Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 18:8

Judson Bible

ထို​နောက်၊ နို့​နှင့် နို့​ဓမ်း​ကို​လည်း​ကောင်း၊ ပြင်​ဆင်​သော နွား​သ​ငယ်​ကို​လည်း​ကောင်း​ယူ၍၊ ထို​သူ​တို့​ရှေ့၌​ထည့်​ပြီး​လျှင်၊ သစ်​ပင်​အောက်၊ သူ​တို့​အ​နား​မှာ​ရပ်​နေ၍၊ သူ​တို့​သည်​စား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန်​နွား​စု​သို့​ပြေး၍ နု​ထွား​ကောင်း​မွန်​သော​နွား​သ​ငယ်​ကို​ယူ​ခဲ့၍၊ လု​လင်၌​အပ်​သ​ဖြင့် မြန်​မြန်​ပြင်​ဆင်​စေ၏။

ပြီး​သော​အ​ခါ၊ သင်၏​မ​ယား​စာ​ရာ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု​မေး​ကြ​လျှင်၊ တဲ​အ​တွင်း၌​ရှိ​ပါ​သည်​ဟု ပြန်​ပြော၏။

ကျပ်​ကျပ်​သွေး​ဆောင်​သော​ကြောင့် တစ်​ဖန်​လော​တ​နေ​ရာ​သို့​လှည့်၍၊ သူ၏​အိမ်​သို့​ဝင်​ကြ၏။ လော​တ​လည်း၊ သူ​တို့​အ​ဖို့​ပွဲ​လုပ်၍၊ တ​ဆေး​မ​ပါ​သော​မုန့်​ကို​ပေါင်း​ပြီး​မှ၊ သူ​တို့​သည်​စား​ကြ​၏။

ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​သား​တို့​သည် အ​မှု​တော်​ကို စောင့်​လျက်​နေ​သော​ကြောင့်၊ ယု​ဒ​အ​မျိုး​သား​တို့​သည် အား​ရ​ဝမ်း​မြောက်​ကြ​သည်​ဖြစ်၍၊ ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​သား​ခံ​အပ်​သော ပူ​ဇော်​သ​ကာ၊ အ​ဦး​သီး​သော​အ​သီး၊ ဆယ်​ဖို့​တစ်​ဖို့​ကို မြို့​နယ်​ကျေး​လက်​ထဲ​က သိမ်း​ယူ၍၊ သို​ထား​စ​ရာ ဘ​ဏ္ဍာ​တိုက်​များ​ကို အုပ်​ရ​သော​တိုက်​စိုး​တို့​ကို ခန့်​ထား​ကြ၏။

ထို​သူ​သည် မ​ကောင်း​သော​အ​ရာ​ကို​ပယ်၍၊ ကောင်း​သော​အ​ရာ​ကို ရွေး​ယူ​တတ်​သည်​တိုင်​အောင်၊ နို့​ဓမ်း​နှင့်​ပျား​ရည်​ကို စား​ရ​လိမ့်​မည်။

သူ​တို့၌ များ​စွာ​သော နို့​ကို​ရ​သ​ဖြင့် နို့​ဓမ်း​ကို​စား​ရ၏။ ပြည်၌ ကျန်​ကြွင်း​သ​မျှ​သော သူ​တို့​သည် ထော​ပတ်​နှင့်​ပျား​ရည်​ကို​သာ စား​ရ​ကြ​လိမ့်​မည်။

အ​ကြင်​ကျွန်​တို့​သည် စောင့်​လျက်​နေ​သည်​ကို သ​ခင်​သည်​ပြန်​လာ၍ တွေ့၏။ ထို​ကျွန်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ ငါ​အ​မှန်​ဆို​သည်​ကား၊ သ​ခင်​သည် ခါး​ပန်း​စည်း​လျက် ကျွန်​တို့​ကို စား​ပွဲ၌​လျောင်း​စေ​ပြီး​မှ၊ ကိုယ်​တိုင်​လာ၍ သူ​တို့​အား လုပ်​ကျွေး​လိမ့်​မည်။-

ထို​အ​စေ​အ​ပါ​ကို၊ ငါ​စား​စ​ရာ​ဖို့ ပြင်​လော့။ ငါ​စား​သောက်​စဉ်​တွင် ခါး​ကို​စည်း၍ ငါ့​ကို လုပ်​ကျွေး​လော့။ ထို​နောက်​မှ သင်​သည် စား​သောက်​ရ​မည်​ဟု ပြော​မည်​မ​ဟုတ်​လော။-

စား​ပွဲ၌ သူ​တို့​နှင့်​အ​တူ လျောင်း​တော်​မူ​စဉ်၊ မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ သူ​တို့​အား ပေး​တော်​မူ​သည်​တွင်၊-

ကိုယ်​တော်​သည် ယူ၍ သူ​တို့​ရှေ့​မှာ စား​တော်​မူ၏။

ထို​ကြောင့် ထို​သူ​တို့​သည်​ပွဲ​လုပ်​ကြ​သ​ဖြင့် မာ​သ​သည် လုပ်​ကျွေး​မှု​ကို​ဆောင်၍၊ လာ​ဇ​ရု​သည် ကိုယ်​တော်​နှင့်​အ​တူ လျောင်း​သော​သူ​တို့ အ​ဝင်​ဖြစ်၏။-

လူ​အ​ပေါင်း​တို့​အား ထင်​ရှား​စွာ​ပြ​တော်​မ​မူ၊ ဘု​ရား​သ​ခင်​ခန့်​ထား​တော်​မူ​နှင့်​သော သက်​သေ​ခံ​တည်း​ဟူ​သော ငါ​တို့​အား ထင်​ရှား​စွာ ပြ​တော်​မူ၏။ သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​နောက်၊ ထို​သ​ခင်​နှင့်​အ​တူ ငါ​တို့​သည် စား​သောက်​ရ​ကြ၏။-

ညီ​အစ်​ကို​တို့၊ သင်​တို့​သည် လွှတ်​ခြင်း​အ​ခွင့်​ကို ရ​သော​သူ​ဖြစ်​ကြ၏။ သို့​သော်​လည်း ဇာ​တိ​ပ​က​တိ​အား အ​ခွင့်​ကို​ပေး၍၊ ထို​လွှတ်​ခြင်း​ကို မ​သုံး​ကြ​နှင့်။ အ​ချင်း​ချင်း​ချစ်၍ အ​မှု​ချင်း​ကို ဆောင်​ရွက်​ကြ​လော့။-

သိုး​သ​ငယ်​ဆီ​ဥ၊ ဗာ​ရှန်​အ​မျိုး၏​သိုး​ထီး၊ ဆိတ်​ထီး​ဆီ​ဥ၊ ဂျုံ​စ​ပါး၊ ကျောက်​ကပ်​ဆီ​ဥ​နှင့်​တ​ကွ နွား​နို့​ဓမ်း​နှင့် သိုး​နို့​ကို​လည်း​ကောင်း စို့​မည်​အ​ကြောင်း​စီ​ရင်​တော်​မူ၍၊ သင်​သည် စ​ပျစ်​သီး​အ​သွေး​စစ်​ကို သောက်​ရ၏။

ငါ​သည် တံ​ခါး​ရှေ့​မှာ​ရပ်၍ ခေါက်​လျက်​နေ၏။ အ​ကြင်​သူ​သည် ငါ၏​အ​သံ​ကို ကြား၍​တံ​ခါး​ကို​ဖွင့်​အံ့၊ ထို​သူ​ရှိ​ရာ​သို့​ငါ​ဝင်၍ သူ​နှင့်​အ​တူ စား​သောက်​မည်။ သူ​သည်​လည်း ငါ​နှင့်​အ​တူ စား​သောက်​ရ​လိမ့်​မည်။-

မာ​နော်​က​လည်း၊ ကိုယ်​တော်​အ​ဖို့ ဆိတ်​သ​ငယ်​ကို မ​ပြင်​ဆင်​မီ​တိုင်​အောင် ကိုယ်​တော်​ကို ဆီး​တား​ပါ​ရ​စေ​ဟု ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​အား ဆို​လျှင်၊

ထို​သူ​သည် ရေ​ကို​တောင်း၍ ယေ​လ​သည် နို့​ကို​ပေး၏။ မင်း​သုံး​သော ဖ​လား​နှင့် နို့​ဓမ်း​ကို ဆက်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ