Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 19:31

Judson Bible

သ​မီး​အ​ကြီး​က၊ ငါ​တို့​အ​ဘ​အို​ပြီ။ မြေ​ကြီး​သား​အ​ပေါင်း​တို့၏ ဘာ​သာ​အ​တိုင်း၊ ငါ​တို့​ထံ​သို့​ဝင်​ရ​သော ယောက်ျား​တစ်​ယောက်​မျှ မြေ​ပေါ်​မှာ​မ​ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

စာ​ရဲ​က၊ အ​ကျွန်ုပ်​အား​သား​ဖွား​ရ​သော​အ​ခွင့်​ကို ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မ​မူ။ အ​ကျွန်ုပ်၏​ကျွန်​မ​ထံ​သို့ ဝင်​ပါ​လော့။ သူ့​အား​ဖြင့် အ​ကျွန်ုပ်​သည် တည်​ဆောက်​ခြင်း ရှိ​ကောင်း​ရှိ​ပါ​လိမ့်​မည်​ဟု အာ​ဗြံ​အား​ပြော​ဆို၍၊ အာ​ဗြံ​သည် စာ​ရဲ၏​စ​ကား​ကို နား​ထောင်​လေ၏။

အာ​ဗြံ​သည်​လည်း ဟာ​ဂ​ရ​ထံ​သို့​ဝင်၍၊ ဟာ​ဂ​ရ​သည် ပ​ဋိ​သ​န္ဓေ​စွဲ​လေ၏။ ဟာ​ဂ​ရ​သည် မိ​မိ​တွင်​ပ​ဋိ​သ​န္ဓေ​စွဲ​နေ​ကြောင်း​ကို​သိ​လျှင်၊ မိ​မိ​သ​ခင်​မ​ကို မ​ထီ​မဲ့​မြင်​ပြု​လေ၏။

သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​မှ​စ​သော ချိုင့်​အ​ရပ်​တစ်​လျှောက်​လုံး​ကို ကြည့်​ရှု၍၊ မီး​ဖို၌​အ​ခိုး​ကဲ့​သို့၊ တစ်​ပြည်​လုံး​အ​ခိုး​တက်​သည်​ကို မြင်​လေ​၏။

ထို​နောက်၊ လူ​အာ​ဒံ​သည် မ​ယား​ဧ​ဝ​နှင့်​ဆက်​ဆံ​သ​ဖြင့်၊ ဧ​ဝ​သည်​ပ​ဋိ​သ​န္ဓေ​စွဲ​ယူ​၍၊ ကာ​ဣ​န​ကို​ဖွား​မြင်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​၏​လူ​ကို​ငါ​ရ​ပြီ​ဟု ဆို​လေ​၏။

ထို​ကာ​လ၌၊ မြေ​ကြီး​ပေါ်​မှာ ကိုယ်​ကြီး​မား​သော​သူ​အ​ချို့​ရှိ​ကြ၏။ ထို​နောက်၌​လည်း၊ ဘု​ရား​သ​ခင်၏​သား​တို့​သည်၊ လူ​သ​မီး​တို့​နှင့်​ဆက်​ဆံ​၍ ရ​သော​သား​တို့​သည်၊ အား​ကြီး​သော​သူ၊ ရှေး​ကာ​လ​မှ​စ၍၊ ကျော်​စော​သော​သူ ဖြစ်​ကြ၏။

သူ​သည် လူ​ဆိတ်​ညံ​ရာ​မြေ​ပေါ်​မှာ ထိုင်​ရ​လိမ့်​မည်။ ထို​ကာ​လ၌ မိန်း​မ​ခု​နစ်​ယောက်​တို့​သည် ယောက်ျား​တစ်​ယောက်​ကို ကိုင်​ဆွဲ​လျက်၊ ကျွန်​မ​တို့​သည် ကိုယ်​မုန့်​ကို စား​ပါ​မည်။ ကိုယ်​အ​ဝတ်​ကို​လည်း ဝတ်​ပါ​မည်။ ကျွန်​မ​တို့​ကို​မောင်၏​နာ​မ​ဖြင့် သ​မုတ်​ခြင်း​သာ​ရှိ​စေ၍၊ ကျွန်​မ​တို့ ရှက်​ကြောက်​ခြင်း​ကို ပယ်​ဖျောက်​ပါ​ဟု ဆို​ကြ​လိမ့်​မည်။

တ​ပည့်​တော်​တို့​သည် အ​လွန်​ကြောက်​သော​ကြောင့် ပေ​တ​ရု​သည် ယောင်​ယမ်း၍ ထို​သို့​လျှောက်​သ​တည်း။-

အ​တူ​နေ​သော ညီ​အစ်​ကို​တို့​တွင်၊ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် သား​မ​ရှိ​ဘဲ​သေ​လျှင်၊ သေ​သော​သူ၏​မ​ယား​သည် အ​ခြား​တစ်​ပါး​သော​လူ​စိမ်း​နှင့် စုံ​ဖက်​ခြင်း​ကို မ​ပြု​ရ။ သူ၏​လင်​ညီ​သည် သူ့​ကို​သိမ်း​ယူ​ဆက်​ဆံ၍ မ​ရီး၌ ပြု​အပ်​သော​ဝတ်​ကို​ပြု​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ