တစ်ဖန်ပြန်လာ၍၊ ကာဒေရှပြည်၊ အင်မိရှပတ်မြို့သို့ရောက်ပြီးလျှင်၊ အာမလက်ပြည်ရှိသမျှကိုလည်းကောင်း၊ ဟာဇဇုန္တမာမြို့၌နေသော အာမောရိလူများကိုလည်းကောင်း လုပ်ကြံကြ၏။
ထိုအကြောင်းကိုအစွဲပြု၍၊ ထိုရေတွင်းကို ဗေရလဟဲရောဟုသမုတ်ကြ၏။ ကာဒေရှမြို့နှင့် ဗေရက်မြို့၏စပ်ကြားမှာရှိသတည်း။
တစ်ဖန်အာဗြဟံသည် တောင်ပြည်သို့ ခရီးသွားသဖြင့်၊ ကာဒေရှမြို့နှင့် ရှုရမြို့စပ်ကြားမှာနေ၍၊ ဂေရာမြို့၌တည်းခို၏။
ဧသောသားဧလိဖတ်၏မယားငယ်၊ တိမနဖွားသောသားကား၊ အာမလက်တည်း။ ဤသူတို့သည် ဧသောမယားအာဒ၏အနွယ်ဖြစ်သတည်း။
ဗိုလ်ဂါတံ၊ ဗိုလ်အာမလက်တည်း။ ဤဗိုလ်တို့သည်အာဒ၏အနွယ်၊ ဧဒုံပြည်၌ ဧလိဖတ်ရသောသားဖြစ်သတည်း။
အိုင်ကြီးတစ်ဖက်၊ ဧဒုံပြည်ဘက်က များစွာသော အလုံးအရင်း စစ်ချီလာ၍၊ အင်္ဂေဒိအမည်ရှိသော ဟာဇဇုန္တာမာမြို့မှာ ရှိကြပါသည်ဟု ယောရှဖတ်အား ကြားလျှောက်လျှင်၊
အိုင်နားမှာ တံငါတို့သည်ရပ်၍၊ အင်္ဂေဒိရွာမှစ၍ ဧနေဂလိမ်ရွာတိုင်အောင် ပိုက်ကွန်ဖြန့်ချရာအရပ် ဖြစ်လိမ့်မည်။ ငါးအမျိုးမျိုးတို့သည် မဟာပင်လယ်ငါးကဲ့သို့ အလွန်များပြားကြလိမ့်မည်။
ဂဒ်ခရိုင်တောင်ဘက် အပိုင်းအခြားသည် တာမာမြို့မှစ၍ ကာဒေရှမြို့၊ မေရိဘရေတိုင်အောင်လည်းကောင်း၊ မဟာပင်လယ်ထဲသို့ဝင်သော မြစ်တိုင်အောင်လည်းကောင်း လျှောက်သွားရမည်။
မောရှေနှင့်အာရုန်မှစ၍ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့နေရာ ပါရန်တော၊ ကာဒေရှအရပ်သို့ ရောက်သောအခါ ပရိသတ်အပေါင်းတို့အား သတင်းကြားပြော၍ ထိုပြည်၌သီးသောအသီးကို ပြကြ၏။
အာမလက်အမျိုးသားနှင့် ခါနာန်အမျိုးသားတို့သည် သင်တို့မရောက်မီ ရောက်နှင့်သည်ဖြစ်၍၊ သင်တို့သည် ဓားဖြင့်ဆုံးကြလိမ့်မည်။ ထာဝရဘုရားထံတော်မှ လွှဲသွားသောကြောင့် ထာဝရဘုရားသည် သင်တို့ဘက်၌ နေတော်မမူဟု ဆိုသော်လည်း၊
ထိုအခါတောင်ပေါ်မှာရှိနှင့်သော အာမလက်အမျိုးသားနှင့် ခါနာန်အမျိုးသားတို့သည် ဆင်းလာလျက်၊ ဣသရေလအမျိုးသားတို့ကို တိုက်၍အောင်သဖြင့် ဟောမာမြို့တိုင်အောင် လိုက်ကြလေ၏။
သက္ကရာဇ်လေးဆယ်၊ ပထမလ၌ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည်၊ ဇိနတောသို့ရောက်၍၊ ကာဒေရှအရပ်၌ နေကြ၏။ ထိုအရပ်၌ မိရိအံသေ၍ သင်္ဂြိုဟ်လေ၏။
တစ်ဖန် အာမလက်ပြည်ကိုကြည့်ရှု၍ ပရောဖက်စကားအားဖြင့် မြွက်ဆိုပြန်သည်ကား၊ အာမလက်အမျိုးသည် လူမျိုးတကာတို့ထက် အထွတ်ဖြစ်ဖူးသော်လည်း၊ အဆုံး၌ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်လိမ့်မည်ဟု မြွက်ဆို၏။
ငါတို့သည် ဟောရပ်အရပ်မှထွက်သောနောက်၊ အာမောရိတောင်သို့ သွားသောလမ်းနားမှာ ကြောက်မက်ဖွယ်ဖြစ်၍ သင်တို့တွေ့မြင်သော တောကြီးအလယ်၌၊ ငါတို့ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း လျှောက်သွား၍၊ ကာဒေရှဗာနာအရပ်သို့ ရောက်ကြ၏။
ထိုကြောင့် ကာဒေရှအရပ်၌ အရင်နေသကဲ့သို့ ကြာမြင့်စွာနေပြန်ရကြ၏။
နိဗရှန်မြို့၊ မေလက်မြို့၊ အင်္ဂေဒိမြို့၊ ရွာနှင့်တကွခြောက်မြို့တည်း။