အောင်သောမင်းတို့သည်၊ သောဒုံမြို့နှင့် ဂေါမောရမြို့၌ ရှိသမျှသောဥစ္စာနှင့် မြို့ရိက္ခာရှိသမျှတို့ကို ယူ၍သွားကြ၏။
အာဗြံသည် မယားစာရဲ၊ အစ်ကိုသားလောတနှင့်၊ ဥစ္စာရတတ်သမျှကိုလည်းကောင်း၊ ခါရန်မြို့၌ရသော လူတို့ကိုလည်းကောင်း၊ ယူပြီးလျှင် ခါနာန်ပြည်သို့ရောက်ခြင်းငှာ၊ ထွက်သွား၍၊ ထိုပြည်သို့ ရောက်ကြ၏။
စိဒ္ဒိမ်ချိုင့်၌ ရေညှိအကျိအချွဲနှင့်ပြည့်သော တွင်းများရှိ၏။ သောဒုံမင်းကြီး၊ ဂေါမောရမင်းကြီးတို့သည်ပြေး၍ ထိုတွင်းများ၌ ကျလေ၏။ ကြွင်းသောသူတို့သည် တောင်သို့ပြေးကြ၏။
သောဒုံမြို့၌နေသော အာဗြံအစ်ကိုသားလောတနှင့် သူ၏ဥစ္စာတို့ကိုလည်း သိမ်းယူ၍သွား၏။
ရန်သူတို့သိမ်းသွားသောဥစ္စာရှိသမျှကိုလည်းကောင်း၊ မိမိအစ်ကိုသားလောတနှင့် သူ၏ဥစ္စာကိုလည်းကောင်း၊ မိန်းမများနှင့်လူများကိုလည်းကောင်း၊ တစ်ဖန်ဆောင်ယူခဲ့လေ၏။
သောဒုံမင်းကြီးကလည်း၊ လူတို့ကို ကျွန်ုပ်အားပြန်ပေးပါ။ ဥစ္စာတို့ကိုကား၊ ကိုယ်တိုင်ယူပါလော့ဟု အာဗြံအားပြောဆိုလျှင်၊
သင့်နွားကို သင့်မျက်မှောက်၌ သတ်၍သေသော်လည်း သင့်ကိုယ်တိုင်မစားရ။ သင့်မြည်းကို သင့်ရှေ့မှောက်၌ အနိုင်အထက်ယူသွားပြီးမှ၊ နောက်တစ်ဖန်ပြန်၍ မပေးရ။ သင့်သိုးတို့ကို သင့်ရန်သူ၌အပ်သောအခါ ကယ်နုတ်သောသူ မပေါ်မရှိရ။
ထာဝရဘုရားသည် သင့်ဒူးနှင့် ခြေထောက်မက၊ ခြေဖဝါးမှစ၍ ဦးခေါင်းထိပ်တိုင်အောင် မပျောက်နိုင်သောအနာစိမ်းဖြင့် ဒဏ်ခတ်တော်မူမည်။
သင်သည် မပျက်စီးမီတိုင်အောင်၊ ထိုရန်သူသည် သင်၏သိုးသငယ်၊ နွားသငယ်၊ မြေအသီးအနှံကို စားရလိမ့်မည်။ သင့်ကို မဖျက်ဆီးမီတိုင်အောင်၊ ဆန်စပါး၊ စပျစ်ရည်၊ ဆီ၊ သိုးနွားအစီးအပွားကို သင့်အဖို့ မချန်မထားရ။