Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 19:8

Judson Bible

အ​ကျွန်ုပ်​၌ ယောက်ျား​နှင့်​မ​ဆက်​ဆံ​သော သ​မီး​နှစ်​ယောက်​ရှိ​ပါ၏။ သူ​တို့​ကို သင်​တို့​ထံ​သို့​ထုတ်​ရ​သော​အ​ခွင့်​ကို ပေး​ကြ​ပါ​လော့။ သူ​တို့၌ ပြု​ချင်​သ​မျှ​ပြု​ကြ​ပါ​လော့။ ဤ​လူ​တို့၌ အ​လျှင်း​မ​ပြု​ကြ​ပါ​နှင့်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် အ​ကျွန်ုပ်​အိမ်​မိုး​အ​ရိပ်​ကို​ခို​နေ​ပါ​၏​ဟု တောင်း​ပန်​သော်​လည်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

မုန့်​အ​နည်း​ငယ်​ကို​လည်း​ယူ​ခဲ့​ပါ​မည်။ အ​မော​အ​ပန်း​ပြေ​သော​အ​ခါ သွား​ကြ​ပါ​လော့။ ထို​သို့​သော ကျေး​ဇူး​တော်​ကို​ခံ​စေ​ခြင်း​ငှာ၊ ကိုယ်​တော်​ကျွန်​ရှိ​ရာ​သို့ ရောက်​ပါ​ပြီ​ဟု​ဆို၏။ ထို​သူ​တို့​က​လည်း၊ ပြော​သည်​အ​တိုင်း​ပြု​ပါ​လော့​ဟု ဆို​ကြ၏။

ညီ​အစ်​ကို​တို့၊ အ​ဓ​မ္မ​အ​မှု​ကို ဤ​မျှ​လောက်​မ​ပြု​ကြ​ပါ​နှင့်။

ရု​ဗင်​က​လည်း၊ ကျွန်ုပ်​သည်​ဗင်္ယာ​မိန်​ကို အ​ဘ​ထံ​သို့ ပြန်၍​မ​ဆောင်​ခဲ့​လျှင်၊ ကျွန်ုပ်​သား​နှစ်​ယောက်​တို့​ကို သတ်​ပါ​လော့။ သူ့​ကို​ကျွန်ုပ်​လက်၌​အပ်​ပါ။ ကျွန်ုပ်​တစ်​ဖန် အ​ဘ​ထံ​သို့​ပြန်၍ ဆောင်​ခဲ့​ပါ​မည်​ဟု အ​ဘ​အား​ဆို၏။

အာ​ရုန်​က၊ သ​ခင်၊ အ​မျက်​မ​ထွက်​ပါ​နှင့်။ ဤ​လူ​တို့​သည် မ​ကောင်း​သော အ​ကြံ​ရှိ​ကြောင်း​ကို ကိုယ်​တော်​သိ​ပါ၏။

မ​ထီ​မဲ့​မြင်​ပြု​သော​သူ​ကို ဆုံး​မ​သော​သူ​သည် အ​ရှက်​ကွဲ​ခြင်း​ကို​လည်း​ကောင်း၊ လူ​ဆိုး​ကို အ​ပြစ်​ပြ​သော​သူ​သည် ကဲ့​ရဲ့​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​လိမ့်​မည်။

မွတ်​သိပ်​သော​သူ​ကို အ​စာ​ကျွေး​ခြင်း၊ နေ​ရာ​မ​ရှိ၊ ဆင်း​ရဲ​သော​သူ​တို့​ကို ကိုယ်​အိမ်​သို့​ဆောင်​ခြင်း၊ အ​ဝတ်​မ​ရှိ​သော​သူ​ကို​မြင်​လျှင်၊ အ​ဝတ်​ကို​ပေး​ခြင်း၊ ကိုယ်​အ​သား​ကို မ​ရှောင်​ဘဲ​နေ​ခြင်း မ​ဟုတ်​လော။

တ​ပည့်​တော်​တို့​သည် အ​လွန်​ကြောက်​သော​ကြောင့် ပေ​တ​ရု​သည် ယောင်​ယမ်း၍ ထို​သို့​လျှောက်​သ​တည်း။-

ကောင်း​သော​အ​ကျိုး​ရှိ​စေ​ခြင်း​ငှာ မ​ကောင်း​သော အ​ကျင့်​ကို ကျင့်​ကြ​ကုန်​အံ့​ဟု လူ​အ​ချို့​တို့​သည် ငါ​တို့​ကို ကဲ့​ရဲ့​လျက်၊ ငါ​တို့​စ​ကား​ကို ပြန်​ပြော​သည်​အ​တိုင်း ဆို​ဦး​မည်​လော။ ထို​သို့​ဆို​သော​သူ​တို့​သည် ကိုယ်​အ​ပြစ်​ဒဏ်​ကို ခံ​ထိုက်​ကြ၏။

အိမ်​ရှင်​သည်​လည်း ထွက်၍၊ ညီ​အစ်​ကို​တို့၊ ဆိုး​သော​အ​မှု​ကို မ​ပြု​ပါ​နှင့်။ ဤ​သူ​သည် အ​ကျွန်ုပ်​အိမ်၌ တည်း​ခို​သော​သူ​ဖြစ်၍ အ​ဓ​မ္မ​မ​ပြု​ကြ​ပါ​နှင့်။

အ​ကျွန်ုပ်၌ သ​မီး​က​ညာ​ရှိ​ပါ၏။ သူ၏ မ​ယား​ငယ်​လည်း​ရှိ​ပါ၏။ သူ​တို့​ကို ထုတ်၍​ပေး​ပါ​မည်။ သူ​တို့​ကို ရှုတ်​ချ​ကြ​ပါ။ အ​လို​ရှိ​သည်​အ​တိုင်း ပြု​ကြ​ပါ။ ဤ​ယောက်ျား၌ ဤ​မျှ​လောက်​ဆိုး​သော​အ​မှု​ကို မ​ပြု​ပါ​နှင့်​ဟု တောင်း​ပန်​သော်​လည်း၊

ဆူး​လေ​ပင်​က၊ သင်​တို့​သည် ငါ့​ကို သင်​တို့၏ ရှင်​ဘု​ရင်​ဖြစ်​စေ​ခြင်း​ငှာ ခန့်​ထား၍ ဧ​ကန်​အ​မှန် ဘိ​သိက်​ပေး​လို​လျှင်၊ လာ​ကြ၊ ငါ့​အ​ရိပ်​ကို ခို​လှုံ​ကြ။ သို့​မ​ဟုတ် ဆူး​လေ​ပင်​ထဲ​က မီး​ထွက်၍ လေ​ဗ​နုန်​အာ​ရစ်​ပင်​တို့​ကို လောင်​လိမ့်​မည်​ဟု သစ်​ပင်​တို့​အား ပြန်​ပြော၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ