Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 16:7

Judson Bible

ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် ရှု​ရ​မြို့​သို့​သွား​ရာ​တော​လမ်း၌​ရှိ​သော စမ်း​ရေ​တွင်း​နား​မှာ ဟာ​ဂ​ရ​ကို​တွေ့​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန်​အာ​ဗြ​ဟံ​သည် တောင်​ပြည်​သို့ ခ​ရီး​သွား​သ​ဖြင့်၊ ကာ​ဒေ​ရှ​မြို့​နှင့် ရှု​ရ​မြို့​စပ်​ကြား​မှာ​နေ၍၊ ဂေ​ရာ​မြို့၌​တည်း​ခို၏။

ဘု​ရား​သ​ခင်​သည် လု​လင်၏​အ​သံ​ကို​ကြား​တော်​မူ၍၊ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​က၊ ဟာ​ဂ​ရ၊ သင်၌​အ​ဘယ်​အ​မှု​ရှိ​သ​နည်း။ မ​စိုး​ရိမ်​နှင့်။ လု​လင်​နေ​သော​အ​ရပ်​ထဲ​က သူ၏​အ​သံ​ကို ဘု​ရား​သ​ခင်​ကြား​တော်​မူ​ပြီ။

ထ​လော့။ လု​လင်​ကို​ကြွ၍ လက်​နှင့်​မ​လော့။ ငါ​သည်​သူ့​ကို လူ​မျိုး​ကြီး​ဖြစ်​စေ​မည်​ဟု ကောင်း​ကင်​ထဲ​က​ခေါ်၍ ဟာ​ဂ​ရ​အား​မြွက်​ဆို၏။

ထို​အ​ခါ ဘု​ရား​သ​ခင်​သည် ဟာ​ဂ​ရ၏​မျက်​စိ​ကို​ဖွင့်​တော်​မူ​သ​ဖြင့်၊ သူ​သည်​ရေ​တွင်း​ကို​မြင်​လေ​သော်၊ သွား၍​ဘူး​ကို ရေ​ဖြည့်​ပြီး​လျှင်၊ လု​လင်​အား ရေ​ကို​တိုက်​လေ၏။

ထို​အ​ခါ၊ ထာ​ဝရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​က၊ အာ​ဗြ​ဟံ၊ အာ​ဗြ​ဟံ​ဟု ကောင်း​ကင်​ပေါ်​က​ခေါ်​လေ၏။ အာ​ဗြ​ဟံ​က၊ အ​ကျွန်ုပ်​ရှိ​ပါ၏​ဟု​လျှောက်​လျှင်၊

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် ကောင်း​ကင်​ပေါ်​က အာ​ဗြ​ဟံ​ကို​ခေါ်​လျက်၊

ငါ့​အ​ဘ၏​အိမ်​မှ​လည်း​ကောင်း၊ ငါ့​အ​မျိုး​သား​နေ​ရာ​ပြည်​မှ​လည်း​ကောင်း ငါ့​ကို​ခေါ်၍၊ သင်၏​အ​မျိုး​အ​နွယ်​အား ဤ​ပြည်​ကို​ငါ​ပေး​မည်​ဟု၊ ငါ့​အား​ဗျာ​ဒိတ်​တော်​ပေး၍ ကျိန်​ဆို​တော်​မူ​သော ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ မိ​မိ​ကောင်း​ကင်​တ​မန်​ကို သင့်​ရှေ့၌​စေ​လွှတ်​တော်​မူ​သ​ဖြင့်၊ သင်​သည်​ထို​ပြည်​မှ ငါ့​သား​ဖို့ မ​ယား​ကို​ယူ​ရ​လိမ့်​မည်။

သူ​တို့​သည်​လည်း၊ အာ​ရှု​ရိ​ပြည်​သို့​သွား​ရာ​လမ်း၊ ဟ​ဝိ​လ​မြို့​မှ​စ၍၊ အဲ​ဂု​တ္တု​ပြည်​အ​ရှေ့၊ ရှု​ရ​မြို့​တိုင်​အောင် နေ​ကြ၏။ ထို​သို့ ဣ​ရှ​မေ​လ၏​နေ​ရာ​သည်၊ မိ​မိ​ညီ​အစ်​ကို​အ​ပေါင်း​အ​နား၌ ကျ​သ​တည်း။

ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​က​လည်း၊ ယာ​ကုပ်​ဟု အိပ်​မက်၌ ငါ့​ကို​ခေါ်​လျှင်၊ ကျွန်ုပ်​ရှိ​ပါ၏​ဟု​ငါ​ထူး၏။

ထို​နောက် မော​ရှေ​သည် ဣ​သ​ရေ​လ​လူ​တို့​ကို၊ ဧ​ဒုံ​ပင်​လယ်​မှ​ဆောင်​သွား၍၊ သူ​တို့​သည် ရှု​ရ​တော​သို့​ရောက်​ကြ၏။ ထို​တော​၌ သုံး​ရက်​ခ​ရီး​သွား၍ ရေ​ကို​မ​တွေ့​မ​ရ​ကြ။

ထို​အ​ခါ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​သည် ချုံ​ထဲ​က​ထွက်​သော မီး​လျှံ၌​ထင်​ရှား၏။ မော​ရှေ​သည်​ကြည့်​သော​အ​ခါ၊ မီး​လောင်၍ ချုံ​မ​ကျွမ်း​ဘဲ​ရှိ​သည်​ကို မြင်​လျှင်၊

ထာ​ဝ​ရ​ဘု​ရား၏​မျက်​စိ​တော်​သည် ခပ်​သိမ်း​သော​အ​ရပ်၌​ရှိ၍၊ ကောင်း​မ​ကောင်း​ကို ကြည့်​ရှု​တော်​မူ၏။

ရှော​လု​သည် ဟ​ဝိ​လ​မြို့​မှ​စ၍ အဲ​ဂု​တ္တု​ပြည် တစ်​ဖက်​တစ်​ချက်၌​နေ​သော ရှု​ရ​မြို့​တိုင်​အောင် အာ​မ​လက်​လူ​တို့​ကို လုပ်​ကြံ​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ