Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 14:8

Judson Bible

ထို​အ​ခါ သော​ဒုံ​မင်း​ကြီး၊ ဂေါ​မော​ရ​မင်း​ကြီး၊ အာ​ဓ​မာ​မင်း​ကြီး၊ ဇေ​ဘိုင်​မင်း​ကြီး၊ ဇော​ရ​တည်း​ဟူ​သော ဗေ​လာ​မင်း​ကြီး​တို့​သည်​ချီ​ထွက်၍၊ စိ​ဒ္ဒိမ်​ချိုင့်၌ စစ်​ပြိုင်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ခါ​နာန်​အ​မျိုး​သား​နေ​ရာ​ပြည်​နယ်​သည် ဇိ​ဒုန်​မြို့​မှ ဂေ​ရာ​မြို့၊ ဂါ​ဇ​မြို့​တိုင်​အောင်​လည်း​ကောင်း၊ တစ်​ဖန်​သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့၊ အာ​ဒ​မာ​မြို့၊ ဇေ​ဘိုင်​မြို့​ကို​လွန်၍ လာ​ရှ​မြို့​တိုင်​အောင်​လည်း​ကောင်း ရှိ​သ​တည်း။

ထို​ကာ​လ​အ​ခါ၊ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ကို ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မ​မူ​မီ၊ ဇော​ရ​မြို့​သို့​သွား​သော​လမ်း၊ ယော်​ဒန်​မြစ်​ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်၌ ရေ​များ၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဥ​ယျာဉ်​တော်​ကဲ့​သို့​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​သည်​ကို၊ လော​တ​မျှော်​ကြည့်၍​မြင်​လျှင်၊

စိ​ဒ္ဒိမ်​ချိုင့်၌ ရေ​ညှိ​အ​ကျိ​အ​ချွဲ​နှင့်​ပြည့်​သော တွင်း​များ​ရှိ​၏။ သော​ဒုံ​မင်း​ကြီး၊ ဂေါ​မော​ရ​မင်း​ကြီး​တို့​သည်​ပြေး၍ ထို​တွင်း​များ၌ ကျ​လေ၏။ ကြွင်း​သော​သူ​တို့​သည် တောင်​သို့​ပြေး​ကြ​၏။

ထို​သို့ ဧ​လံ​မင်း​ကြီး​ခေ​ဒေါ​ရ​လော​မာ၊ ဂေါ​အိမ်​မင်း​ကြီး​တိ​ဒ​လ၊ ရှိ​နာ​မင်း​ကြီး​အံ​ရ​ဖေ​လ၊ ဧ​လာ​သာ​မင်း​ကြီး​အာ​ရုတ်​တည်း​ဟူ​သော၊ မင်း​ကြီး​လေး​ပါး​နှင့်၊ မင်း​ကြီး​ငါး​ပါး​တို့​သည် စစ်​ပြိုင်​ကြ​၏။

ကြည့်​ပါ။ ထို​မြို့​နီး​ပါ၏။ ပြေး​သာ​ပါ၏။ ငယ်​သော​မြို့​လည်း​ဖြစ်​ပါ၏။ ဘေး​လွတ်၍ ထို​အ​ရပ်​သို့​ပြေး​ပါ​ရ​စေ။ ထို​မြို့​သည် ငယ်​သော​မြို့​မ​ဟုတ်​လော။ သို့​ပြေး​လျှင်၊ အ​သက်​ချမ်း​သာ​ရ​ပါ​မည်​ဟု လျှောက်​ဆို​၏။

ဘေး​လွတ်​ခြင်း​ငှာ ထို​မြို့​သို့​အ​လျင်​အ​မြန်​ပြေး​လော့။ ထို​မြို့​သို့​မ​ရောက်​မီ ငါ​သည်​အ​ဘယ်​အ​မှု​ကို​မျှ မ​ပြု​နိုင်​ဟု​ဆို​လေ၏။ ထို​ကြောင့် ထို​မြို့​ကို ဇော​ရ​မြို့​ဟု​သ​မုတ်​ကြ​၏။

အို ဧ​ဖ​ရိမ်၊ ငါ​သည် သင့်​ကို အ​ဘယ်​သို့ စွန့်​နိုင်​မည်​နည်း။ အို ဣ​သ​ရေ​လ၊ သင့်​ကို အ​ဘယ်​သို့ အပ်​နှံ​နိုင်​မည်​နည်း။ သင့်​ကို အာ​ဒ​မာ​မြို့​ကဲ့​သို့ အ​ဘယ်​သို့​ဖြစ်​စေ​နိုင်​မည်​နည်း။ ဇေ​ဘိုင်​မြို့​အ​ရာ၌ အ​ဘယ်​သို့ ခန့်​ထား​နိုင်​မည်​နည်း။ ငါ​သည် နှ​လုံး​ပြောင်း​လဲ၍ အ​လွန် ကြင်​နာ​သော​စိတ်​ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ