ထိုလူတို့သည် ထိုအရပ်ကထ၍ သောဒုံမြို့သို့ မျက်နှာပြုလျက်သွားကြ၏။ အာဗြဟံသည်လည်း သူတို့ကိုပို့ခြင်းငှာ လိုက်လေ၏။
စာရာကလည်း၊ ကျွန်မမရယ်ပါဟု၊ ကြောက်၍ ငြင်းလေ၏။ မဟုတ်ဘူး။ သင်ရယ်ပြီဟု မိန့်တော်မူ၏။
မျှော်ကြည့်၍၊ မိမိရှေ့မှာ လူသုံးယောက်ရပ်နေကြသည်ကိုမြင်သောအခါ၊ ခရီးဦးကြိုပြုခြင်းငှာ တဲတံခါးဝမှပြေး၍ မြေသို့ဦးညွှတ်ချလျက်၊
ထိုသူတို့သည် ထိုအရပ်မှမျက်နှာလှည့်၍ သောဒုံမြို့သို့သွားကြ၏။ အာဗြဟံမူကား၊ ထာဝရဘုရားရှေ့တော်၌ ရပ်နေလျက်ရှိသေး၏။
ကောင်းကင်တမန်နှစ်ပါးတို့သည် ညဉ့်ဦးအချိန်၌ သောဒုံမြို့သို့ ရောက်လာ၏။ လောတသည် မြို့တံခါးဝ၌ထိုင်လျက် သူတို့ကိုမြင်လျှင်၊ ခရီးဦးကြိုပြုခြင်းငှာထ၍ မြေ၌ဦးညွှတ်ချလျက်၊
အသင်းတော်သည်လမ်း၌ပို့သဖြင့်၊ ပေါလုနှင့် ဗာနဗတို့သည် ဖိနိတ်ပြည်နှင့် ရှမာရိပြည်ကိုလျှောက်သွား၍ တစ်ပါးအမျိုးသားတို့ ပြောင်းလဲခြင်းအကြောင်းအရာကို ကြားပြောသဖြင့်၊ ညီအစ်ကိုအပေါင်းတို့ကို အလွန်ဝမ်းမြောက်စေကြ၏။-
နောက်တစ်ဖန် သူ၏မျက်နှာကို မမြင်ရဟူသော စကားကြောင့် သာ၍ကြေကွဲသောစိတ်နှင့် ပေါလုကို သင်္ဘောသို့ ပို့လိုက်ကြ၏။
ခုနစ်ရက်စေ့သောအခါ တပည့်တော်အပေါင်းတို့သည် သားမယားနှင့်တကွ မြို့ပြင်သို့ ငါတို့ကို ပို့လိုက်ကြ၍ ငါတို့သည်ထွက်သွားပြီးလျှင်၊ ပင်လယ်ကမ်းပေါ်၌ ဒူးထောက်လျက် ဆုတောင်းကြ၏။-
စပါနိပြည်သို့ငါသွားသောအခါ၊ လမ်းခရီး၌ သင်တို့ကို တွေ့မြင်၍ သင်တို့နှင့်အတူပေါင်းဖော်လျက် အတန်အရာ အလိုပြည့်စုံပြီးမှ၊ ထိုပြည်သို့ သင်တို့ ပို့ဆောင်ခြင်းကျေးဇူးကိုခံမည်ဟု မျှော်လင့်၏။-
ထိုသူတို့သည် သင်၏ချစ်ခြင်းမေတ္တာအကြောင်းကို အသင်းတော်ရှေ့၌ သက်သေခံကြ၏။ သင်သည် ထိုသူတို့ကို ဘုရားသခင်၏ အလိုတော်နှင့်အညီ ပို့လိုက်ပြန်လျှင်၊ ကောင်းသောအမှုကို ပြုလိမ့်မည်။-