ကမ္ဘာဦး 14:21Judson Bibleသောဒုံမင်းကြီးကလည်း၊ လူတို့ကို ကျွန်ုပ်အားပြန်ပေးပါ။ ဥစ္စာတို့ကိုကား၊ ကိုယ်တိုင်ယူပါလော့ဟု အာဗြံအားပြောဆိုလျှင်၊ အခန်းကိုကြည့်ပါ။ |
အာဗြံက၊ မင်းကြီးသည် အာဗြံကိုငါရတတ်စေပြီဟု ပြောစရာမရှိစေခြင်းငှာ လုလင်တို့သည် စားပြီးသောအရာကိုလည်းကောင်း၊ ကျွန်ုပ်နှင့်အတူလိုက်လာသောသူ၊ အာနေရ၊ ဧရှကောလ၊ မံရေတို့သည် မိမိတို့အဖို့ကိုယူစေခြင်းငှာ အခွင့်ပေးသဖြင့်၊ သူတို့ယူသောအဖို့ကိုလည်းကောင်း ထား၍ မင်းကြီး၏ဥစ္စာ၊ အပ်ခြည်တစ်မျှင်ဖြစ်စေ၊ ခြေနင်းကြိုးတစ်ပင်ဖြစ်စေ၊ တစ်စုံတစ်ခုကိုမျှငါမယူဟု ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသောဘုရားသခင် ထာဝရဘုရားရှေ့တော်၌၊ ကျွန်ုပ်သည်လက်ကိုချီ၍ အဓိဋ္ဌာန်ပြုပါပြီဟု၊ သောဒုံမင်းကြီးအားပြောဆိုလေ၏။