Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 18:5

Judson Bible

မုန့်​အ​နည်း​ငယ်​ကို​လည်း​ယူ​ခဲ့​ပါ​မည်။ အ​မော​အ​ပန်း​ပြေ​သော​အ​ခါ သွား​ကြ​ပါ​လော့။ ထို​သို့​သော ကျေး​ဇူး​တော်​ကို​ခံ​စေ​ခြင်း​ငှာ၊ ကိုယ်​တော်​ကျွန်​ရှိ​ရာ​သို့ ရောက်​ပါ​ပြီ​ဟု​ဆို၏။ ထို​သူ​တို့​က​လည်း၊ ပြော​သည်​အ​တိုင်း​ပြု​ပါ​လော့​ဟု ဆို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ​သည်​လည်း၊ တဲ​အ​တွင်း၌​ရှိ​သော စာ​ရာ​ဆီ​သို့ အ​လျင်​အ​မြန်​ဝင်​ပြီး​လျှင်၊ ဂျုံ​မုန့်​ညက်​သုံး​စ​လယ်​ကို အ​သော့​ပြင်၍ နယ်​ပါ။ ပေါင်​မုန့်​ကို​လုပ်​ပါ​ဟု​ဆို​လေ၏။

အ​ကျွန်ုပ်​၌ ယောက်ျား​နှင့်​မ​ဆက်​ဆံ​သော သ​မီး​နှစ်​ယောက်​ရှိ​ပါ၏။ သူ​တို့​ကို သင်​တို့​ထံ​သို့​ထုတ်​ရ​သော​အ​ခွင့်​ကို ပေး​ကြ​ပါ​လော့။ သူ​တို့၌ ပြု​ချင်​သ​မျှ​ပြု​ကြ​ပါ​လော့။ ဤ​လူ​တို့၌ အ​လျှင်း​မ​ပြု​ကြ​ပါ​နှင့်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် အ​ကျွန်ုပ်​အိမ်​မိုး​အ​ရိပ်​ကို​ခို​နေ​ပါ​၏​ဟု တောင်း​ပန်​သော်​လည်း၊

ယာ​ကုပ်​က​လည်း၊ ထို​သို့​မ​ဆို​ပါ​နှင့်။ စိတ်​တော်​နှင့် တွေ့​သည်​မှန်​လျှင်၊ ကျွန်​တော်​ဆက်​သော​လက်​ဆောင်​ကို ခံ​ယူ​တော်​မူ​ပါ။ ဘု​ရား​သ​ခင်၏​မျက်​နှာ​တော်​ကို ဖူး​မြင်​ရ​သ​ကဲ့​သို့၊ ကိုယ်​တော်၏​မျက်​နှာ​ကို ဖူး​မြင်​ရ​ပါ၏။ စိတ်​တော်​သည်​လည်း​နူး​ညွတ်​ပါ၏။

မိန်း​မ​သည်​ရေ​ကို​ယူ​ခြင်း​ငှာ သွား​စဉ်​တွင်၊ တစ်​ဖန်​ဟစ်၍ မုန့်​တစ်​ဖဲ့​ကို​လည်း သင့်​လက်၌ ယူ​ခဲ့​ပါ​လော့​ဟု ဆို​ပြန်​လျှင်၊

စ​ပျစ်​ရည်​သည်​လည်း လူ​တို့​ကို ရွှင်​လန်း​စေ၏။ ဆီ​အား​ဖြင့်​လည်း သူ​တို့​မျက်​နှာ​ကို ပြောင်​စေ​တော်​မူ၏။ မုန့်​သည်​လည်း၊ သူ​တို့​နှ​လုံး​ကို​ထောက်​မ၏။

အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မုန့်​အ​ထောက်​အ​ပင့်​နှင့် ရေ​အ​ထောက်​အ​ပင့် ရှိ​သ​မျှ​မှ​စ၍၊ ခပ်​သိမ်း​သော အ​ထောက်​အ​ပင့်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​နှင့် ယု​ဒ​ပြည်​မှ ပယ်​ရှား​တော်​မူ၏။

အ​သက်​မွေး​လောက်​သော​အ​စာ​ကို အ​ကျွန်ုပ်​တို့​အား ယ​နေ့ ပေး​သ​နား​တော်​မူ​ပါ။-

မာ​နော်​က​လည်း၊ ကိုယ်​တော်​အ​ဖို့ ဆိတ်​သ​ငယ်​ကို မ​ပြင်​ဆင်​မီ​တိုင်​အောင် ကိုယ်​တော်​ကို ဆီး​တား​ပါ​ရ​စေ​ဟု ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​အား ဆို​လျှင်၊

ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​က၊ ငါ့​ကို ဆီး​တား​သော်​လည်း သင်၏​စား​စ​ရာ​ကို ငါ​မ​စား။ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​လို​လျှင် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​မည်​ဟု မာ​နော်​အား ဆို​ပြန်၏။ သူ​သည် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​ဖြစ်​သည်​ကို မာ​နော် မ​သိ​သေး။

စ​တု​တ္တ​နေ့​ရက် နံ​နက်​စော​စော​ထ၍ ထွက်​သွား​အံ့​သော​ငှာ ပြင်​ဆင်​သော​အ​ခါ၊ ယော​က္ခ​မ​က၊ မုန့်​အ​နည်း​ငယ်​ကို​စား၍ အား​ဖြည့်​ပြီး​မှ သွား​ကြ​ပါ​ဟု သ​မက်​အား ဆို​သည်​အ​တိုင်း၊

အ​ကျွန်ုပ်​သည် တစ်​ဖန်​လာ​ပြန်၍၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ဆောင်​ခဲ့​သ​ဖြင့်၊ ကိုယ်​တော်​ရှေ့၌ မ​တင်​မီ​တိုင်​အောင်၊ ဤ​အ​ရပ်​က ကြွ​သွား​တော်​မ​မူ​ပါ​နှင့်​ဟု တောင်း​ပန်​လျှင်၊ သင်​သည် ပြန်၍ မ​လာ​မီ​တိုင်​အောင် ငါ​နေ​မည်​ဟု မိန့်​တော်​မူ၏။

ဂိ​ဒေါင်​သည် သွား၍ ဆိတ်​သ​ငယ်​တစ်​ကောင်​ကို​လည်း​ကောင်း၊ မုန့်​ညက်​တစ်​ဧ​ဖာ​နှင့် လုပ်​သော တ​ဆေး​မဲ့​မုန့်​ပြား​တို့​ကို​လည်း​ကောင်း ပြင်​ဆင်​လေ၏။ ဆိတ်​သား​ကို တောင်း၌​ထည့်၍၊ ဆိတ်​သား​ပြုတ်​ရည်​ကို အိုး၌​လောင်း​ပြီး​မှ၊ ကောင်း​ကင်​တ​မန်​ရှိ​ရာ သ​ပိတ်​ပင်​အောက်​သို့ ဆောင်​ခဲ့၍ ဆက်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ