Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 18:10

Judson Bible

ထို​သူ​တို့​တွင် တစ်​ပါး​က​လည်း၊ ဖွား​ချိန်​စေ့​သော​အ​ခါ၊ ငါ​သည် သင့်​ဆီ​သို့ ဆက်​ဆက်​ပြန်​လာ​ဦး​မည်။ ထို​အ​ခါ သင်၏​မ​ယား​စာ​ရာ​သည် သား​ကို​ရ​လိမ့်​မည်​ဟု ပြော​ဆို၏။ ထို​သို့​ဆို​သော​သူ၏​နောက်၌ တံ​ခါး​ဝ​အ​နား​မှာ၊ စာ​ရာ​ရှိ​သော​ကြောင့် ထို​စ​ကား​ကို​ကြား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​က၊ သင်၏​အ​မျိုး​အ​နွယ်​ကို မ​ရေ​တွက်​နိုင်​အောင်၊ ငါ​အ​လွန်​များ​ပြား​စေ​မည်​ဟူ၍​လည်း​ကောင်း၊

သူ့​ကို​ငါ​ကောင်း​ချီး​ပေး၍၊ သူ့​အား​ဖြင့်​လည်း သင်​အား​သား​ကို​ပေး​မည်။ အ​ကယ်​စင်​စစ်​သူ့​ကို ကောင်း​ချီး​ပေး၍၊ သူ​သည် လူ​အ​မျိုး​မျိုး​ဖြစ်​လိမ့်​မည်။ သူ၏​အ​မျိုး​အ​နွယ်၌​လည်း၊ အ​ပြည်​ပြည်​သော​ရှင်​ဘု​ရင်​ဖြစ်​ကြ​လိမ့်​မည်​ဟု၊ အာ​ဗြ​ဟံ​အား​မိန့်​တော်​မူ၏။

ဘု​ရား​သ​ခင်​က၊ သင်၏​မ​ယား​စာ​ရာ​သည် သင်​အား​သား​ကို​ဖွား​လိမ့်​မည်။ ထို​သား​ကို​လည်း ဣ​ဇာက်​အ​မည်​ဖြင့်​မှည့်​ရ​မည်။ သူ၌​လည်း​ကောင်း၊ သူ့​နောက်​မှ သူ၏​အ​မျိုး​အ​နွယ်၌​လည်း​ကောင်း ငါ၏​ပ​ဋိ​ညာဉ်​ကို ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ဖြစ်​စေ​မည်။

သို့​သော်​လည်း၊ နောင်​နှစ်၊ ချိန်း​ချက်​သော​အ​ချိန်​တွင်၊ စာ​ရာ​သည် သင်​အား​ဖွား​လ​တ္တံ့​သော​သား​ဣ​ဇာက်၌၊ ငါ၏​ပ​ဋိ​ညာဉ်​ကို ငါ​တည်​စေ​မည်​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊

ပြီး​သော​အ​ခါ၊ သင်၏​မ​ယား​စာ​ရာ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု​မေး​ကြ​လျှင်၊ တဲ​အ​တွင်း၌​ရှိ​ပါ​သည်​ဟု ပြန်​ပြော၏။

ထာ​ဝ​ရ​ဘု​ရား​သည်၊ အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ စာ​ရာ​ကို အ​ကြည့်​အ​ရှု​ကြွ​တော်​မူ၍၊ က​တိ​တော်​ရှိ​သည်​နှင့်​လျော်​စွာ သူ၌​ပြု​တော်​မူ​သ​ဖြင့်၊

စာ​ရာ​သည်​ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍၊ ဘု​ရား​သ​ခင်​အ​မိန့်​တော်​နှင့် ချိန်း​ချက်​သော​အ​ချိန်၌၊ အာ​ဗြ​ဟံ​အ​သက်​ကြီး​သော​အ​ခါ၊ သူ့​အား​သား​ကို​ဖွား​လေ၏။

ကောင်း​ကင်​တ​မန်​က​လည်း၊ ဇာ​ခ​ရိ၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်။ သင်​ပြု​သော​ပ​တ္ထ​နာ​ကို နား​ခံ​တော်​မူ​ပြီ။ သင်၏​ခင်​ပွန်း​ဧ​လိ​ရှ​ဗက်​သည် သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​ကို ယော​ဟန်​အ​မည်​ဖြင့် မှည့်​ရ​မည်။-

ကျွန်​မ၏​သား​သည် ဇာ​တိ​ပ​က​တိ​အား​ဖြင့် ဖွား​သော​သား​ဖြစ်၏။ ကျွန်​မ​ဟုတ်​သော မိန်း​မ၏​သား​သည် က​တိ​တော်​အား​ဖြင့် ဖွား​သော​သား​ဖြစ်၏။-

ညီ​အစ်​ကို​တို့၊ ငါ​တို့​သည် ဣ​ဇာက်​ကဲ့​သို့ က​တိ​တော်​နှင့်​စပ်​ဆိုင်​သော သား​ဖြစ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ