ကမ္ဘာဦး 17:14Judson Bibleအရေဖျားမလှီး၊ အရေဖျားလှီးမင်္ဂလာကိုမခံသောသားယောက်ျားကို သူ၏အမျိုးမှ ပယ်ရှင်းရ၏။ ထိုသူသည် ငါ့ပဋိညာဉ်ကိုဖျက်လေပြီဟု အာဗြဟံအားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဤလူမျိုး၏ ဘိုးဘေးတို့ကိုလက်ဆွဲ၍ အဲဂုတ္တုပြည်မှ ဆောင်သွားသောအခါ၊ သူတို့၌ ငါပေးသောပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ်တရားသစ်ကို ဣသရေလ အမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသော အချိန်ကာလရောက်လိမ့်မည်။ အရင်ငါပေးဖူးသော ပဋိညာဉ်တရားကို သူတို့သည်ဖျက်၍၊ ငါသည်လည်း သူတို့ကို ရွံရှာ၏။
သင်တို့သည် ငါ့ဘောဇဉ်တည်းဟူသော ဆီဥနှင့်အသွေးကို ပူဇော်သောအခါ၊ ငါ့ဗိမာန်ကိုညစ်ညူးစေခြင်းငှာ၊ အရေဖျားလှီးခြင်းကို မခံသောစိတ်နှင့် အရေဖျားလှီးခြင်းကို မခံသောကိုယ်ရှိသော တစ်ပါးအမျိုးသားတို့ကို ငါ၏သန့်ရှင်းရာဌာနထဲသို့ သွင်း၍နေရာချသဖြင့်၊ စက်ဆုပ်ရွံရှာဖွယ်သော အမှုများကိုပြုမိသည်ဖြစ်၍၊ ရောင့်ရဲသောစိတ်ရှိကြလော့။ စက်ဆုပ်ရွံရှာဖွယ်သောအမှုများအားဖြင့် ငါ့ပဋိညာဉ်ကို ဖျက်ကြပြီ။