Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 19:30

Judson Bible

လော​တ​သည် ဇော​ရ​မြို့​မှ​ထွက်၍၊ သ​မီး​နှစ်​ယောက်​နှင့်​တ​ကွ တောင်​ပေါ်​မှာ​နေ၏။ ဇော​ရ​မြို့၌​မ​နေ​ဝံ့၍၊ သ​မီး​နှစ်​ယောက်​နှင့်​တ​ကွ ဥ​မင်၌​နေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​ကာ​လ​အ​ခါ၊ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ကို ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မ​မူ​မီ၊ ဇော​ရ​မြို့​သို့​သွား​သော​လမ်း၊ ယော်​ဒန်​မြစ်​ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်၌ ရေ​များ၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဥ​ယျာဉ်​တော်​ကဲ့​သို့​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​သည်​ကို၊ လော​တ​မျှော်​ကြည့်၍​မြင်​လျှင်၊

အာ​ဗြံ​က၊ မင်း​ကြီး​သည် အာ​ဗြံ​ကို​ငါ​ရ​တတ်​စေ​ပြီ​ဟု ပြော​စ​ရာ​မ​ရှိ​စေ​ခြင်း​ငှာ လု​လင်​တို့​သည် စား​ပြီး​သော​အ​ရာ​ကို​လည်း​ကောင်း၊ ကျွန်ုပ်​နှင့်​အ​တူ​လိုက်​လာ​သော​သူ၊ အာ​နေ​ရ၊ ဧ​ရှ​ကော​လ၊ မံ​ရေ​တို့​သည် မိ​မိ​တို့​အ​ဖို့​ကို​ယူ​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​သ​ဖြင့်၊ သူ​တို့​ယူ​သော​အ​ဖို့​ကို​လည်း​ကောင်း ထား၍ မင်း​ကြီး၏​ဥ​စ္စာ၊ အပ်​ခြည်​တစ်​မျှင်​ဖြစ်​စေ၊ ခြေ​နင်း​ကြိုး​တစ်​ပင်​ဖြစ်​စေ၊ တစ်​စုံ​တစ်​ခု​ကို​မျှ​ငါ​မ​ယူ​ဟု ကောင်း​ကင်​မြေ​ကြီး​ရှင်၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌၊ ကျွန်ုပ်​သည်​လက်​ကို​ချီ၍ အ​ဓိ​ဋ္ဌာန်​ပြု​ပါ​ပြီ​ဟု၊ သော​ဒုံ​မင်း​ကြီး​အား​ပြော​ဆို​လေ၏။

ပြင်​သို့​ရောက်​သော​အ​ခါ၊ သင်​သည်​အ​သက်​ချမ်း​သာ​ရ​ခြင်း​ငှာ ပြေး​လော့။ နောက်​သို့​လှည့်၍ မ​ကြည့်​နှင့်။ မြေ​ညီ​သော​အ​ရပ်၌ အ​လျှင်း​မ​နေ​နှင့်။ တောင်​ပေါ်​သို့​ပြေး​လော့။ သို့​မ​ဟုတ် ဆုံး​လိမ့်​မည်​ဟု ဆို​လေ၏။

ယ​ခု​မှာ ကိုယ်​တော်​ကျွန်​သည် ရှေ့​တော်၌​မျက်​နှာ​ရ​ပါ​ပြီ။ အ​ကျွန်ုပ်​အ​သက်​ချမ်း​သာ​စေ​သ​ဖြင့်၊ အ​ကျွန်ုပ်၌​ပြု​တော်​မူ​သော​က​ရု​ဏာ ကျေး​ဇူး​များ​ပြား​လှ​ပါ၏။ ဘေး​လွတ်၍​တောင်​ပေါ်​သို့ မ​ပြေး​နိုင်​ပါ။ ဘေး​တစ်​စုံ တစ်​ခု​တွေ့၍​သေ​မည်​ကို စိုး​ရိမ်​ပါ​၏။

သို့​သော်​လည်း ရေ​ကဲ့​သို့ ပွက်​ထ​သော​သ​ဘော​ရှိ​သည်​ဖြစ်၍၊ ထူး​မြတ်​ခြင်း​သို့ မ​ရောက်​ရ။ အ​ကြောင်း​မူ​ကား၊ သင်​သည် အ​ဘ၏​အိပ်​ရာ​ကို​တက်​၍ ညစ်​ညူး​စေ၏။ ငါ့​ခု​တင်​ထက်​သို့ တက်​လေ​ပြီ​တ​ကား။

ငါ့​နှ​လုံး​သည်​လည်း၊ မော​ဘ​အ​ဖို့ ငို​ကြွေး၏။ ပြေး​သော​သူ​တို့​သည်၊ သုံး​နှစ်​အ​သက်​ရှိ​သော နွား​မ​ကဲ့​သို့ ဇော​ရ​မြို့​တိုင်​အောင် လည်​ကြ၏။ လု​ဟိတ်​တောင်​ပေါ်​သို့ မျက်​ရည်​ကျ​လျက် တက်​ကြ၏။ ဟော​ရ​နိမ်​မြို့​သို့ သွား​သော​လမ်း၌​လည်း ဆုံး​ရှုံး​ခြင်း​အ​သံ​ကို​လွှင့်​ကြ၏။

ဟေ​ရှ​ဘုန်​မြို့ ငို​ကြွေး​သံ​မှ​စ၍ ဧ​လာ​လေ​မြို့၊ ယာ​ဟတ်​မြို့ တိုင်​အောင်​လည်း​ကောင်း၊ ဇော​ရ​မြို့​မှ​စ၍ ဟော​ရ​နိမ်​မြို့ တိုင်​အောင်​လည်း​ကောင်း သုံး​နှစ်​အ​သက်​ရှိ​သော နွား​မ​မြည်​သံ​ကဲ့​သို့ အ​သံ​ကို လွှင့်​ကြ၏။ အ​ကြောင်း​မူ​ကား၊ နိ​မ​ရိမ် ရေ​ကန်​တို့​သည်​လည်း ဆိတ်​ညံ​လျက်​ရှိ​ကြ၏။

တောင်​ပြည်​နှင့်​တ​ကွ ဇော​ရ​မြို့​တိုင်​အောင် စွန်​ပ​လွံ​မြို့​တည်း​ဟူ​သော ယေ​ရိ​ခေါ​မြို့​တည်​သော​ချိုင့်​နှင့် လွင်​ပြင်​တို့​ကို ပြ​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ