ထိုနောက်၊ ဟာဂရသည်အာဗြံအား သားကိုဖွားမြင်၏။ အာဗြံလည်း ဟာဂရတွင်မြင်သောသားကို ဣရှမေလအမည်ဖြင့် မှည့်လေ၏။
သင်သည်ကိုယ်ဝန်ဆောင်သည်ဖြစ်၍၊ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားကို ဣရှမေလအမည်ဖြင့် မှည့်ရမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သင်၏ဆင်းရဲဒုက္ခကို ကြားသိတော်မူပြီ။
ထိုအကြောင်းကိုအစွဲပြု၍၊ ထိုရေတွင်းကို ဗေရလဟဲရောဟုသမုတ်ကြ၏။ ကာဒေရှမြို့နှင့် ဗေရက်မြို့၏စပ်ကြားမှာရှိသတည်း။
အာဗြံသည်၊ သားဣရှမေလကို ဟာဂရဖွားမြင်သောအခါ၊ အသက်ရှစ်ဆယ်ခြောက်နှစ်ရှိသတည်း။
ဣရှမေလသည် ရှေ့တော်၌အသက်ရှင်ပါစေသောဟု၊ ဘုရားသခင်ကို လျှောက်သောအခါ၊
ဣရှမေလအမှု၌ကား၊ သင်၏စကားကို ငါနားထောင်၏။ သူ့ကို ငါကောင်းချီးပေး၏။ သူ့အနွယ်ကိုတိုးပွားစေ၍ သူ့ကိုအလွန်များပြားစေမည်။ သူသည် မင်းသားဆယ်နှစ်ပါးတို့၏အဘ ဖြစ်လိမ့်မည်။ ကြီးသောလူမျိုးဖြစ်စေခြင်းငှာလည်း ငါပြုမည်။
စာရာ၏ကျွန်မ၊ အဲဂုတ္တုအမျိုးသားဟာဂရဖွားမြင်သော အာဗြဟံသား ဣရှမေလ၏သားစဉ်မြေးဆက်တည်းဟူသော၊
သားဣဇာက်နှင့် ဣရှမေလတို့သည်၊ မံရေမြို့ရှေ့မှာ၊ ဟိတ္တိအမျိုးသား၊ ဇောရသားဧဖရုန်၏လယ်ပြင်တွင်၊ မပ္ပေလမြေတွင်း၌ အဘကိုသင်္ဂြိုဟ်ကြ၏။
ဣရှမေလထံသို့သွား၍ အထက်မယားတို့မှတစ်ပါး၊ အာဗြဟံသား ဣရှမေလသမီး၊ နဗာယုတ်နှမ၊ မဟာလတ်နှင့် တစ်ဖန်အိမ်ထောင်ဖက်ပြုပြန်လေ၏။
ကိုင်ကြ။ ကိုယ်တိုင်မညှဉ်းဆဲဘဲ၊ ဣရှမေလလူတို့အား ရောင်းလိုက်ကြစို့။ သူသည် တို့ညီ၊ တို့အမျိုးဖြစ်၏ဟု အစ်ကိုတို့အားဆိုသည်ရှိသော်၊ ညီအစ်ကိုတို့သည် ဝန်ခံကြ၏။
အာဗြဟံသားကား ဣဇာက်နှင့် ဣရှမေလတည်း။