Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 18:22

Judson Bible

ထို​သူ​တို့​သည် ထို​အ​ရပ်​မှ​မျက်​နှာ​လှည့်၍ သော​ဒုံ​မြို့​သို့​သွား​ကြ၏။ အာ​ဗြ​ဟံ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်​နေ​လျက်​ရှိ​သေး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​လူ​တို့​သည် ထို​အ​ရပ်​က​ထ၍ သော​ဒုံ​မြို့​သို့ မျက်​နှာ​ပြု​လျက်​သွား​ကြ၏။ အာ​ဗြ​ဟံ​သည်​လည်း သူ​တို့​ကို​ပို့​ခြင်း​ငှာ လိုက်​လေ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​ပြု​မည်​အ​မှု​ကို အာ​ဗြ​ဟံ​အား မ​ဖော်​မ​ပြ​ဘဲ ဝှက်​ထား​ရ​မည်​လော။

ကောင်း​ကင်​တ​မန်​နှစ်​ပါး​တို့​သည် ညဉ့်​ဦး​အ​ချိန်၌ သော​ဒုံ​မြို့​သို့ ရောက်​လာ၏။ လော​တ​သည် မြို့​တံ​ခါး​ဝ၌​ထိုင်​လျက် သူ​တို့​ကို​မြင်​လျှင်၊ ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ​ထ၍ မြေ၌​ဦး​ညွှတ်​ချ​လျက်၊

နံ​နက်​စော​စော အာ​ဗြ​ဟံ​သည်​ထ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်​နေ​သော အ​ရပ်​သို့​သွား​ပြီး​လျှင်၊

ထို​အ​ခါ ရွေး​ကောက်​တော်​မူ​သော​မော​ရှေ​သည် အ​မျက်​တော်​ကို​လွှဲ၍၊ ထို​သူ​တို့​ကို ဖျက်​ဆီး​တော်​မ​မူ​စေ​ခြင်း​ငှာ၊ ဖျက်​ဆီး​ရာ​အ​ရပ်၊ ရှေ့​တော်၌​မ​ရပ်​လျှင်၊ သူ​တို့​ကို ဖျက်​ဆီး​မည်​ဟု အ​ကြံ​ရှိ​တော်​မူ၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊ မော​ရှေ​နှင့် ရှ​မွေ​လ​သည် ငါ့​ရှေ့​မှာ​ဆု​တောင်း​သော်​လည်း၊ ဤ​လူ​မျိုး​ကို ငါ​မ​သ​နား။ ငါ့​ထံ​မှ ထွက်​သွား​စေ​ခြင်း​ငှာ​နှင်​ထုတ်​လော့။

ကျေး​ဇူး​ပြု​သော​အ​တွက် အ​ပြစ်​ပေး​သင့်​ပါ​မည်​လော။ သူ​တို့​သည် အ​ကျွန်ုပ်​အ​သက်​ဖို့ တွင်း​ကို တူး​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​သည် သူ​တို့ အ​ကျိုး​အ​လို​ငှာ လျှောက်၍၊ သူ​တို့​မှ​အ​မျက်​တော်​ကို လွှဲ​ခြင်း​ငှာ၊ ရှေ့​တော်၌ ရပ်​နေ​ကြောင်း​ကို အောက်​မေ့​တော်​မူ​ပါ။

ထို​ပြည်​ကို ငါ​မ​ဖျက်​ဆီး​စေ​ခြင်း​ငှာ ကွယ်​ကာ​သော​သူ၊ မြို့​ရိုး​ပျက်​ပေါ်​မှာ​ရပ်၍ ဆီး​တား​သော​သူ တစ်​ယောက်​ကို​မျှ ငါ​ရှာ၍​မ​တွေ့။

သူ​သည်​လည်း သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့် ပြည့်​သ​ဖြင့်၊ ကောင်း​ကင်​သို့ စေ့​စေ့​ကြည့်​မျှော်၍ ဘု​ရား​သ​ခင်၏ ဘုန်း​တော်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်၌ ယေ​ရှု​ရပ်​နေ​သည်​ကို​လည်း​ကောင်း မြင်​လျှင်၊-

ငါ​တို့​သည် ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း၊ လျောက်​ပတ်​စွာ ကျင့်​ခြင်း​အ​မျိုး​မျိုး​ကို​ပြု၍၊ ငြိမ်​ဝပ်​ဆိတ်​ညံ​စွာ နေ​ရ​မည်​အ​ကြောင်း၊ ရှင်​ဘု​ရင်​မှ​စ၍ မင်း​အာ​ဏာ​ရှိ​သော သူ​အ​ပေါင်း​တို့​နှင့် လူ​အ​မျိုး​မျိုး​တို့​အ​ဖို့ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း၊ မေ​တ္တာ​ပို့​ခြင်း၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​ကို ရှေ့​ဦး​စွ​ပြု​စေ​ခြင်း​ငှာ ငါ​တိုက်​တွန်း သွေး​ဆောင်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ