Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 17:16

Judson Bible

သူ့​ကို​ငါ​ကောင်း​ချီး​ပေး၍၊ သူ့​အား​ဖြင့်​လည်း သင်​အား​သား​ကို​ပေး​မည်။ အ​ကယ်​စင်​စစ်​သူ့​ကို ကောင်း​ချီး​ပေး၍၊ သူ​သည် လူ​အ​မျိုး​မျိုး​ဖြစ်​လိမ့်​မည်။ သူ၏​အ​မျိုး​အ​နွယ်၌​လည်း၊ အ​ပြည်​ပြည်​သော​ရှင်​ဘု​ရင်​ဖြစ်​ကြ​လိမ့်​မည်​ဟု၊ အာ​ဗြ​ဟံ​အား​မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

အ​ချင်း​တို့၊ များ​ပြား​စွာ​မွေး​ဖွား​ကြ​လော့။ မြေကြီး​ကို ပြည့်​စေ​၍ နိုင်​ကြ​လော့။ ပင်​လယ်​ငါး​တို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ငှက်​တို့​ကို​လည်း​ကောင်း၊ အ​သက်​ရှင်​၍ မြေ​ပေါ်​မှာ လှုပ်​ရှား​တတ်​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း အုပ်​စိုး​ကြ​လော့​ဟု​မိန့်​တော်​မူ​၍၊ သူ​တို့​ကို​ကောင်း​ချီး​ပေး​တော်​မူ​၏။

ငါ​သည် သင့်​ကို လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။ ငါ​ကောင်း​ချီး​ပေး၍ သင်၏​နာ​မ​ကို ကြီး​မြတ်​စေ​မည်။ သင်​သည် ကောင်း​ချီး​ခံ​ရ​သော​သူ​ဖြစ်​လိမ့်​မည်။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော် ရောက်​လာ​သည်​ကား၊ ဤ​သူ​သည် သင်၏​အ​မွေ​ခံ​မ​ဖြစ်​ရ။ သင်၏​ကိုယ်​ထဲ​က​ထွက်​သော​သူ​သည် သင်၏​အ​မွေ​ခံ​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊

တစ်​ဖန်​ဘု​ရား​သ​ခင်​က၊ သင်၏​မ​ယား​စာ​ရဲ​ကို​မူ​ကား၊ စာ​ရဲ​ဟူ​သော အ​မည်​ဖြင့်​မ​ခေါ်​ရ၊ စာ​ရာ​ဟူ​သော​အ​မည်​ဖြင့် ခေါ်​ရ၏။

ဘု​ရား​သ​ခင်​က၊ သင်၏​မ​ယား​စာ​ရာ​သည် သင်​အား​သား​ကို​ဖွား​လိမ့်​မည်။ ထို​သား​ကို​လည်း ဣ​ဇာက်​အ​မည်​ဖြင့်​မှည့်​ရ​မည်။ သူ၌​လည်း​ကောင်း၊ သူ့​နောက်​မှ သူ၏​အ​မျိုး​အ​နွယ်၌​လည်း​ကောင်း ငါ၏​ပ​ဋိ​ညာဉ်​ကို ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ဖြစ်​စေ​မည်။

ငါ​သည် သင့်​ကို​အ​လွန်​ပွား​များ​စေ​မည်။ သင်​အား​ဖြင့် လူ​အ​မျိုး​မျိုး​တို့​ကို ဖြစ်​စေ​မည်။ သင်၏​အ​မျိုး​အ​နွယ်၌​လည်း ရှင်​ဘု​ရင်​ဖြစ်​ရ​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည်၊ အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ စာ​ရာ​ကို အ​ကြည့်​အ​ရှု​ကြွ​တော်​မူ၍၊ က​တိ​တော်​ရှိ​သည်​နှင့်​လျော်​စွာ သူ၌​ပြု​တော်​မူ​သ​ဖြင့်၊

ရေ​ဗ​က္က​ကို​လည်း၊ သင်​သည်​ကျွန်ုပ်​တို့၏​နှ​မ​ဖြစ်၏။ အ​သောင်း​အ​သိန်း​တို့၏​အ​မိ ဖြစ်​ပါ​စေ​သော။ သင်၏​အ​မျိုး​အ​နွယ်​သည် ရန်​သူ​တို့၏ တံ​ခါး​များ​ကို​အ​စိုး​ရ​ပါ​စေ​သော​ဟု ကောင်း​ချီး​ပေး​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၏​ဝမ်း​အ​တွင်း၌ လူ​မျိုး​နှစ်​မျိုး​ရှိ၏။ သင်၏​ဝမ်း​ထဲ​က ခြား​နား​သော​လူ​စု​နှစ်​စု​ကို ဖွား​ရ​လိမ့်​မည်။ လူ​တစ်​မျိုး​သည် တစ်​မျိုး​ထက်​အား​ကြီး​လိမ့်​မည်။ အ​ကြီး​သည်​အ​ငယ်၌ ကျွန်​ခံ​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

တစ်​ဖန်​ဘု​ရား​သ​ခင်​က၊ ငါ​သည်​အ​န​န္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင် ဖြစ်၏။ တိုး​ပွား​များ​ပြား​လော့။ လူ​တစ်​မျိုး​မ​က၊ အ​မျိုး​မျိုး​တို့​သည် သင်၌​ဖြစ်​ကြ​လိမ့်​မည်။ ရှင်​ဘု​ရင်​တို့​သည် သင်၏​အ​မျိုး​အ​နွယ်၌ ဖြစ်​ကြ​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​မျိုး၌ အ​စိုး​ရ​သော​မင်း​ကြီး​မ​ရှိ​မီ၊ ဧ​ဒုံ​ပြည်၌​အ​စိုး​ရ​သော​မင်း​ကြီး​ဟူ​မူ​ကား၊

ရှင်​ဘု​ရင်​တို့​သည် သင်၏​ဘ​ထွေး၊ မိ​ဖု​ရား​တို့​သည် သင့်​ကို မွေး​စား​သော​အ​မိ ဖြစ်​ကြ​လိမ့်​မည်။ သင့်​ရှေ့​မှာ ဦး​ညွှတ်​ပျပ်​ဝပ်၍၊ သင်၏​ခြေ၌ မြေ​မှုန့်​ကို လျက်​ကြ​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ငါ့​ကို မျှော်​လင့်​သော​သူ​တို့​သည် ရှက်​ကြောက်​ခြင်း မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း သင်​သိ​လိမ့်​မည်။

က​တိ​တော်​အ​ချက်​ဟူ​မူ​ကား၊ ယ​ခု​မှ​စ၍ ကာ​လ​အ​ချိန်​စေ့​သော​အ​ခါ၊ ငါ​လာ၍ စာ​ရာ​သည် သား​ကို​ရ​လိမ့်​မည်​ဟု လာ​သ​တည်း။-

ကျွန်​မ၏​သား​သည် ဇာ​တိ​ပ​က​တိ​အား​ဖြင့် ဖွား​သော​သား​ဖြစ်၏။ ကျွန်​မ​ဟုတ်​သော မိန်း​မ၏​သား​သည် က​တိ​တော်​အား​ဖြင့် ဖွား​သော​သား​ဖြစ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ