Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 18:24

Judson Bible

ထို​မြို့​တွင် ဖြောင့်​မတ်​သော​သူ​ငါး​ဆယ်​ရှိ​လျှင်၊ ဖျက်​ဆီး​တော်​မူ​မည်​လော။ ဖြောင့်​မတ်​သော​သူ ငါး​ဆယ်​ပါ​သော​မြို့​ကို သူ​တို့​အ​တွက်​မ​နှ​မြော​ဘဲ ဖျက်​ဆီး​တော်​မူ​မည်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ အာ​ဗြ​ဟံ​ချဉ်း​ကပ်၍၊ ကိုယ်​တော်​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို၊ မ​တ​ရား​သော​သူ​တို့​နှင့်​တ​ကွ ဖျက်​ဆီး​တော်​မူ​မည်​လော။

ထို​သို့​ပြု၍ ဖြောင့်​မတ်​သော​သူ​တို့​ကို မ​တ​ရား​သော​သူ​တို့​နှင့်​တ​ကွ ကွပ်​မျက်​ခြင်း​အ​မှု​သည် ကိုယ်​တော်​နှင့် ဝေး​ပါ​စေ​သ​တည်း။ ဖြောင့်​မတ်​သော​သူ​တို့​ကို မ​တ​ရား​သော​သူ​တို့​ကဲ့​သို့​ခံ​စေ​သော​အ​မှု​သည် ကိုယ်​တော်​နှင့် ဝေး​ပါ​စေ​သ​တည်း။ မြေ​ကြီး​လုံး​ကို စီ​ရင်​တော်​မူ​သော​သ​ခင်​သည်၊ တ​ရား​သ​ဖြင့် ပြု​တော်​မူ​မည် မ​ဟုတ်​လော​ဟု လျှောက်​ဆို၏။

အို​ဘု​ရား​ရှင်၊ စိတ်​ရှိ​တော်​မ​မူ​ပါ​နှင့်။ သည်​တစ်​ကြိမ် အ​ကျွန်ုပ်​လျှောက်​ပါ​ရ​စေ​ဦး။ ထို​မြို့၌​တစ်​ဆယ်​ကို တွေ့​ကောင်း​တွေ့​တော်​မူ​လိမ့်​မည်​ဟု လျှောက်​ဆို​ပြန်​လျှင်၊ တစ်​ဆယ်​အ​တွက် ငါ​မ​ဖျက်​ဆီး​ဘဲ​နေ​မည်​ဟု မိန့်​တော်​မူ၏။

သင်​ပြု​သော​ဒု​စ​ရိုက်​သည် သင်​နှင့်​တူ​သော လူ​သ​တ္တ​ဝါ​ကို​သာ ထိ​ခိုက်​နိုင်၏။ သင်​ပြု​သော​သု​စ​ရိုက်​သည်​လည်း လူ​သား​တို့၌​သာ ကျေး​ဇူး​ပြု​နိုင်၏။

ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​၌​အ​နည်း​ငယ်​မျှ ကြွင်း​စေ​တော်​မ​မူ​လျှင်၊ ငါ​တို့​သည် သော​ဒုံ​မြို့​ကဲ့​သို့​ဖြစ်​၍ ဂေါ​မော​ရ​မြို့​နှင့် တူ​ကြ​ပြီ။

ယေ​ရု​ရှ​လင်​မြို့​ကို အ​ပြစ်​မှ​ငါ​လွှတ်​မည်​အ​ကြောင်း၊ တ​ရား​သ​ဖြင့်​ကျင့်​သော မြို့​သား၊ သ​စ္စာ​စောင့်​သော မြို့​သား တစ်​စုံ​တစ်​ယောက်​မျှ​ရှိ​လျှင်၊ ထို​သူ​ကို​တွေ့​အံ့​သော​ငှာ၊ မြို့​လမ်း​တို့​၌ တောင်​မြောက်​ပြေး၍၊ ကျယ်​သော​အ​ရပ်​တို့၌ ရှာ​ဖွေ​ကြည့်​ရှု​ကြ​လော့။

ပေါ​လု၊ သင်​သည် မ​စိုး​ရိမ်​နှင့်။ ကဲ​သာ​ဘု​ရင်​ရှေ့​သို့ ရောက်​ရ​မည်။ သင်​နှင့်​အ​တူ ပင်​လယ်​ကူး​သော သူ​အ​ပေါင်း​တို့​ကို ဘု​ရား​သ​ခင်​သည် သင့်​အား​ပေး​တော်​မူ​ပြီ​ဟု ဆို၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ