Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 16:2

Judson Bible

စာ​ရဲ​က၊ အ​ကျွန်ုပ်​အား​သား​ဖွား​ရ​သော​အ​ခွင့်​ကို ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မ​မူ။ အ​ကျွန်ုပ်၏​ကျွန်​မ​ထံ​သို့ ဝင်​ပါ​လော့။ သူ့​အား​ဖြင့် အ​ကျွန်ုပ်​သည် တည်​ဆောက်​ခြင်း ရှိ​ကောင်း​ရှိ​ပါ​လိမ့်​မည်​ဟု အာ​ဗြံ​အား​ပြော​ဆို၍၊ အာ​ဗြံ​သည် စာ​ရဲ၏​စ​ကား​ကို နား​ထောင်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

စာ​ရဲ​မူ​ကား၊ မြုံ​သော​မိန်း​မ​ဖြစ်၍၊ သား​သ​မီး​မ​ရှိ။

သူ့​ကို​ငါ​ကောင်း​ချီး​ပေး၍၊ သူ့​အား​ဖြင့်​လည်း သင်​အား​သား​ကို​ပေး​မည်။ အ​ကယ်​စင်​စစ်​သူ့​ကို ကောင်း​ချီး​ပေး၍၊ သူ​သည် လူ​အ​မျိုး​မျိုး​ဖြစ်​လိမ့်​မည်။ သူ၏​အ​မျိုး​အ​နွယ်၌​လည်း၊ အ​ပြည်​ပြည်​သော​ရှင်​ဘု​ရင်​ဖြစ်​ကြ​လိမ့်​မည်​ဟု၊ အာ​ဗြ​ဟံ​အား​မိန့်​တော်​မူ၏။

ထို​သူ​တို့​တွင် တစ်​ပါး​က​လည်း၊ ဖွား​ချိန်​စေ့​သော​အ​ခါ၊ ငါ​သည် သင့်​ဆီ​သို့ ဆက်​ဆက်​ပြန်​လာ​ဦး​မည်။ ထို​အ​ခါ သင်၏​မ​ယား​စာ​ရာ​သည် သား​ကို​ရ​လိမ့်​မည်​ဟု ပြော​ဆို၏။ ထို​သို့​ဆို​သော​သူ၏​နောက်၌ တံ​ခါး​ဝ​အ​နား​မှာ၊ စာ​ရာ​ရှိ​သော​ကြောင့် ထို​စ​ကား​ကို​ကြား၏။

သ​မီး​အ​ကြီး​က၊ ငါ​တို့​အ​ဘ​အို​ပြီ။ မြေ​ကြီး​သား​အ​ပေါင်း​တို့၏ ဘာ​သာ​အ​တိုင်း၊ ငါ​တို့​ထံ​သို့​ဝင်​ရ​သော ယောက်ျား​တစ်​ယောက်​မျှ မြေ​ပေါ်​မှာ​မ​ရှိ။

အ​ထက်​က အာ​ဗြ​ဟံ၏​မ​ယား​စာ​ရာ​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည်၊ အ​ဘိ​မ​လက်​၏​အိမ်​သူ၊ မိန်း​မ​တစ်​ယောက်​မျှ ပ​ဋိ​သ​န္ဓေ​မ​ယူ​စေ​ခြင်း​ငှာ၊ စီ​ရင်​တော်​မူ​သ​တည်း။

ဣ​ဇာက်​သည်၊ မိ​မိ​မ​ယား​ရေ​ဗ​က္က​မြုံ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို တောင်း​ပန်၍၊ ထာ​ဝ​ရ​ဘု​ရား​နား​ထောင်​တော်​မူ​သ​ဖြင့်၊ သူ၏​မ​ယား​သည် ပ​ဋိ​သ​န္ဓေ စွဲ​ယူ​လေ၏။

လူ​က​လည်း ကျွန်​တော်၌​အပ်​ပေး​တော်​မူ​သော မိန်း​မ​သည် ထို​အ​ပင်၏​အ​သီး​ကို​ပေး၍ ကျွန်​တော်​စား​မိ​ပါ​သည်​ဟု လျှောက်​လေ၏။

ယောက်ျား​ကို​လည်း၊ ထို​အ​ပင်၏​အ​သီး​ကို​မ​စား​ရ​ဟု ငါ​ပ​ညတ်​သော်​လည်း၊ သင်​သည်​မ​ယား၏​စ​ကား​ကို​နား​ထောင်၍ စား​မိ​သော​ကြောင့်၊ မြေ​သည် သင်၏​အ​တွက် ကျိန်​ခြင်း​ကို ခံ​လျက်​ရှိ၏။ မြေ၏​အ​သီး​ကို တစ်​သက်​ပတ်​လုံး ပင်​ပန်း​စွာ စား​ရ​မည်။

ထို​အ​ခါ ဘု​ရား​သ​ခင်​သည် ရာ​ခေ​လ​ကို​အောက်​မေ့​တော်​မူ၏။ သူ၏​စ​ကား​ကို​နား​ထောင်၍၊ သား​ဖွား​သော​အ​ခွင့်​ကို​ပေး​တော်​မူ​သ​ဖြင့်၊

ရာ​ခေ​လ​က၊ ဘု​ရား​သ​ခင်​သည် ငါ့​ဘက်၌​တ​ရား​စီ​ရင်​တော်​မူ​ပြီ။ ငါ့​စ​ကား​ကို​ကြား၍ သား​ကို​ပေး​သ​နား​တော်​မူ​ပြီ​ဟု ဆို​သည်​နှင့်​အ​ညီ၊ ထို​သား​ကို ဒန်​အ​မည်​ဖြင့်​မှည့်​လေ၏။

ဖွား​မြင်​သော သား​သ​မီး​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဆု​ချ၍ ပေး​သ​နား​တော်​မူ​သော အ​မွေ​ဥ​စ္စာ​ဖြစ်​ကြ၏။

သို့​မ​ဟုတ် သ​ခင်​ပေး​စား​သော​မ​ယား​ရှိ၍ ထို​မ​ယား​သည် သား​သ​မီး​ကို​ဖွား​မြင်​လျှင်၊ မ​ယား​နှင့်​သား​သ​မီး​တို့​ကို သ​ခင်​ပိုင်​ရ​မည်။ ကျွန်​မူ​ကား၊ တစ်​ယောက်​တည်း​ထွက်​ရ​မည်။

တံ​ခါး​ဝ၌​ရှိ​သော အ​သက်​ကြီး​သူ​များ၊ လူ​များ​အ​ပေါင်း​တို့​က​လည်း၊ ငါ​တို့​သည် သက်​သေ​ဖြစ်​ကြ၏။ သင့်​အိမ်​သို့​ရောက်​သော ဤ​မိန်း​မ​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို တည်​ထောင်​သော မိန်း​မ​နှစ်​ယောက်၊ ရာ​ခေ​လ​နှင့် လေ​အာ​ကဲ့​သို့ ဖြစ်​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​ပါ​စေ​သော။ သင်​သည်​လည်း ဧ​ဖ​ရတ်​အ​ရပ်၌ အ​စွမ်း​သ​တ္တိ​နှင့်​ပြည့်​စုံ၍ ဗက်​လင်​မြို့၌ အ​သ​ရေ​ကျော်​စော​ခြင်း ရှိ​ပါ​စေ​သော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ