တတိယမြစ်ကား ဟိဒကေလအမည်ရှိ၏။ ထိုမြစ်သည် အာရှုရိတိုင်း အရှေ့သို့စီးသွားလေ၏။ စတုတ္ထမြစ်ကား ဥဖရတ်အမည်ရှိ၏။
ထိုပြည်မှအာရှုရိပြည်သို့သွား၍ နိနေဝေမြို့၊ ရဟောဘုတ်မြို့၊ ကာလမြို့ကိုလည်းကောင်း၊
ရှေမသားကား၊ ဧလံ၊ အာရှုရ၊ အာဖာဇဒ်၊ လုဒ၊ အာရံတည်း။
ထိုနေ့၌ ထာဝရဘုရားသည် အာဗြံနှင့်ပဋိညာဉ်ပြုတော်မူလျက်၊ အဲဂုတ္တုမြစ်မှစ၍ မြစ်ကြီးတည်းဟူသော၊ ဥဖရတ်မြစ်တိုင်အောင်၊ ဤပြည်ကိုလည်းကောင်း၊
ဒုတိယမြစ်ကား ဂိဟုန်အမည်ရှိ၏။ ထိုမြစ်သည် ကုရှပြည်နားတစ်လျှောက်လုံးကို စီးသွားလေ၏။
ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကိုယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်ရှောက်စေခြင်းငှာ ထားတော်မူ၏။
သူတို့သည်လည်း၊ အာရှုရိပြည်သို့သွားရာလမ်း၊ ဟဝိလမြို့မှစ၍၊ အဲဂုတ္တုပြည်အရှေ့၊ ရှုရမြို့တိုင်အောင် နေကြ၏။ ထိုသို့ ဣရှမေလ၏နေရာသည်၊ မိမိညီအစ်ကိုအပေါင်းအနား၌ ကျသတည်း။
အာရှုရိလူများနှင့်တကွ အကြီးအကဲ၊ သူဌေးသူကြွယ်၊ ထင်ရှားသောသူဖြစ်သော ဗာဗုလုန်လူ၊ ခါလဒဲလူများတည်းဟူသော၊ ချစ်ဖွယ်သော လူပျို၊ ဗိုလ်မင်း၊ ဝန်မင်း။ မှူးကြီးမတ်ကြီး၊ မြင်းစီးသူရဲအပေါင်းတို့သည်၊
ပထမလ နှစ်ဆယ်လေးရက်နေ့၌ ငါသည် ဟိဒကေလ မြစ်ကြီးအနားမှာရှိစဉ်၊
လှည့်လည်၍ ခရီးသွားကြလော့။ အာမောရိတောင်သို့လည်းကောင်း၊ ထိုတောင်နှင့်နီးသောအရပ်၊ လွင်ပြင်၊ တောင်ရိုး၊ ချိုင့်၊ တောင်မျက်နှာ၊ ပင်လယ်နားသို့လည်းကောင်း၊ ခါနာန်ပြည်၊ လေဗနုန်တောင်၊ ဥဖရတ်မြစ်ကြီးတိုင်အောင်လည်းကောင်း သွားကြလော့။
သင်တို့သည် ခြေနှင့်နင်းသမျှသောအရပ်ကို ပိုင်သဖြင့်၊ တောမှစ၍ လေဗနုန်တောင်တိုင်အောင်လည်းကောင်း၊ ဥဖရတ်မြစ်ကြီးမှစ၍ ပင်လယ်ကမ်းနားတိုင်အောင်လည်းကောင်း၊ မြေတစ်လျှောက်လုံးသည် သင်တို့၏နိုင်ငံအဝင် ဖြစ်လိမ့်မည်။
ဥဖရတ်မြစ်ကြီးနားမှာ ချည်နှောင်လျက်ရှိသော ကောင်းကင်တမန်လေးပါးကို လွှတ်လော့ဟု တံပိုးရှိသော ဆဋ္ဌမကောင်းကင်တမန်အား ဆိုသည်ကို ငါကြား၏။-