လူကလည်း၊ ယခု ဤသူသည် ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲကအသားဖြစ်၏။ လူထဲကထုတ်သောကြောင့် သူ့ကိုလူမိန်းမဟု ခေါ်ဝေါ်အပ်သည်ဟု ဆိုလေ၏။
လာဗန်က၊ အကယ်စင်စစ် သင်သည်ငါ့အရိုးအသားပင်ဖြစ်၏ဟု ဆိုလေ၏။
အာမသအားလည်း၊ သင်သည် ငါ့အသား ငါ့အရိုးတို့အဝင်ဖြစ်သည်မဟုတ်လော။ သင်သည် ငါ့ရှေ့မှာ ယွာဘ၏ကိုယ်စား အစဉ် ဗိုလ်ချုပ်မင်းမဖြစ်လျှင် ထိုမျှမက ဘုရားသခင်သည် ငါ၌ပြုတော်မူစေသတည်း ဟူ၍လည်းကောင်း၊ ပြောကြလော့ဟု မှာလိုက်တော်မူ၏။
ထိုအခါ ဣသရေလအမျိုးအနွယ် အပေါင်းတို့သည် ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့သို့လာ၍၊ ကျွန်တော်တို့သည် ကိုယ်တော်အရိုး၊ ကိုယ်တော်အသားဖြစ်ကြပါ၏။
ယေရုဗ္ဗာလသားခုနစ်ဆယ်တို့သည် သင်တို့ကို အုပ်စိုးကောင်းသလော။ သားတစ်ယောက်တည်း အုပ်စိုးကောင်းသလော။ ငါသည် သင်တို့၏အရိုးအသားစစ်ဖြစ်ကြောင်းကို မမေ့ကြနှင့်ဟု ရှေခင်မြို့သားအပေါင်းတို့အား ပြောရမည်အကြောင်းကို တိုင်ပင်လေ၏။