Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 17:23

Judson Bible

အာ​ဗြ​ဟံ​သည်​လည်း၊ သား​ဣ​ရှ​မေ​လ​မှ​စ၍၊ ကိုယ်​အိမ်၌ ဖွား​သော​သူ​အ​ပေါင်း၊ ကိုယ်​ငွေ​နှင့်​ဝယ်​သော​သူ​အ​ပေါင်း​တည်း​ဟူ​သော၊ အာ​ဗြ​ဟံ​အိမ်​နှင့်​ဆိုင်​သော ယောက်ျား​အ​ပေါင်း​တို့​ကို​ယူ၍၊ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သည်​အ​တိုင်း၊ တစ်​နေ့​ချင်း​တွင် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို ပေး​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြံ​သည် မိ​မိ​အစ်​ကို​သား​ကို ဖမ်း​သွား​ကြောင်း​ကို​ကြား​လျှင်၊ မိ​မိ​အိမ်၌​ဖွား၍ သွန်​သင်​သော​လူ​သုံး​ရာ​တစ်​ဆယ်​ရှစ်​ယောက်​တို့​ကို​စီ​ရင်၍၊ ဒန်​မြို့ တိုင်​အောင်​လိုက်​လေ​၏။

တစ်​ဖန်​ဘု​ရား​သ​ခင်​က၊ သို့​ဖြစ်၍ သင်​နှင့်​တ​ကွ​သင့်​နောက်၌ သင်၏​အ​မျိုး​အ​နွယ် အ​စဉ်​အ​ဆက်​တို့​သည်၊ ငါ၏​ပ​ဋိ​ညာဉ်​ကို စောင့်​ရှောက်​ရ​ကြ​မည်။

အ​ကြောင်း​မူ​ကား၊ သူ​သည် မိ​မိ​နောက်၌​ဖြစ်​သော​သား​များ၊ အိမ်​သူ​များ​တို့​အား ပ​ညတ်​မည်​အ​ရာ​ကို ငါ​သိ၏။ သူ​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​လမ်း​သို့​လိုက်၍၊ ဟုတ်​မှန်​ဖြောင့်​မတ်​စွာ ကျင့်​ကြ​လိမ့်​မည်။ သို့​ဖြစ်၍ က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြ​ဟံ၌​ပြု​ရ​သော အ​ခွင့်​ရှိ​လိမ့်​မည်​ဟု အ​ကြံ​တော်​ရှိ၏။

ဟာ​မော်​မင်း​နှင့် သား​တော်​ရှေ​ခင်​ပြော​သော​စ​ကား​ကို၊ မြို့​တံ​ခါး​မှ ထွက်​သော​သူ​အ​ပေါင်း​တို့​သည်​နား​ထောင်၍ ယောက်ျား​ရှိ​သ​မျှ​တို့​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ကြ၏။

ပ​ညတ်​တော်​တို့​ကို​စောင့်​ခြင်း​ငှာ မ​ဖင့်​မ​နွှဲ အ​လျင်​အ​မြန် ပြု​ပါ​၏။

နက်​ဖြန်​နေ့​ကို အ​မှီ​ပြု၍ မ​ဝါ​ကြွား​နှင့်။ တစ်​ရက် အ​တွင်း​တွင် အ​ဘယ်​သို့ ဖြစ်​လိမ့်​မည်​ကို မ​သိ​နိုင်။

ဆောင်​ရွက်​စ​ရာ​အ​မှု​ရှိ​သ​မျှ​ကို ကြိုး​စား​အား​ထုတ်၍ ဆောင်​ရွက်​လော့။ အ​ကြောင်း​မူ​ကား၊ သင်​ယ​ခု​သွား၍ ရောက်​ရ​လ​တ္တံ့​သော​အ​ရပ်​တည်း​ဟူ​သော မ​ရ​ဏ​နိုင်​ငံ၌ လုပ်​ဆောင်​ခြင်း​မ​ရှိ။ ကြံ​စည်​ခြင်း​မ​ရှိ။ သိ​ပ္ပံ​အ​တတ်​မ​ရှိ။ ပ​ညာ​မ​ရှိ​ပါ​တ​ကား။

ပေါ​လု​သည် ထို​သူ​ကို​ခေါ်​ခြင်း​ငှာ အ​လို​ရှိ၍၊ သူ၏​အ​ဘ​သည် ဟေ​လ​သ​လူ​ဖြစ်​သည်​ကို ထို​အ​ရပ်​တို့၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​သည် သိ​သော​ကြောင့်၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို သူ့​အား​ပေး​လေ၏။-

ယေ​ရှု​ခ​ရစ်​ထံ၌ အ​ရေ​ဖျား​လှီး​ခြင်း အ​ကျိုး​မ​ရှိ၊ မ​ခံ​ဘဲ​နေ​ခြင်း​လည်း အ​ကျိုး​မ​ရှိ။ မေ​တ္တာ​အား​ဖြင့် ပြု​ပြင်​တတ်​သော ယုံ​ကြည်​ခြင်း​သာ အ​ကျိုး​ရှိ၏။-

အ​ကြောင်း​မူ​ကား၊ ယေ​ရှု​ခ​ရစ်​ထံ၌ အ​ရေ​ဖျား​လှီး​ခြင်း အ​ကျိုး​မ​ရှိ။ မ​ခံ​ဘဲ​နေ​ခြင်း​လည်း အ​ကျိုး​မ​ရှိ။ သ​တ္တ​ဝါ​သစ်​ဖြစ်​ခြင်း​သာ အ​ကျိုး​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ