Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 16:5

Judson Bible

စာ​ရဲ​က​လည်း အ​ကျွန်ုပ်​ခံ​ရ​သော​အ​ပြစ်​သည် ကိုယ်​တော်​ခေါင်း​ပေါ်၌ တည်​ရှိ​ပါ​စေ။ အ​ကျွန်ုပ်၏​ကျွန်​မ​ကို ကိုယ်​တော်​ရင်​ခွင်၌ အ​ကျွန်ုပ်​အပ်​နှင်း​ပါ​ပြီ။ သူ​သည် ကိုယ်၌​ပ​ဋိ​သ​န္ဓေ​စွဲ​နေ​ကြောင်း​ကို​သိ​လျှင်၊ အ​ကျွန်ုပ်​ကို မ​ထီ​မဲ့​မြင်​ပြု​ပါ​သည်​တ​ကား။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​နှင့် ကိုယ်​တော်​အ​မှု​ကို စီ​ရင်​တော်​မူ​ပါ​စေ​သော​ဟု၊ အာ​ဗြံ​အား​ဆို​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြံ​သည်​လည်း ဟာ​ဂ​ရ​ထံ​သို့​ဝင်၍၊ ဟာ​ဂ​ရ​သည် ပ​ဋိ​သ​န္ဓေ​စွဲ​လေ၏။ ဟာ​ဂ​ရ​သည် မိ​မိ​တွင်​ပ​ဋိ​သ​န္ဓေ​စွဲ​နေ​ကြောင်း​ကို​သိ​လျှင်၊ မိ​မိ​သ​ခင်​မ​ကို မ​ထီ​မဲ့​မြင်​ပြု​လေ၏။

အာ​ဗြ​ဟံ၏​ဘု​ရား​သ​ခင်၊ နာ​ခေါ်၏​ဘု​ရား​သ​ခင်၊ သင့်​အ​ဘ၏​ဘု​ရား​သ​ခင်​သည် ငါ​တို့​စပ်​ကြား၌ စီ​ရင်​တော်​မူ​စေ​သ​တည်း​ဟူ၍​လည်း​ကောင်း၊ ယာ​ကုပ်​အား​ဆို၏။ ယာ​ကုပ်​သည်​လည်း၊ မိ​မိ​အ​ဘ​ကြောက်​ရွံ့​ရာ ဘု​ရား​ကို​တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ကို​ပြု​လေ၏။

ထို​သို့ ယော​ရှ​မင်း​ကြီး​သည် ဇာ​ခ​ရိ​အ​ဘ ယော​ယ​ဒ​ပြု​သော​ကျေး​ဇူး​ကို မ​အောက်​မေ့၊ သား​ကို သတ်​လေ​သည်​တ​ကား။ ဇာ​ခ​ရိ​သေ​သော​အ​ခါ၊ ဤ​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား​သည် ကြည့်​ရှု​စစ်​ကြော​တော်​မူ​မည်​ဟု ဆို၏။

အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်၏​အ​ရှင်၊ အ​ကျွန်ုပ်၌​ရောက်​သော​အ​မှု​ကို စီ​ရင်​တော်​မူ​မည်​အ​ကြောင်း ကိုယ်​ကို​နှိုး​ဆော်၍ ထ​တော်​မူ​ပါ။

အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အ​မှု၌ တ​ရား​ဆုံး​ဖြတ်​တော်​မူ​ပါ။ က​ရု​ဏာ​မ​ရှိ​သော လူ​မျိုး​တစ်​ဖက်​က​နေ၍ အ​ကျွန်ုပ်​အ​မှု​ကို စောင့်​တော်​မူ​ပါ။ သ​စ္စာ​မ​ရှိ၊ မ​တ​ရား​သော​သူ၏​လက်​မှ အ​ကျွန်ုပ်​ကို ကယ်​လွှတ်​တော်​မူ​ပါ။

ထာ​ဝ​ရ​ဘု​ရား​သည် လူ​မျိုး​တို့​ကို တ​ရား​စီ​ရင်​တော်​မူ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ် ဖြောင့်​မတ်​ခြင်း​ကို​လည်း​ကောင်း၊ စုံ​လင်​ခြင်း​ကို​လည်း​ကောင်း​ထောက်၍ အ​ကျွန်ုပ်​အ​မှု​ကို စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ပါ။

ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ကြည့်​ရှု၍ စီ​ရင်​တော်​မူ​ပါ​စေ​သော။ အ​ကြောင်း​မူ​ကား၊ ဖာ​ရော​မင်း​နှင့် အ​မှု​တော်​ထမ်း​အ​ပေါင်း​တို့​သည် ငါ​တို့​ကို ရွံ​ရှာ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​တို့​ကို သတ်​ရ​သော​အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် ပြု​ကြ​ပြီ​တ​ကား​ဟု ဆို​ကြ၏။

ဇိ​အုန်​မြို့​သ​မီး​က၊ ငါ၏​ကိုယ်​နှင့် ငါ၏​အ​သား၌​ပြု​သော​အ​ဓ​မ္မ​အ​မှု​သည် ဗာ​ဗု​လုန်​မြို့​အ​ပေါ်​သို့ ရောက်​ပါ​စေ ဟူ၍​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​က​လည်း၊ ငါ၏​အ​သွေး​သည် ခါ​လ​ဒဲ​ပြည်​သား​တို့​အ​ပေါ်​သို့​ရောက်​ပါ​စေ ဟူ၍​လည်း​ကောင်း ဆို​ရ၏။

သင့်​ကို ငါ​မ​ပြစ်​မှား။ သင်​သည် စစ်​တိုက်၍ ငါ့​ကို ညှဉ်း​ဆဲ၏။ ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သူ​ကြီး​လုပ်၍ ဣ​သ​ရေ​လ​အ​မျိုး​သား၊ အ​မ္မုန်​အ​မျိုး​သား​တို့ စပ်​ကြား​မှာ ယ​နေ့ တ​ရား​စီ​ရင် ဆုံး​ဖြတ်​တော်​မူ​ပါ​စေ​သော​ဟု မှာ​လိုက်​လေ၏။

ထို​သို့​ဒါ​ဝိဒ်​သည် ရှော​လု​အား အ​ကုန်​အ​စင်​လျှောက်​ဆို​ပြီး​မှ၊ ရှော​လု​က ငါ့​သား​ဒါ​ဝိဒ်၊ ငါ​ကြား​သော စ​ကား​သံ​သည် သင့်​စ​ကား​သံ​လော​ဟု​မေး​လျှင် အ​သံ​ကို​လွှင့်၍ ငို​ကြွေး​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ