Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 17:10

Judson Bible

သင်​နှင့်​တ​ကွ သင့်​နောက်၌ သင်၏​အ​မျိုး​အ​နွယ်​သည်၊ ငါ့​ရှေ့​မှာ​စောင့်​ရှောက်​ရ​သော ငါ၏​ပ​ဋိ​ညာဉ်​ဟူ​မူ​ကား၊ သင်​တို့​တွင် သား​ယောက်ျား​တိုင်း အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

29 ပူးပေါင်းရင်းမြစ်များ  

အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​သည်၊ ငါ​နှင့် သင်​တို့​ပြု​သော​ပ​ဋိ​ညာဉ်၏ လ​က္ခ​ဏာ​သက်​သေ​ဖြစ်​ရ​လိမ့်​မည်။

အာ​ဗြ​ဟံ​သည်​လည်း၊ သား​ဣ​ရှ​မေ​လ​မှ​စ၍၊ ကိုယ်​အိမ်၌ ဖွား​သော​သူ​အ​ပေါင်း၊ ကိုယ်​ငွေ​နှင့်​ဝယ်​သော​သူ​အ​ပေါင်း​တည်း​ဟူ​သော၊ အာ​ဗြ​ဟံ​အိမ်​နှင့်​ဆိုင်​သော ယောက်ျား​အ​ပေါင်း​တို့​ကို​ယူ၍၊ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သည်​အ​တိုင်း၊ တစ်​နေ့​ချင်း​တွင် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို ပေး​လေ​၏။

သူ၏​အိမ်၌​ဖွား​သော​သူ၊ တစ်​ပါး​အ​မျိုး​သား၌ သူ၏​ငွေ​နှင့်​ဝယ်​သော​သူ၊ သူ၏​အိမ်​နှင့်​ဆိုင်​သော​ယောက်ျား​အ​ပေါင်း​တို့​သည်၊ သူ​နှင့်​အ​တူ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို ခံ​ကြ​လေ​၏။

ဘု​ရား​သ​ခင်​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အာ​ဗြ​ဟံ​သည်​ရှစ်​ရက်​မြောက်​သော​နေ့၌၊ သား​ဣ​ဇာက်​ကို အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ပေး​လေ၏။

သင်​တို့​သည် ကျွန်ုပ်​တို့​ဘာ​သာ​အ​တိုင်း​ပြု၍၊ ယောက်ျား​တိုင်း အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​လျှင်၊ ကျွန်ုပ်​တို့​သည်​ဝန်​ခံ​ကြ​ပါ​မည်။

သို့​ရာ​တွင် သူ​တို့​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​သ​ကဲ့​သို့၊ ငါ​တို့​တွင် ယောက်ျား​တိုင်း အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​မှ​သာ၊ ထို​လူ​တို့​သည်​ငါ​တို့​တွင်​နေ၍ တစ်​မျိုး​တည်း​ဖြစ်​စေ​ခြင်း​ငှာ ဝန်​ခံ​ကြ​လိမ့်​မည်။

သင်​တို့​ထံ​မှာ​တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပ​သ​ခါ​ပွဲ​ကို​ခံ​ခြင်း​ငှာ​အ​လို​ရှိ​လျှင်၊ သူ၌​ရှိ​သော​ယောက်ျား​အ​ပေါင်း​တို့​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ကြ​စေ။ သို့​ပြီး​မှ​ထို​သူ​သည် ပြည်​သား​ကဲ့​သို့​ဖြစ်​သော​ကြောင့်၊ ချဉ်း၍​ထို​ပွဲ​သို့​ဝင်​စေ။ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​မ​ခံ​သော​သူ​မည်​သည်​ကား၊ ထို​ပွဲ၌​ဝင်၍ မ​စား​ရ။

ထို​အ​ခါ၊ ဇိ​ပေါ​ရ​သည် ဓား​ကို​ယူ၍ သား၏​အ​ရေ​ဖျား​ကို​လှီး​ဖြတ်​ပြီး​မှ၊ လင်၏​ခြေ​ရင်း၌​ပျပ်​ဝပ်​လျက်၊ အ​ကယ်​စင်​စစ်​သင်​သည် အ​ကျွန်ုပ်၌ အ​သွေး​နှင့်​ယှဉ်​သော​လင်​ဖြစ်​သည်​ဟု ဆို၏။

အို ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​အ​လို​ငှာ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ၍၊ သင်​တို့​နှ​လုံး​အ​ရေ​ဖျား​ကို လှီး​ဖယ်​ကြ​လော့။ သို့​မ​ဟုတ်၊ သင်​တို့၏​အ​ကျင့် မ​ကောင်း​သော​ကြောင့်၊ ငါ့​အ​မျက်​သည် မီး​ကဲ့​သို့​ထွက်၍၊ အ​ဘယ်​သူ​မျှ မ​ငြိမ်း​နိုင်​အောင် လောင်​လိမ့်​မည်။

မော​ရှေ​သည် အ​ရေ​ဖျား​လှီး​ခြင်း​တ​ရား​ကို သင်​တို့​အား​ပေး၏။ ထို​သို့​ဆို​သော် မော​ရှေ​မှ အ​စ​စွာ​ခံ​ရ​သည်​ဟု မ​ဆို​လို။ ဘိုး​ဘေး​များ​မှ ဆက်​ခံ​ရ​သ​တည်း၊ ထို​ကြောင့် ဥ​ပုသ်​နေ့၌ သင်​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို ပေး​ကြ၏။-

ဘု​ရား​သ​ခင်​သည်​လည်း အ​ရေ​ဖျား​လှီး​ခြင်း​နှင့် ဆိုင်​သော ပ​ဋိ​ညာဉ်​တ​ရား​ကို အာ​ဗြ​ဟံ​အား ပေး​တော်​မူ၏။ ထို​သို့ ဣ​ဇာက်​ကို ဖွား​မြင်၍ ရှစ်​ရက်​မြောက်​သော​နေ့၌ အ​ရေ​ဖျား​လှီး​ခြင်း​ကို​ပေး​လေ၏။ ဣ​ဇာက်​သား ယာ​ကုပ်၊ ယာ​ကုပ်​သား​များ​ကား၊ အ​မျိုး၏ အ​ဘ တစ်​ကျိပ်​နှစ်​ပါး​တည်း။-

အ​ကြောင်း​မူ​ကား၊ အ​ပြင်​အား​ဖြင့်​သာ ယု​ဒ​လူ​ဖြစ်​သော​သူ​သည် ယု​ဒ​လူ​မှန်​မ​ဟုတ်။ အ​ပြင်​အား​ဖြင့်​သာ ကိုယ်​အ​သား၌ အ​ရေ​ဖျား​လှီး​ခြင်း​သည် အ​ရေ​ဖျား​လှီး​ခြင်း အ​မှန်​မ​ဟုတ်။-

ဘု​ရား​သ​ခင်​သည် သည်း​ခံ​တော်​မူ၍၊-

ထို​ကြောင့် လူ​မည်​သည်​ကား၊ ပ​ညတ်​တ​ရား၏ အ​ကျင့်​မ​ရှိ​ဘဲ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​တတ်​သည်​ဟု​ယူ​ရ၏။-

အ​ကြောင်း​မူ​ကား၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​နှင့် မ​ခံ​သော​သူ​နှစ်​ဦး​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​ရာ၌​တည်​စေ​တော်​မူ​သော ဘု​ရား​သ​ခင် တစ်​ဆူ​တည်း​ရှိ​တော်​မူ၏။-

ယေ​ရှု​ခ​ရစ်၌ ယု​ဒ​လူ​မ​ရှိ၊ ဟေ​လ​သ​လူ​မ​ရှိ၊ ကျွန်​မ​ရှိ။ လူ​လွတ်​မ​ရှိ၊ ယောက်ျား​မ​ရှိ၊ မိန်း​မ​မ​ရှိ၊ ထို​သ​ခင်၌ သင်​တို့​အ​ပေါင်း​သည် တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ကြ၏။-

မိ​မိ​တို့​အ​သွေး​အ​ဆင်း တင့်​တယ်​စေ​ချင်​သော သူ​ရှိ​သ​မျှ​တို့​သည် ခ​ရစ်​တော်၏ လက်​ဝါး​ကပ်​တိုင်​ကြောင့် ခံ​ရ​သော​ညှဉ်း​ဆဲ​ခြင်း​နှင့် မိ​မိ​တို့​ကင်း​လွတ်​လို၍၊ သင်​တို့​ကို အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​စေ​ခြင်း​ငှာ အ​နိုင်​အ​ထက် သွေး​ဆောင်​တတ်​ကြ၏။-

ထို​ကြောင့်၊ လက်​ဖြင့် ကိုယ်​ကာ​ယ၌​ပြု​သော ဝေါ​ဟာ​ရ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​တို့ ခေါ်​ဝေါ် သော​အား​ဖြင့်၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​ဟူ၍ ခေါ်​ဝေါ်​ကြ​သော သာ​သ​နာ​ပ​လူ​တို့​အ​ထဲ၌ သင်​တို့​သည် အ​ထက်​က ပ​က​တိ​အ​တိုင်း ဖြစ်​ကြ​သည်​ကို​လည်း​ကောင်း၊-

သို့​ဖြစ်၍ သင်၏​နှ​လုံး​အ​ရေ​ဖျား​ကို လှီး​ဖြတ်​လော့။ နောက်​တစ်​ဖန် ခိုင်​မာ​သော​လည်​ပင်း မ​ရှိ​စေ​နှင့်။

သင်​သည် အ​သက်​ရှင်​မည်​အ​ကြောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ချစ်​စေ​ခြင်း​ငှာ၊ သင့်​နှ​လုံး​နှင့် သင့်​အ​မျိုး၏ နှ​လုံး​အ​ရေ​ဖျား​ကို လှီး​ဖြတ်​တော်​မူ​လိမ့်​မည်။

ငါ​တို့​သည် စိတ်​ဝိ​ညာဉ်​အား​ဖြင့် ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်၍၊ ဇာ​တိ၌​ကိုး​စား​ခြင်း​မ​ရှိ​ဘဲ၊ ယေ​ရှု​ခ​ရစ်၌​သာ ဝါ​ကြွား​ဝမ်း​မြောက်​သော​သူ​ဖြစ်၍၊ မှန်​သော အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​ဖြစ်​ကြ၏။-

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ယော​ရှု​ကို​ခေါ်၍၊ သင်​သည် ကျောက်​ဓား​များ​ကို​လုပ်​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို တစ်​ဖန်​ပေး​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊

ထို​သို့ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို ပေး​ရ​သော​အ​ကြောင်း​ဟူ​မူ​ကား၊ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​လာ​သော စစ်​သူ​ရဲ​ယောက်ျား​အ​ပေါင်း​တို့​သည် တော၌​သေ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ