​ဘဲ​နေ၍၊ ရှက်​ကြောက်​ခြင်း​နှင့်​ကင်း​လွတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​နှစ်​ယောက်​တို့​သည် မျက်​စိ​ပွင့်​လင်း၍၊ မိ​မိ​တို့၌ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သည်​ကို သိ​မြင်​လျှင်၊ မိ​မိ​တို့​ဝတ်​ရန်​ဖို့ သင်္ဘော​သ​ဖန်း​ပင်​အ​ရွက်​တို့​ကို​ချုပ်​စပ်၍ ခါး​စည်း​ကို​လုပ်​ကြ၏။

အ​ကယ်​စင်​စစ် ကိုယ်​တော်​ကို မျှော်​လင့်​သော​သူ​တို့​သည် ရှက်​ကြောက်​ခြင်း​သို့ မ​ရောက်​ရ​ကြ​ပါ။ အ​ကြောင်း​မ​ရှိ​ဘဲ သ​စ္စာ​ကို​ဖျက်​သော​သူ​တို့​သည် ရှက်​ကြောက်​ခြင်း​သို့ ရောက်​ရ​ကြ​ပါ​လိမ့်​မည်။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပါ​သည်​ဖြစ်၍၊ ရှက်​ကြောက်​ခြင်း မ​ရှိ​ပါ​စေ​နှင့်။ လူ​ဆိုး​တို့​မူ​ကား၊ အ​ရှက်​ကွဲ​လျက် မ​ရ​ဏ​နိုင်​ငံ၌ တိတ်​ဆိတ်​စွာ​နေ​ကြ​ပါ​စေ​သော။

ထို​သို့ အာ​ရုန်​သည်​လူ​များ​ကို ရန်​သူ​တို့​ရှေ့​မှောက်၌ အ​ဝတ်​တန်​ဆာ​ကို ချွတ်​စေ​သည်​ဖြစ်၍၊ အ​ဝတ်​တန်​ဆာ​အ​ချည်း​စည်း​ရှိ​ကြ​ကြောင်း​ကို မော​ရှေ​မြင်​သော​အ​ခါ၊

ရုပ်​တု​ဆင်း​တု​ကို လုပ်​သော​သူ​အ​ပေါင်း​တို့​သည် အ​ချည်း​နှီး​သက်​သက် ဖြစ်​ကြ၏။ သူ​တို့​နှ​မြော​သော အ​ရာ​တို့​သည် အ​ကျိုး​ကို မ​ပေး​နိုင်​ကြ။ ငါ​တို့​သည် မ​မြင်​တတ်၊ နား​မ​လည်​တတ်​ဟု ရှက်​စ​ရာ​အ​ကြောင်း​ကို ကိုယ်​တိုင် သက်​သေ​ခံ​ကြ၏။

သင်​သည် အ​ဝတ်​အ​ချည်း​စည်း​ရှိ၍၊ အ​ရှက်​ကွဲ​ခြင်း​ကို ခံ​ရ​မည်။ ငါ​သည် အ​ပြစ်​ဒဏ်​ကို ပေး​မည်။ အ​ဘယ်​သူ​နှင့်​မျှ မိတ်​သ​ဟာ​ယ​မ​ဖွဲ့။

မ​စိုး​ရိမ်​နှင့်။ ရှက်​ကြောက်​ခြင်း​သို့ မ​ရောက်​ရ။ မျက်​နှာ မ​ပျက်​နှင့်။ အ​ရှက်​ကွဲ​ခြင်း​ကို မ​ခံ​ရ။ အ​သက်​ငယ်​စဉ်​အ​ခါ ခံ​ရ​သော ရှက်​ကြောက်​ခြင်း​ကို မေ့​လျော့​လိမ့်​မည်။ မု​ဆိုး​မ​ဖြစ်၍ ခံ​ရ​သော​ကဲ့​ရဲ့​ခြင်း​ကို နောက်​တစ်​ဖန် မ​အောက်​မေ့​ရ။

အို ဣ​သ​ရေ​လ​အ​မျိုး၏ မျှော်​လင့်​စ​ရာ အ​ကြောင်း​ဖြစ်​သော ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို စွန့်​ပစ်​သော​သူ​အ​ပေါင်း​တို့​သည် အ​ရှက်​ကွဲ​ရ​ကြ​ပါ​လိမ့်​မည်။ ငါ့​ထံ​မှ ထွက်​သွား​သော​သူ​တို့​သည် မြေ​စာ​ရင်း​သို့ ဝင်​ရ​ကြ​ပါ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​သက်​စမ်း​ရေ​တွင်း တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ပစ်​ကြ​သ​တည်း။

သူ​တို့​သည် ရွံ​ရှာ​ဖွယ်​သော အ​မှု​ကို​ပြု​ပြီး​မှ ရှက်​ကြ​သ​လော။ အ​လျှင်း​မ​ရှက်​ကြ။ မျက်​နှာ မ​ပျက်​ကြ။ ထို​ကြောင့်၊ တစ်​ယောက်​နောက်​တစ်​ယောက် လဲ​ကြ​လိမ့်​မည်။ ငါ​စစ်​ကြော​သော​အ​ခါ နှိမ့်​ချ​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင်​သည် ဝန်​ခံ​ခြင်း​ပ​ဋိ​ညာဉ်​ကို မ​စောင့်​ရ​သော်​လည်း၊ ပ​ဋိ​ညာဉ်​အား​ဖြင့် သင်၏​ညီ​အစ်​မ​တို့​ကို သင်၏​သ​မီး​ဖြစ်​ဖို့​ရာ ငါ​ပေး၍၊ သင်​သည် ထို​သူ​တို့​ကို​လက်​ခံ​သော​အ​ခါ၊ သင်​ပြု​မိ​သော​အ​မှု​များ​ကို အောက်​မေ့၍ ရှက်​ကြောက်​ရ​လိမ့်​မည်။

သင်​တို့​သည် ဝ​စွာ စား​ရ​ကြ​လိမ့်​မည်။ အံ့​ဩ​ဖွယ်​သော အ​မှု​တို့​ကို သင်​တို့၌​ပြု​သော သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။ နောက်​တစ်​ဖန် ငါ၏​လူ​တို့​သည်​လည်း ရှက်​ကြောက်​ခြင်း မ​ရှိ​ရ​ကြ။

မျောက်​မ​ထား​သော ဤ​လူ​မျိုး​ဆိုး​တွင် အ​ကြင်​သူ​သည် ငါ့​ကို​လည်း​ကောင်း၊ ငါ့​စ​ကား​ကို​လည်း​ကောင်း ရှက်၏။ လူ​သား​သည် မိ​မိ​အ​ဘ​ခ​မည်း​တော်၏ ဘုန်း​အာ​နု​ဘော်​ကို ဆောင်​လျက်၊ သန့်​ရှင်း​သော ကောင်း​ကင်​တ​မန် အ​ခြံ​အ​ရံ​တို့​နှင့် ကြွ​လာ​သော​အ​ခါ ထို​သူ​ကို ရှက်​တော်​မူ​လ​တ္တံ့။

အ​ကြင်​သူ​သည် ငါ့​ကို​လည်း​ကောင်း၊ ငါ့​စ​ကား​ကို​လည်း​ကောင်း ရှက်၏၊ လူ​သား​သည် မိ​မိ​ဘုန်း၊ မိ​မိ​အ​ဘ​ခ​မည်း​တော်၏​ဘုန်း၊ သန့်​ရှင်း​သော​ကောင်း​ကင်​တ​မန်​တို့၏ ဘုန်း​ကို​ဆောင်​လျက် ကြွ​လာ​သော​အ​ခါ၊ ထို​သူ​ကို ရှက်​တော်​မူ​လ​တ္တံ့။-

ကယ်​တင်​ခြင်း​သို့ ရောက်​ခြင်း​ငှာ နှုတ်​ဖြင့်​ဝန်​ခံ​ရ၏။ ကျမ်း​စာ​လာ​သည်​ကား၊ ထို​ကျောက်​ကို အ​မှီ​ပြု​သော သူ​မည်​သည်​ကား၊ ရှက်​ကြောက်​ခြင်း​မ​ရှိ​နိုင်​ရာ​ဟု လာ​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ