Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 15:21

Judson Bible

သင်၏​အ​မျိုး​အ​နွယ်​အား ငါ​အပ်​ပေး​ပြီ​ဟု​မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြံ၏​နွား​ကျောင်း​သား၊ လော​တ၏​နွား​ကျောင်း​သား​တို့​သည်​လည်း ခိုက်​ရန်​ပြု​ကြ၏။ ထို​အ​ခါ၊ ခါ​နာန်​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား​တို့​သည် ထို​ပြည်၌​နေ​ကြ​သ​တည်း။

ဟိ​တ္တိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ရေ​ဖိမ်​လူ၊ အာ​မော​ရိ​လူ၊ ခါ​န​နိ​လူ၊ ဂိ​ရ​ဂါ​ရှိ​လူ၊ ယေ​ဗု​သိ​လူ​တို့​ကို​လည်း​ကောင်း၊

အာ​ဗြံ၏​မ​ယား​စာ​ရဲ၌ သား​ဖွား​ခြင်း​မ​ရှိ​သ​ဖြင့်၊ အဲ​ဂု​တ္တု​ပြည်​သူ​ဟာ​ဂ​ရ​အ​မည်​ရှိ​သော ကျွန်​မ​တစ်​ယောက်​ရှိ​သည်​ဖြစ်၍၊

ထို​နောက် ယေ​ဗု​သိ​လူ၊ အာ​မော​ရိ​လူ၊ ဂိ​ရ​ဂါ​ရှိ​လူ၊

အဲ​ဂု​တ္တု​ပြည်၌ ခံ​ရ​သော​ဒု​က္ခ​ထဲ​က သင်​တို့​ကို​ငါ​နုတ်၍၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​နေ​ရာ၊ နို့​နှင့်​ပျား​ရည်​စီး​တတ်​သော ပြည်​သို့​ပို့​ဆောင်​မည် ငါ​က​တိ​ရှိ​သည်​ဟု​မိန့်​တော်​မူ​ပြီ​ဟု သူ​တို့​အား​ပြော​လော့။

သူ​တို့​ကို​အဲ​ဂု​တ္တု​ပြည်၊ အဲ​ဂု​တ္တု​လူ​တို့​လက်​မှ​ကယ်​နုတ်၍၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​နေ​ရာ၊ နို့​နှင့်​ပျား​ရည်​စီး​တတ်​သော ပြည်​သို့​ပို့​ဆောင်​ခြင်း​ငှာ ငါ​ဆင်း​လာ​ပြီ။

ကောင်း​ကင်​တ​မန်​ကို​လည်း သင်​တို့​ရှေ့​သို့​ငါ​စေ​လွှတ်၍၊ သူ​သည် ခါ​န​နိ​လူ၊ အာ​မော​ရိ​လူ၊ ဟိ​တ္တိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​ကို​နှင်​ထုတ်၍၊

ယ​နေ့​ငါ​မှာ​ထား​သော​စ​ကား​ကို မှတ်​လော့။ သင့်​ရှေ့​မှာ အာ​မော​ရိ​လူ၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​ကို ငါ​နှင်​ထုတ်​မည်။

အာ​မ​လက်​အ​မျိုး​သား​တို့​သည် တောင်​ဘက်၌​လည်း​ကောင်း၊ ဟိ​တ္တိ​လူ၊ ယေ​ဗု​သိ​လူ၊ အာ​မော​ရိ​လူ​တို့​သည် တောင်​ရိုး​ပေါ်၌​လည်း​ကောင်း၊ ခါ​နာ​နိ​လူ​တို့​သည် ပင်​လယ်​နား ယော်​ဒန်​မြစ်​နား၌​လည်း​ကောင်း၊ နေ​ကြ​ပါ​သည်​ဟု လျှောက်​ဆို​ကြ၏။

ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အာ​မော​ရိ​ပြည်၌ နေ​ရ​ကြ၏။

မော​ရှေ​သည်​လည်း၊ ယာ​ဇာ​မြို့​ကို​စူး​စမ်း​ခြင်း​ငှာ လူ​ကို​စေ​လွှတ်​ပြီး​လျှင်၊ ထို​မြို့​ရွာ​တို့​ကို​သိမ်း​ယူ၍ အ​ရင်​နေ​သော အာ​မော​ရိ​အ​မျိုး​သား​တို့​ကို နှင်​ထုတ်​ကြ၏။

ကမ်း​တစ်​ဖက်၊ ဂါ​ဒ​ရ​ပြည်​သို့ ရောက်​တော်​မူ​သော​အ​ခါ နတ်​ဆိုး​စွဲ​သော လူ​နှစ်​ယောက်​တို့​သည် ထို​လမ်း​ကို အ​ဘယ်​သူ​မျှ မ​သွား​နိုင်​အောင် အ​လွန်​ကြမ်း​ကြုတ်​စွာ​ပြု​လျက်၊ သင်္ချိုင်း​တ​စ​ပြင်​မှ ထွက်​လာ၍ ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို​ပြု​ပြီး​လျှင်၊-

ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ခါ​န​နိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​သည် မိ​မိ​တို့​ဘု​ရား​များ၌​ပြု​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို သင့်​အား​သွန်​သင်၍၊ သင်​သည် သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မ​ပြစ်​မှား​မည်​အ​ကြောင်း သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​လူ​မျိုး​အ​ပေါင်း​တို့​ကို ရှင်း​ရှင်း​ဖျက်​ဆီး​ရ​မည်။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်​သို့ သင့်​ကို​ဆောင်​သွင်း​လျက်၊ ဟိ​တ္တိ​လူ၊ ဂိ​ရ​ဂါ​ရှိ​လူ၊ အာ​မော​ရိ​လူ၊ ခါ​နာ​နိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တည်း​ဟူ​သော၊ သင့်​ထက်​ကြီး​မြင့်​များ​ပြား​သော လူ​မျိုး​ခု​နစ်​မျိုး​တို့​ကို သင့်​ထံ​က​နှင်​ထုတ်၍၊

အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည် သင်​တို့​တွင်​ရှိ၍၊ သင်​တို့​ရှေ့​မှ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ ဟိ​ဝိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဂိ​ရ​ဂါ​ရှိ​လူ၊ အာ​မော​ရိ​လူ၊ ယေ​ဗု​သိ​လူ​တို့​ကို စင်​စစ်​နှင်​ထုတ်​တော်​မူ​မည်​အ​ကြောင်း​ကို အ​ဘယ်​သို့​သိ​ရ​မည်​နည်း​ဟူ​မူ​ကား၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ