ထိုကြောင့် စာရာက၊ ငါလည်းအိုပြီ၊ ငါ့သခင်လည်းအိုပြီ၊ သို့ဖြစ်၍ ငါသည် ပျော်မွေ့ခြင်းရှိလိမ့်မည်လောဟုဆိုလျက်၊ တိတ်ဆိတ်စွာရယ်လေ၏။
ထိုအခါအာဗြဟံသည်ပျပ်ဝပ်လျက်၊ အသက်တစ်ရာရှိသောသူသည် သားကိုရလိမ့်မည်လော။ အသက်ကိုးဆယ်ရှိသော စာရာသည်သားကိုဖွားလိမ့်မည်လောဟု ရယ်လျက်၊ စိတ်နှလုံးထဲမှာအောက်မေ့ပြီးလျှင်၊
သင်၏မယားစာရာက၊ အကယ်၍ ငါသည်အိုပြီးမှ၊ သားကိုဖွားလိမ့်မည်လောဟုဆိုလျက်၊ အဘယ်ကြောင့် ရယ်သနည်း။
ဧလိရှဲကလည်း၊ သင်သည် နောင်နှစ်အချိန်အရွယ်စေ့သောအခါ သားကိုဖက်ယမ်းရလိမ့်မည်ဟု ဆိုလျှင်၊ မိန်းမက အိုအရှင်၊ ဘုရားသခင်၏လူ၊ ကိုယ်တော်ကျွန်မကို မုသားမသုံးပါနှင့်ဟု ပြန်ပြော၏။
ထိုအခါ ငါတို့နှုတ်သည် ရယ်ခြင်းနှင့်လည်းကောင်း၊ ငါတို့လျှာသည် သီချင်းဆိုခြင်းနှင့်လည်းကောင်း ပြည့်ဝ၏။ တစ်ပါးအမျိုးသားတို့ကလည်း၊ ထာဝရဘုရားသည် သူတို့အဖို့ ကြီးသောအမှုကိုပြုတော်မူပြီဟု ဆိုကြ၏။
သို့ပြုလျှင် သင်လှသောအဆင်းကို ရှင်ဘုရင်သည် နှစ်လိုစုံမက်တော်မူမည်။ သူသည် သင်၏အရှင်ဖြစ်သောကြောင့် သူ့ကိုကိုးကွယ်လော့။
သို့ရာတွင် သင်တို့သည် အသီးအသီး ကိုယ်ကိုကိုယ် ချစ်သကဲ့သို့ ကိုယ်ခင်ပွန်းကိုချစ်ကြလော့။ မိန်းမသည်လည်း ကိုယ်ခင်ပွန်းကို ရိုသေခြင်းရှိစေလော့။
အာရုဏ်တက်သောအခါ၊ မိန်းမသည်လာ၍ မိမိသခင်နေရာ အိမ်တံခါးရှေ့မှာ မိုးလင်းသည်တိုင်အောင် လဲနေ၏။