Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 19:9

Judson Bible

သူ​တို့​က၊ ဆုတ်​လော့​ဟု​ဆို​ကြ၏။ တစ်​ဖန်​ကား၊ သင်​သည်​တည်း​ခို​ခြင်း​ငှာ​သာ​ရောက်​လာ​သည်​နှင့် တ​ရား​သူ​ကြီး​လုပ်​ရ​မည်​လော။ ယ​ခု​မှာ ထို​သူ​တို့၌​ပြု​သည်​ထက်၊ သင်၌​သာ၍​ဆိုး​သော​အ​မှု​ကို​ပြု​မည်​ဟု​ဆို​လျက်၊ လော​တ​ကို​ကျပ်​ကျပ်​ဖိ၍ တံ​ခါး​ကို​လည်း ပေါက်​ခွဲ​ချိုး​ဖဲ့​ခြင်း​ငှာ ချဉ်း​လာ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က၊ ကြည့်​ရှု​လော့။ လူ​တစ်​မျိုး​တည်း၊ စ​ကား​တစ်​မျိုး​တည်း​ရှိ​သည်​ဖြစ်၍၊ သူ​တို့​သည် ဤ​အ​မှု​ကို​အ​ဦး​ပြု​ကြ၏။ ယ​ခု​ကြံ​စည်​သ​မျှ​တို့​ကို အ​ဆီး​အ​တား​မ​ရှိ၊ သူ​တို့​ပြု​ကြ​လိမ့်​မည်။

အာ​ဗြံ​သည် ခါ​နာန်​ပြည်၌​နေ​လေ​၏။ လော​တ​မူ​ကား၊ မြစ်​ပတ်​ဝန်း​ကျင်​မြို့​တို့​တွင်​နေ၍၊ သော​ဒုံ​မြို့​နား​မှာ တဲ​ကို​ဆောက်​လေ​၏။

ထို​သူ​က၊ အ​ဘယ်​သူ​သည်​သင့်​ကို ငါ​တို့​အ​ပေါ်​မှာ အ​ကဲ​အ​မှူး တ​ရား​သူ​ကြီး​အ​ရာ၌​ခန့်​ထား​သ​နည်း။ အဲ​ဂု​တ္တု​လူ​ကို​သတ်​သ​ကဲ့​သို့ ငါ့​ကို သတ်​လို​သ​လော​ဟု​ပြန်​ဆို၏။ ထို​အ​ခါ မော​ရှေ​သည် မိ​မိ​ပြု​သော​အ​မှု​ထင်​ရှား​ပြီ​ဟု သိ၍​ကြောက်​လေ၏။

ပ​ညာ​ရှိ​သော​သူ​သည် ကြောက်၍ ဒု​စ​ရိုက်​ကို ရှောင်​တတ်၏။ မိုက်​သော​သူ​မူ​ကား မာ​န​ကြီး၍ ရဲ​ရင့်​တတ်၏။

မိုက်​သော​စိတ် ထ​ဆဲ​ရှိ​သော​လူ​မိုက်​နှင့် မ​တွေ့​ပါ​စေ​နှင့်။ သား​ငယ်​ပျောက်​သော​ဝံ​မ​နှင့် သာ၍​တွေ့​ပါ​စေ​သော။

ကျောက်​နှင့် သဲ​သည်​လေး၏။ မိုက်​သော​သူ၏​ဒေါ​သ​သည် ထို​နှစ်​ပါး​ထက်​သာ၍​လေး၏။

သူ၏​စ​ကား​အ​စ​သည် မိုက်​ခြင်း၊ အ​ဆုံး​သည် အ​ပြစ်​ပြု​တတ်​သော ရူး​ခြင်း​ဖြစ်၏။

နေ​အောက်​မှာ ပြု​သ​မျှ​သော​အ​မှု၌​ပါ​သော ဝမ်း​နည်း​စ​ရာ​ဟူ​မူ​ကား၊ ခပ်​သိမ်း​သော​သူ​တို့​သည် တစ်​ခု​တည်း​သော​အ​မှု​နှင့် တွေ့​ကြုံ​ရ​ကြ၏။ အ​ကယ်​စင်​စစ် လူ​သား​တို့၏​စိတ်​နှ​လုံး​သည် ဒု​စ​ရိုက်​သ​ဘော​နှင့် ပြည့်၏။ အ​သက်​ရှင်​စဉ်​အ​ခါ၊ သူ​တို့​သည် ရူး​သော​စိတ်​ကို​စွဲ​လမ်း၍၊ နောက်​တစ်​ဖန် သေ​သွား​တတ်​ကြ၏။

သူ​တို့​က​လည်း၊ သင်​သည် အ​သီး​အ​ခြား​နေ​လော့။ ငါ့​ထံ​သို့ မ​ချဉ်း​နှင့်။ ငါ​သည် သင့်​ထက်​သာ၍ သန့်​ရှင်း​သည်​ဟု ဆို​တတ်၏။ ထို​သို့​သော​သူ​တို့​သည် ငါ့​နှာ​ခေါင်း၌ မီး​ခိုး​ကဲ့​သို့​လည်း​ကောင်း၊ အ​စဉ်​လောင်​သော မီး​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။

မိုး​ခေါင်၍ နောက်​မိုး​တိုင်​အောင် မ​ရွာ​သော်​လည်း၊ သင်​သည် ပြည့်​တန်​ဆာ​န​ဖူး​ရှိ၍၊ ရှက်​ခြင်း​သ​ဘော​ကို ပယ်​ရှား​ပြီ။

သူ​တို့​သည် ရွံ​ရှာ​ဖွယ်​သော အ​မှု​ကို​ပြု​ပြီး​မှ ရှက်​ကြ​သ​လော။ အ​လျှင်း​မ​ရှက်​ကြ။ မျက်​နှာ မ​ပျက်​ကြ။ ထို​ကြောင့်၊ တစ်​ယောက်​နောက်​တစ်​ယောက် လဲ​ကြ​လိမ့်​မည်။ ငါ​စစ်​ကြော​သော​အ​ခါ နှိမ့်​ချ​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သူ​တို့​သည် ရွံ​ရှာ​ဖွယ်​သော​အ​မှု​ကို ပြု​ပြီး​မှ ရှက်​ကြ​သ​လော။ အ​လျှင်း မ​ရှက်​ကြ။ မျက်​နှာ မ​ပျက်​တတ်​ကြ။ ထို​ကြောင့်၊ တစ်​ယောက်​နောက်​တစ်​ယောက် လဲ​ကြ​လိမ့်​မည်။ ငါ​စစ်​ကြော​သော​အ​ခါ နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင့်​ညီ​မ​သော​ဒုံ၏​အ​ပြစ်​ဟူ​မူ​ကား၊ သူ​နှင့် သူ့​သ​မီး​တို့​သည် မာ​န​ကြီး​ခြင်း၊ ဝ​စွာ​စား​သောက်​ခြင်း၊ ငြိမ်​ဝပ်​စွာ​ကောင်း​စား​ခြင်း​ရှိ၍၊ ဆင်း​ရဲ​ငတ်​မွတ်​သော သူ​တို့​ကို မ​ထောက်​ပံ့​ဘဲ​နေ​ကြ၏။

ဖြူ​စင်​သော​အ​ရာ​ကို ခွေး​တို့​အား မ​ပေး​ကြ​နှင့်။ ပု​လဲ​ရ​တ​နာ​တို့​ကို ဝက်​တို့​ရှေ့​မှာ မ​ချ​မ​ထား​ကြ​နှင့်။ သို့​ပြု​လျှင် ထို​အ​ရာ​တို့​ကို ကျော်​နင်း၍ သင်​တို့​ကို​လှည့်​လျက် ကိုက်​ဖြတ်​ကြ​လိမ့်​မည်။-

တစ်​ဖန် ဖိ​လိ​တ္တိ​လူ​က လာ​ခဲ့။ သင့်​အ​သား​ကို မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ​တို့​အား ငါ​ပေး​မည်​ဟု ဒါ​ဝိဒ်​ကို​ဆို၏။

ထို​သူ​က၊ ဆီ​ဥ​ကို​အ​ရင် မီး​ရှို့​ပါ​ရ​စေ။ နောက်​မှ ယူ​ချင်​တိုင်း​ယူ​ပါ​ဟု ဆို​လျှင်၊ မ​ဟုတ်​ဘူး၊ ယ​ခု​ပေး​ရ​မည်။ သို့​မ​ဟုတ် အ​နိုင်​ယူ​မည်​ဟု ပြော​ဆို​တတ်၏။

သို့​ဖြစ်၍ သ​ခင်​မ​သည် အ​ဘယ်​သို့​ပြု​သင့်​သည်​ကို ကြည့်​ရှု​ဆင်​ခြင်​ပါ​တော့။ အ​ကျွန်ုပ်​တို့​သ​ခင်​နှင့် အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့၌ ဘေး​ပြု​မည်​ဟု စီ​ရင်​ပါ​ပြီ။ သ​ခင်​သည် အ​ဓ​မ္မ​လူ​ဖြစ်​သော​ကြောင့်၊ အ​ဘယ်​သူ​မှ၊ မ​ပြော​မ​လျှောက်​ဝံ့​ပါ​ဟု ဆို​လေ​သော်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ