Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 19:5

Judson Bible

လော​တ​ကို​ဟစ်​ခေါ်​လျက်၊ ယ​နေ့​ည​မှာ သင့်​အိမ်​သို့​ဝင်​သော​လူ​တို့​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ ထို​သူ​တို့​နှင့် ငါ​တို့​သည် ဆက်​ဆံ​လို​သည်​ဖြစ်၍၊ ငါ​တို့​ထံ​သို့ ထွက်​စေ​လော့​ဟု ဆို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

လော​တ​သည်​လည်း၊ တံ​ခါး​ပြင်​မှာ သူ​တို့​ထံ​သို့​ထွက်၍၊ မိ​မိ​နောက်၌ တံ​ခါး​ကို​ပိတ်​ပြီး​လျှင်၊

ယု​ဒ​ပြည်၌ ယောက်ျား​အ​လို​သို့ လိုက်​တတ်​သော မိန်း​မ​လျှာ​များ​ရှိ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ရှေ့​မှ နှင်​ထုတ်​တော်​မူ​သော ပြည်​သား​မျိုး​ပြု​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ရာ အ​မှု​အ​လုံး​စုံ​တို့​ကို ပြု​ကြ​သည်​တ​ကား။

ခ​မည်း​တော်​အာ​သ​လက်​ထက်၌ ကျန်​ကြွင်း​သေး​သော ယောက်ျား​အ​လို​သို့ လိုက်​တတ်​သော မိန်း​မ​လျှာ​တို့​ကို ပြည်​တော်​မှ သုတ်​သင်​ပယ်​ရှင်း​လေ၏။

ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​၌​အ​နည်း​ငယ်​မျှ ကြွင်း​စေ​တော်​မ​မူ​လျှင်၊ ငါ​တို့​သည် သော​ဒုံ​မြို့​ကဲ့​သို့​ဖြစ်​၍ ဂေါ​မော​ရ​မြို့​နှင့် တူ​ကြ​ပြီ။

သူ​တို့​မျက်​နှာ​အ​နေ​အ​ထား​သည် သူ​တို့​တစ်​ဖက်၌ သက်​သေ​ခံ၏။ မိ​မိ​ဒု​စ​ရိုက်​ကို မ​ဝှက်၊ သော​ဒုံ​မြို့​သား​ကဲ့​သို့ ထင်​ရှား​စွာ​ပြု​ကြ၏။ သူ​တို့​ဝိ​ညာဉ်၌ အ​မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ မ​ကောင်း​ကျိုး​ကို မိ​မိ​တို့၌​ဆပ်​ပေး​ကြ​ပြီ။

မိုး​ခေါင်၍ နောက်​မိုး​တိုင်​အောင် မ​ရွာ​သော်​လည်း၊ သင်​သည် ပြည့်​တန်​ဆာ​န​ဖူး​ရှိ၍၊ ရှက်​ခြင်း​သ​ဘော​ကို ပယ်​ရှား​ပြီ။

သူ​တို့​သည် ရွံ​ရှာ​ဖွယ်​သော အ​မှု​ကို​ပြု​ပြီး​မှ ရှက်​ကြ​သ​လော။ အ​လျှင်း​မ​ရှက်​ကြ။ မျက်​နှာ မ​ပျက်​ကြ။ ထို​ကြောင့်၊ တစ်​ယောက်​နောက်​တစ်​ယောက် လဲ​ကြ​လိမ့်​မည်။ ငါ​စစ်​ကြော​သော​အ​ခါ နှိမ့်​ချ​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင့်​ညီ​မ​သော​ဒုံ၏​အ​ပြစ်​ဟူ​မူ​ကား၊ သူ​နှင့် သူ့​သ​မီး​တို့​သည် မာ​န​ကြီး​ခြင်း၊ ဝ​စွာ​စား​သောက်​ခြင်း၊ ငြိမ်​ဝပ်​စွာ​ကောင်း​စား​ခြင်း​ရှိ၍၊ ဆင်း​ရဲ​ငတ်​မွတ်​သော သူ​တို့​ကို မ​ထောက်​ပံ့​ဘဲ​နေ​ကြ၏။

မာ​န​ထောင်​လွှား၍ ငါ့​ရှေ့​မှာ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​တို့​ကို​ပြု​ကြ၏။ ထို​ကြောင့်၊ သင်​မြင်​သည် အ​တိုင်း​သူ​တို့​ကို ငါ​ပယ်​ရှင်း​ပြီ။

ရှ​မာ​ရိ​သည်​လည်း၊ သင်​ပြု​မိ​သော ဒု​စ​ရိုက်​တစ်​ဝက်​ကို​မျှ​မ​ပြု​မိ။ သင်​မူ​ကား၊ ညီ​အစ်​မ​တို့၏​အ​ပြစ်​ကို မ​ထင်​ရှား​စေ​သည်​တိုင်​အောင်၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​တို့​ကို သူ​တို့​ထက်​မ​က များ​ပြား​စွာ​ပြု​လေ​ပြီ​တ​ကား။

မိန်း​မ​နှင့် ပေါင်း​ဖော်​သ​ကဲ့​သို့ ယောက်ျား​ချင်း​မ​ပေါင်း​ဖော်​ရ။ ရွံ​ရှာ​ဖွယ်​အ​မှု​ဖြစ်၏။

မိန်း​မ​နှင့်​ပေါင်း​ဖော်​သ​ကဲ့​သို့ ယောက်ျား​ခြင်း​ပေါင်း​ဖော်​လျှင် ထို​သူ​နှစ်​ယောက်​တို့​သည်၊ ရွံ​ရှာ​ဖွယ်​သော​အ​မှု​ကို​ပြု​သော​ကြောင့်၊ အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ သေ​ထိုက်​သော​အ​ပြစ်​ရှိ၏။

မ​တ​ရား​သော​သူ​တို့​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို အ​မွေ​မ​ခံ​ရ​သည်​ကို သင်​တို့​မ​သိ​ကြ​သ​လော။ အ​လွဲ​မ​ယူ​ကြ​နှင့်။ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ၊ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ၊ ယောက်ျား​ချင်း မေ​ထုန်​ကို​ပြု​သော​သူ၊ ထို​အ​မှု​ကို​ခံ​သော​သူ၊-

ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တို့​တွင် ပြည့်​တန်​ဆာ​မ​ရှိ​ရ။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ယောက်ျား​အ​လို​သို့ လိုက်​တတ်​သော မိန်း​မ​လျှာ​မ​ရှိ​ရ။

ဆိုး​ညစ်​သော​သူ၊ လှည့်​ဖြား​သော​သူ​တို့​မူ​ကား၊ သူ​တစ်​ပါး​ကို​လည်း​ကောင်း၊ ကိုယ်​ကို​လည်း​ကောင်း လှည့်​ဖြား၍ ဆိုး​ညစ်​ခြင်း၌ တ​ရွေ့​ရွေ့ တိုး​ပွား​ကြ​လိမ့်​မည်။

သူ​တို့​ညစ်​ညူး​သော အ​ကျင့်​ဓ​လေ့​တို့​ကို အ​များ​သော​သူ​တို့​သည် လိုက်​သော​အား​ဖြင့် သ​မ္မာ​တ​ရား​လမ်း အ​သ​ရေ​သည် ပျက်​စီး​လိမ့်​မည်။-

ထို​အ​ခါ မ​တ​ရား​သော​သူ​တို့၏ ညစ်​ညူး​သော အ​ကျင့်​အား​ဖြင့် နှောင့်​ယှက်​ခြင်း​ကို ခံ​ရ​သော​သူ၊ ဖြောင့်​မတ်​သော လော​တ​ကို ကယ်​နုတ်​တော်​မူ၏။-

ထို​နည်း​တူ၊ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​မှ​စ၍ ပတ်​ဝန်း​ကျင်၌​ရှိ​သော မြို့​တို့​သည်၊ အ​ထက်​က ဆို​ခဲ့​ပြီး​သော လူ​ဆိုး​ကဲ့​သို့ မ​တ​ရား​သော မေ​ထုန်​ကို​အ​လွန်​ပြု၍ ကိုယ်​ခင်​ပွန်း​မ​ဟုတ်​သော သူ​တို့​နှင့် မှား​ယွင်း​ခြင်း​အ​မှု၌ ကျင်​လည်​သော​ကြောင့်၊ ထာ​ဝ​ရ​မီး​နှင့် ကျွမ်း​လောင်​ခြင်း​ဒဏ်​ကို ခံ​ရ၍ ပုံ​သက်​သေ​ထင်​ရှား​လျက် ရှိ​ကြ၏။

ထို​သို့ ပျော်​မွေ့​လျက်​နေ​ကြ​သော​အ​ခါ၊ ထို​မြို့​သား အ​ဓ​မ္မ​လူ​အ​ချို့​တို့​သည် အိမ်​ကို​ဝိုင်း၍ တံ​ခါး​ကို​ရိုက်​ကြ၏။ အိမ်​ရှင် လူ​အို​ကို​လည်း​ခေါ်၍၊ သင့်​အိမ်​သို့ ဝင်​သော​ယောက်ျား​နှင့် ငါ​တို့​သည် ဆက်​ဆံ​လို​သည်​ဖြစ်၍၊ ထုတ်​ခဲ့​လော့​ဟု ဆို​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ