Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 15:9

Judson Bible

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သုံး​နှစ်​အ​သက်​ရှိ​သော​နွား​မ​တစ်​ကောင်၊ သုံး​နှစ်​အ​သက်​ရှိ​သော​ဆိတ်​မ​တစ်​ကောင်၊ သုံး​နှစ်​အ​သက်​ရှိ​သော​သိုး​ထီး​တစ်​ကောင်၊ ချိုး​တစ်​ကောင်၊ ခို​သ​ငယ်​တစ်​ကောင်​တို့​ကို​ငါ​ဖို့​ယူ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ထို​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​ယူ၍၊ တစ်​ကောင်​တစ်​ကောင်​ကို ထက်​ဝက်​စီ​ခွဲ​ပြီး​လျှင်၊ ခွဲ​သော​အ​သား​တို့​ကို တစ်​ဖက်​တစ်​ချက်၌​ထား​လေ၏။ ငှက်​ကောင်​တို့​ကို​မ​ခွဲ။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ဤ​ပြည်​ကို အ​ကျွန်ုပ်​အ​မွေ​ခံ​ရ​မည်​ကို အ​ဘယ်​သို့​သိ​ရ​ပါ​အံ့​နည်း​ဟု မေး​လျှောက်​လေ၏။

ထို​အ​ခါ အာ​ဗြ​ဟံ​သည်​မျှော်​ကြည့်၍၊ မိ​မိ​နောက်​မှာ ချုံ​ပုတ်၌ ချို​ညှိ​လျက်​ရှိ​သော​သိုး​ကို​မြင်​လေ၏။ ထို​သိုး​ကို​သွား၍​ယူ​ပြီး​လျှင်၊ မိ​မိ​သား​ကိုယ်​စား မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​လေ၏။

ယဇ်​ပူ​ဇော်​သော​အား​ဖြင့်၊ ငါ​နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့​သော ငါ၏​သန့်​ရှင်း​သူ​တို့​ကို ငါ့​ထံ​သို့​စု​ဝေး​စေ​ကြ​ဟု မိန့်​တော်​မူ၏။

မြေ​ကြီး​ပေါ်​မှာ ပန်း​များ​ပွင့်​ကြ​ပြီ။ ငှက်​တို့ မြည်​တွန်​ချိန်​လည်း ရောက်​လေ​ပြီ။ ငါ​တို့​မြေ၌ ချိုး​ငှက် တွန်​သံ​ကို​လည်း ကြား​ရ၏။

ငါ့​နှ​လုံး​သည်​လည်း၊ မော​ဘ​အ​ဖို့ ငို​ကြွေး၏။ ပြေး​သော​သူ​တို့​သည်၊ သုံး​နှစ်​အ​သက်​ရှိ​သော နွား​မ​ကဲ့​သို့ ဇော​ရ​မြို့​တိုင်​အောင် လည်​ကြ၏။ လု​ဟိတ်​တောင်​ပေါ်​သို့ မျက်​ရည်​ကျ​လျက် တက်​ကြ၏။ ဟော​ရ​နိမ်​မြို့​သို့ သွား​သော​လမ်း၌​လည်း ဆုံး​ရှုံး​ခြင်း​အ​သံ​ကို​လွှင့်​ကြ၏။

သိုး၊ ဆိတ်​ကို မီး​ရှို့​ရာ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​ကို​ဆောင်​ခဲ့၍၊

ထာ​ဝ​ရ​ဘု​ရား​အား ငှက်​ကို​မီး​ရှို့​ရာ​ယဇ်​ပြု​လို​လျှင်၊ ခို​ဖြစ်​စေ၊ ချိုး​က​လေး​ဖြစ်​စေ ဆောင်​ခဲ့၍​ဆက်​ရ​မည်။

နွား​ကို မီး​ရှို့​ရာ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​ကို​ဆောင်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား​စိတ်​တော်​နှင့်​တွေ့​ခြင်း​ငှာ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​အ​နား​မှာ​ဆက်​ရ​မည်။

သား​ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ စင်​ကြယ်​စေ​ခြင်း​နေ့​ရက် ကာ​လ​စေ့​သော​အ​ခါ၊ မီး​ရှို့​ရာ​ယဇ်​ဖို့ အ​ခါ​လည်​သော သိုး​သူ​ငယ်​တစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ချိုး​က​လေး​တစ်​ကောင်၊ သို့​မ​ဟုတ် ခို​တစ်​ကောင်​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့၊ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ ဆောင်​ခဲ့​ရ​မည်။

သိုး​သ​ငယ်​ကို​မ​တတ်​နိုင်​လျှင် ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊ မီး​ရှို့​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​တစ်​ကောင်​ကို ဆောင်​ခဲ့၍၊ ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​သ​ဖြင့်၊ သူ​သည်​သန့်​ရှင်း​ရ​လိမ့်​မည်။ ဤ​ရွေ့​ကား၊ သား​ယောက်ျား၊ သား​မိန်း​မ​ကို​ဖွား​မြင်​သော​အ​မိ​နှင့် ဆိုင်​သော​တ​ရား​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။

တတ်​နိုင်​သ​မျှ​အ​တိုင်း၊ ခို​နှစ်​ကောင်၊ သို့​မ​ဟုတ် ချိုး​က​လေး​နှစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့​တစ်​ကောင်​ကို​လည်း​ကောင်း​ယူ၍၊

ထို​သူ​သည် တတ်​နိုင်​သ​မျှ​အ​တိုင်း ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊

နွား​ကို​မိတ်​သ​ဟာ​ယ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​အ​မ တစ်​ကောင်​ကောင်​ကို၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆက်​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​အား သိုး၊ ဆိတ်​ကို၊ မိတ်​သ​ဟာ​ယ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​အ​မ တစ်​ကောင်​ကောင်​ကို​ဆက်​ရ​မည်။

အာ​ရုန်​အား၊ သင်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ အ​ပြစ်​မ​ပါ​သော နွား​သ​ငယ်​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့ အ​ပြစ်​မ​ပါ​သော သိုး​ထီး​တစ်​ကောင်​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ပူ​ဇော်​လော့။

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပူ​ဇော်​သော​မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ ဆီ​နှင့်​ရော​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ယူ​ကြ​လော့။ ယ​နေ့​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ထင်​ရှား​တော်​မူ​မည်​ကို ပြော​လော့​ဟု​ဆို​လေ၏။

ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊ တစ်​ခု​ခု​ကို ပူ​ဇော်​ရ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား၏ ပ​ည​တ္တိ​ကျမ်း လာ​ပြန်​သည်​နှင့်​အ​ညီ ယဇ်​ပူ​ဇော်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ