Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 14:13

Judson Bible

ထို​ဘေး​မှ လွတ်၍​ပြေး​သော​သူ​တစ်​ယောက်​သည်၊ ဟေ​ဗြဲ​လူ​အာ​ဗြံ​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​သော​သူ၊ ဧ​ရှ​ကော​လ​နှင့် အာ​နေ​ရ၏​အစ်​ကို အာ​မော​ရိ​လူ မံ​ရေ၏​သ​ပိတ်​တော​နား​မှာ​နေ​သော အာ​ဗြံ​ထံ​သို့​ရောက်၍၊ သ​တင်း​ကြား​ပြော​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ထို​နောက် ယေ​ဗု​သိ​လူ၊ အာ​မော​ရိ​လူ၊ ဂိ​ရ​ဂါ​ရှိ​လူ၊

တစ်​ဖန် အာ​ဗြံ​သည် တဲ​ကို​ပြောင်း​၍၊ ဟေ​ဗြုန်​မြို့၊ မံ​ရေ​သ​ပိတ်​တော​သို့​ရောက်​မှ နေ​ရာ​ကျ၍ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​လေ​၏။

ထာ​ဝ​ရ​ဘု​ရား​သည် မံ​ရေ​သ​ပိတ်​တော​နား​မှာ၊ အာ​ဗြ​ဟံ​အား​ထင်​ရှား​တော်​မူ​သည် အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ နေ​ပူ​သော​အ​ချိန်​တွင် အာ​ဗြ​ဟံ​သည် တဲ​တံ​ခါး​ဝ၌​ထိုင်​လျက်၊

အာ​ဗြ​ဟံ​က​လည်း၊ ထို​အ​တိုင်း​ငါ​ကျိန်​ဆို​ပါ​မည်​ဟု ပြန်​ပြော​လေ၏။

အာ​ဗြ​ဟံ​သည်​လည်း သိုး၊ နွား​တို့​ကို​ယူ​ပြီး​လျှင်၊ အ​ဘိ​မ​လက်​အား​ပေး၍ ထို​နှစ်​ပါး​တို့​သည် ပ​ဋိ​ညာဉ်​ပြု​ကြ၏။

ထို​သို့​ဗေ​ရ​ရှေ​ဘ​အ​ရပ်၌ ပ​ဋိ​ညာဉ်​ပြု​ကြ၏။ အ​ဘိ​မ​လက်​နှင့် ဗိုလ်​ချုပ်​မင်း​ဖိ​ကော​လ​တို့​သည်​ထ၍ ဖိ​လိ​တ္တိ​ပြည်​သို့​ပြန်​ကြ၏။

အိမ်​သား​ယောက်ျား​တို့​ကို​ခေါ်၍၊ သင်​တို့​ကြည့်​ကြ။ ငါ​တို့၌ မ​ရို​မ​သေ​ပြု​စေ​ခြင်း​ငှာ ဤ​ဟေ​ဗြဲ​လူ​ကို သ​ခင်​သွင်း​ထား​ပြီ​တ​ကား။ သူ​သည် ငါ​နှင့်​အ​တူ အိပ်​ခြင်း​ငှာ​ဝင်​လာ၍ ငါ​သည်​ကျယ်​သော​အ​သံ​နှင့် အော်​ဟစ်​ရ၏။

အ​ကယ်​စင်​စစ် ကျွန်ုပ်​ကို ဟေ​ဗြဲ​ပြည်​မှ​ခိုး​ယူ​ခဲ့​ကြ၏။ ဤ​ပြည်​မှာ​လည်း ကျွန်ုပ်၌​အ​ပြစ်​မ​ရှိ​ဘဲ ထောင်​ထဲ​မှာ​လှောင်​ထား​ကြ​သည်​ဟု​ဆို​လေ၏။

ကျွန်​တော်​တို့၌​ကိုယ်​ရံ​တော်​မှူး​၏​ကျွန် ဟေ​ဗြဲ​လု​လင်​တစ်​ယောက်​ရှိ၏။ ထို​သူ​အား​ကျွန်​တော်​တို့​သည် ကြား​ပြော၍ သူ​သည်​အိပ်​မက်၏​အ​နက်​ကို ဖတ်​ပါ၏။ တစ်​ယောက်​စီ​မြင်​မက်​သည်​အ​တိုင်း ဖတ်​ပါ​၏။

ယော​သပ်​ဖို့​တစ်​ပွဲ၊ အစ်​ကို​တို့​ဖို့​တစ်​ပွဲ၊ ယော​သပ်​နှင့်​စား​သော အဲ​ဂု​တ္တု​လူ​တို့​ဖို့​တစ်​ပွဲ အ​သီး​အ​သီး​တို့​ကို​ပြင်​ကြ​၏။ အဲ​ဂု​တ္တု​လူ​တို့​သည် ဟေ​ဗြဲ​လူ​တို့​နှင့်​အ​တူ မ​စား​ရ၊ ထို​အ​မှု​ကို​အဲ​ဂု​တ္တု​လူ​တို့​သည် ရွံ​တတ်​ကြ​၏။

ရှေ​ဘ​အ​မျိုး​သား​တို့​သည် တိုက်​ယူ​သွား​ကြ​ပါ​ပြီ။ လူ​စောင့်​တို့​ကို​လည်း ဓား​နှင့်​သတ်၍ ကျွန်​တော်​တစ်​ယောက်​တည်း ကျန်​ရစ်​လျက်၊ ကိုယ်​တော်​အား သ​တင်း​ကြား​ပြော​ရ​ပါ​သည်​ဟု လျှောက်​လေ၏။

မော​ရှေ​သည်​ကြီး​သော​အ​ခါ၊ မိ​မိ​အ​မျိုး​သား​ချင်း​တို့​ရှိ​ရာ​သို့​သွား၍ သူ​တို့​အ​မှု​ထမ်း​ရ​သော​အ​ခြင်း​အ​ရာ​တို့​ကို ကြည့်​ရှု​လေ၏။ မိ​မိ​အ​မျိုး​သား​ဟေ​ဗြဲ လူ​တစ်​ယောက်​ကို၊ အဲ​ဂု​တ္တု​လူ​ရိုက်​သည်​ကို​မြင်​လျှင်၊

ပု​ခက်​ဖုံး​ကို​ဖွင့်​သော​အ​ခါ၊ ငို​လျက်​နေ​သော​သူ​ငယ်​ကို​မြင်၍၊ သ​နား​သော​စိတ်​ရှိ​လျှင်၊ ဤ​သူ​ငယ်​သည် ဟေ​ဗြဲ​အ​မျိုး​ဖြစ်​လိမ့်​မည်​ဟု​ဆို​ပြီး​သော်၊

သူ​တို့​သည် သင်၏​စ​ကား​ကို​နား​ထောင်၍၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား အ​သက်​ကြီး​သူ​များ​ပါ​လျက်၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ထံ​သို့​ဝင်​သ​ဖြင့်၊ ဟေ​ဗြဲ​လူ​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​နှင့်​တွေ့​တော်​မူ​ပြီ။ အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ခြင်း​ငှာ တော​သို့ သုံး​ရက်​ခ​ရီး​သွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​ရ​မည်။

အ​စေ​ခံ​ရ​သော ဟေ​ဗြဲ​အ​မျိုး ကျွန်​ယောက်ျား မိန်း​မ​တို့​ကို နောက်​တစ်​ဖန် မ​စေ​စား​ဘဲ လွှတ်​စေ​ခြင်း​ငှာ၊ ဇေ​ဒ​ကိ​မင်း​ကြီး​သည် လွှတ်​ခြင်း​တ​ရား​ကို​စီ​ရင်​မည်​ဟု ဝန်​ခံ​ပြီး​သည်​နောက်၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့​ရောက်​လာ၏။

ငါ​သည် ဟေ​ဗြဲ​အ​မျိုး​သား​ဖြစ်၏။ ရေ​မြေ​ကို ဖန်​ဆင်း​တော်​မူ​သော ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​သော​သူ​ဖြစ်၏​ဟု​ဆို​လျှင်၊

ဧ​ရှ​ကော​လ​ချိုင့်​သို့​ရောက်​လျှင် အ​သီး​တစ်​ပြွတ်​ပါ​သော စ​ပျစ်​နွယ်​ပင် အ​ခက်​တစ်​ခက်​ကို​ခုတ်၍ လူ​နှစ်​ယောက်​တို့​သည် ထမ်း​ပိုး​နှင့်​ထမ်း​ကြ၏။ သ​လဲ​သီး၊ သင်္ဘော​သ​ဖန်း​သီး​များ​ကို​လည်း ဆောင်​ခဲ့​ကြ၏။

ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ အာ​မော​ရိ​ရှင်​ဘု​ရင် ရှိ​ဟုန်​မင်း​ထံ​သို့ သံ​တ​မန်​တို့​ကို​စေ​လွှတ်​လျက်၊

သူ​တို့​သည် ဟေ​ဗြဲ​လူ​ဖြစ်​ကြ​သ​လော။ ငါ​သည်​လည်း ဖြစ်၏။ သူ​တို့​သည် ဣ​သ​ရေ​လ​လူ ဖြစ်​ကြ​သ​လော။ ငါ​သည်​လည်း ဖြစ်၏။ သူ​တို့​သည် အာ​ဗြ​ဟံ​အ​မျိုး​ဖြစ်​ကြ​သ​လော။ ငါ​သည်​လည်း ဖြစ်၏။-

ယေ​ရှု​ခ​ရစ်၌​ရှိ​သော ထို​စိတ်​သ​ဘော​ကို သင်​တို့၌​လည်း ရှိ​စေ​ကြ​လော့။-

ဖိ​လိ​တ္တိ​မင်း​တို့​က​လည်း၊ သင်​နှင့်​လိုက်​သော ထို​သူ​တို့​သည် အ​ဘယ်​သူ​နည်း​ဟု​မေး​လျှင်၊ အာ​ခိတ်​မင်း​က၊ ဤ​သူ​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ရှော​လု၏​ကျွန်​ဒါ​ဝိဒ် ဖြစ်​သည်​မ​ဟုတ်​လော။ ကြာ​မြင့်​စွာ ငါ့​ထံ​မှာ​နေ​ပြီ။ ငါ့​ထံ​သို့ ရောက်​သော​နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင် သူ၌​အ​ပြစ်​တင်​စ​ရာ တစ်​စုံ​တစ်​ခု​ကို​မျှ မ​တွေ့​ဟု ဖိ​လိ​တ္တိ​မင်း​တို့​အား ပြော​ဆို​သော်​လည်း၊

ဗင်္ယာ​မိန် အ​မျိုး​သား​တစ်​ယောက်​သည်၊ စစ်​တိုက်​ရာ​ထဲ​က ပြေး​လာ၍၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်​လျက်၊ မိ​မိ​ခေါင်း​ပေါ်​မှာ မြေ​မှုန့်​ကို​တင်​လျက်၊ ထို​နေ့​ချင်း​တွင် ရှိ​လော​မြို့​သို့ ရောက်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ