Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 19:34

Judson Bible

နက်​ဖြန်​နေ့​တွင် အ​ကြီး​က​လည်း၊ မ​နေ့​ည​မှာ ငါ​သည် အ​ဘ​နှင့်​အိပ်​လေ​ပြီ။ ယ​နေ့​ည​တစ်​ဖန်​သူ့​ကို စ​ပျစ်​ရည်​တိုက်​ကြ​စို့။ သင်​သည်​ဝင်၍ အ​ဘ၏​အ​မျိုး​အ​နွယ်​ကို စောင့်​မ​ခြင်း​ငှာ၊ သူ​နှင့်​အိပ်​လော့​ဟု ညီ​မ​ကို​ပြော​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ထို​နေ့​ည​မှာ သူ​တို့​သည် အ​ဘ​ကို စ​ပျစ်​ရည်​တိုက်​ပြီး​လျှင်၊ သ​မီး​အ​ကြီး​သည်​ဝင်၍ အ​ဘ​နှင့်​အိပ်​လေ၏။ သူ​အိပ်​ကြောင်း​ကို​လည်း​ကောင်း၊ ထ​ကြောင်း​ကို​လည်း​ကောင်း အ​ဘ​မ​သိ။

ထို​နေ့​ည၌​လည်း သူ​တို့​သည် အ​ဘ​ကို စ​ပျစ်​ရည်​တိုက်​ပြီး​လျှင်၊ အ​ငယ်​သည်​ဝင်၍ အ​ဘ​နှင့် အိပ်​လေ၏။ အိပ်​ကြောင်း​ကို​လည်း​ကောင်း၊ ထ​ကြောင်း​ကို​လည်း​ကောင်း အ​ဘ​မ​သိ။

သူ​တို့​မျက်​နှာ​အ​နေ​အ​ထား​သည် သူ​တို့​တစ်​ဖက်၌ သက်​သေ​ခံ၏။ မိ​မိ​ဒု​စ​ရိုက်​ကို မ​ဝှက်၊ သော​ဒုံ​မြို့​သား​ကဲ့​သို့ ထင်​ရှား​စွာ​ပြု​ကြ၏။ သူ​တို့​ဝိ​ညာဉ်၌ အ​မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ မ​ကောင်း​ကျိုး​ကို မိ​မိ​တို့၌​ဆပ်​ပေး​ကြ​ပြီ။

မိုး​ခေါင်၍ နောက်​မိုး​တိုင်​အောင် မ​ရွာ​သော်​လည်း၊ သင်​သည် ပြည့်​တန်​ဆာ​န​ဖူး​ရှိ၍၊ ရှက်​ခြင်း​သ​ဘော​ကို ပယ်​ရှား​ပြီ။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သ​စ္စာ​တ​ရား​ကို ထောက်​ရှု​တော်​မူ​သည် မ​ဟုတ်​လော။ ကိုယ်​တော်​သည် ဒဏ်​ခတ်​တော်​မူ​သော်​လည်း သူ​တို့​သည် ညှိုး​ငယ်​သော​စိတ်​မ​ရှိ​ကြ​ပါ။ ဖျက်​ဆီး​တော်​မူ​သော်​လည်း၊ သူ​တို့​သည် ဆုံး​မ​ခြင်း​ကို ငြင်း​ပယ်​ကြ​ပါ​ပြီ။ မိ​မိ​တို့​မျက်​နှာ​ကို ကျောက်​ထက်​သာ၍​မာ​စေ​ကြ​ပါ​ပြီ။ ငါ​တို့​သည် ပြန်၍​မ​လာ​ဟု ငြင်း​ဆန်​လျက် နေ​ကြ​ပါ​ပြီ။

သူ​တို့​သည် ရွံ​ရှာ​ဖွယ်​သော အ​မှု​ကို​ပြု​ပြီး​မှ ရှက်​ကြ​သ​လော။ အ​လျှင်း​မ​ရှက်​ကြ။ မျက်​နှာ မ​ပျက်​ကြ။ ထို​ကြောင့်၊ တစ်​ယောက်​နောက်​တစ်​ယောက် လဲ​ကြ​လိမ့်​မည်။ ငါ​စစ်​ကြော​သော​အ​ခါ နှိမ့်​ချ​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သူ​တို့​သည် ရွံ​ရှာ​ဖွယ်​သော​အ​မှု​ကို ပြု​ပြီး​မှ ရှက်​ကြ​သ​လော။ အ​လျှင်း မ​ရှက်​ကြ။ မျက်​နှာ မ​ပျက်​တတ်​ကြ။ ထို​ကြောင့်၊ တစ်​ယောက်​နောက်​တစ်​ယောက် လဲ​ကြ​လိမ့်​မည်။ ငါ​စစ်​ကြော​သော​အ​ခါ နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ