Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 18:31

Judson Bible

တစ်​ဖန်​တုံ၊ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို ယ​ခု​လျှောက်​မည်​ဟု အား​ထုတ်​ပါ၏။ ထို​မြို့၌ နှစ်​ဆယ်​ကို​တွေ့​ကောင်း​တွေ့​တော်​မူ​လိမ့်​မည်​ဟု လျှောက်​ဆို​ပြန်​လျှင်၊ နှစ်​ဆယ်​အ​တွက် ငါ​မ​ဖျက်​ဆီး​ဘဲ​နေ​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန်​အာ​ဗြ​ဟံ​က၊ အ​ကျွန်ုပ်​သည်​မြေ​မှုန့်​နှင့် ပြာ​သက်​သက်​ဖြစ်​သော်​လည်း၊ ဘု​ရား​ရှင်​ကို​ယ​ခု​လျှောက်​မည်​ဟု အား​ထုတ်​ပါ၏။

တစ်​ဖန်​တုံ၊ အို​ဘု​ရား​ရှင်၊ စိတ်​ရှိ​တော်​မ​မူ​ပါ​နှင့်၊ အ​ကျွန်ုပ်​လျှောက်​ပါ​ရ​စေ။ ထို​မြို့၌​သုံး​ဆယ်​ကို တွေ့​ကောင်း​တွေ့​တော်​မူ​လိမ့်​မည်​ဟု လျှောက်​ဆို​ပြန်​လျှင်၊ ထို​မြို့၌ သုံး​ဆယ်​ကို​ငါ​တွေ့​လျှင်၊ ငါ​မ​ပြု​ဟု​မိန့်​တော်​မူ၏။

အို​ဘု​ရား​ရှင်၊ စိတ်​ရှိ​တော်​မ​မူ​ပါ​နှင့်။ သည်​တစ်​ကြိမ် အ​ကျွန်ုပ်​လျှောက်​ပါ​ရ​စေ​ဦး။ ထို​မြို့၌​တစ်​ဆယ်​ကို တွေ့​ကောင်း​တွေ့​တော်​မူ​လိမ့်​မည်​ဟု လျှောက်​ဆို​ပြန်​လျှင်၊ တစ်​ဆယ်​အ​တွက် ငါ​မ​ဖျက်​ဆီး​ဘဲ​နေ​မည်​ဟု မိန့်​တော်​မူ၏။

သင်​တို့​သည် အ​ဆိုး​ဖြစ်​လျက်​ပင် ကိုယ်​သား​တို့​အား ကောင်း​သော​အ​ရာ​ကို ပေး​တတ်​လျှင်၊ ထို​မျှ​မ​က ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် ဆု​တောင်း​သော​သူ​တို့​အား ကောင်း​သော​အ​ရာ​ကို​သာ၍ ပေး​တော်​မူ​မည် မ​ဟုတ်​လော။-

တောင်း​ကြ​လော့။ တောင်း​လျှင်​ရ​မည်။ ရှာ​ကြ​လော့။ ရှာ​လျှင်​တွေ့​မည်။ တံ​ခါး​ကို​ခေါက်​ကြ​လော့။ ခေါက်​လျှင်​ဖွင့်​မည်။-

ငါ​ဆို​သည်​ကား၊ အ​ဆွေ​ခင်​ပွန်း​ဖြစ်​သည်​ကို​ထောက်၍ မ​ထ၊ မ​ပေး​သော်​လည်း၊ အား​မ​လျော့​ဘဲ တောင်း၍​နေ​သော​ကြောင့် ထ၍​လို​ချင်​သ​မျှ​ကို ပေး​လိမ့်​မည်။-

လူ​တို့​သည် အား​မ​လျော့​ဘဲ​ကြိုး​စား၍ ဆု​တောင်း​ရ​မည်​အ​ကြောင်း​ကို ဥ​ပ​မာ​စ​ကား​အား​ဖြင့် မိန့်​တော်​မူ​သည်​ကား၊-

ကာ​လ​အ​စဉ် စိတ်​နှ​လုံး​ပါ​လျက် ဆု​တောင်း ပ​တ္ထ​နာ​ပြု​ခြင်း​အ​မျိုး​မျိုး​တို့​ဖြင့် ဆု​တောင်း​ကြ​လော့။ ထို​သို့ ဆု​တောင်း​ခြင်း​ငှာ အား​မ​လျော့​ဘဲ​လျက်၊ ငါ​မှ​စ၍ သန့်​ရှင်း​သူ အ​ပေါင်း​တို့​အ​ဖို့ ဆု​တောင်း​လျက် စောင့်​ရှောက်​ကြ​လော့။-

ထို​ကြောင့်၊ ငါ​တို့​သည် သ​နား​ခြင်း က​ရု​ဏာ​ကို​လည်း​ကောင်း၊ တော်​လျော်​သော​မ​စ​ခြင်း ကျေး​ဇူး​တော်​ကို​လည်း​ကောင်း ခံ​ရ​မည်​အ​ကြောင်း၊ ရဲ​ရင့်​သော​စိတ်​နှင့် ကျေး​ဇူး​ပ​လ္လင်​တော်​သို့ တိုး​ဝင် ချည်း​ကပ်​ကြ​ကုန်​အံ့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ