တစ်နေ့ချင်းတွင် အာဗြဟံနှင့် သားဣရှမေလသည် အရေဖျားလှီးမင်္ဂလာကို ခံလေ၏။
ထိုသို့ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ အာဗြံထွက်သွား၍ လောတလည်းလိုက်လေ၏။ အာဗြံသည် ခါရန်မြို့မှထွက်သွားသောအခါ အသက်ခုနစ်ဆယ်ငါးနှစ်ရှိ၏။
သားဣရှမေလသည် အရေဖျားလှီးမင်္ဂလာကိုခံသောအခါ၊ အသက်တစ်ဆယ်သုံးနှစ်ရှိ၏။
သူ၏အိမ်၌ဖွားသောသူ၊ တစ်ပါးအမျိုးသား၌ သူ၏ငွေနှင့်ဝယ်သောသူ၊ သူ၏အိမ်နှင့်ဆိုင်သောယောက်ျားအပေါင်းတို့သည်၊ သူနှင့်အတူ အရေဖျားလှီးမင်္ဂလာကို ခံကြလေ၏။
ပညတ်တော်တို့ကိုစောင့်ခြင်းငှာ မဖင့်မနွှဲ အလျင်အမြန် ပြုပါ၏။