စိဒ္ဒိမ်ချိုင့်၌ ရေညှိအကျိအချွဲနှင့်ပြည့်သော တွင်းများရှိ၏။ သောဒုံမင်းကြီး၊ ဂေါမောရမင်းကြီးတို့သည်ပြေး၍ ထိုတွင်းများ၌ ကျလေ၏။ ကြွင်းသောသူတို့သည် တောင်သို့ပြေးကြ၏။
သူတို့ကလည်း လာကြ။ အုတ်လုပ်၍ ခိုင်မာစွာဖုတ်ကြကုန်အံ့ဟု၊ တစ်ယောက်ကို တစ်ယောက်ပြောကြ၏။ ထိုသို့ ကျောက်အရာ၌အုတ်ကိုလည်းကောင်း၊ သရွတ်အရာ၌ ရေညှိတစ်မျိုးကိုလည်းကောင်းရပြီးလျှင်၊
အောင်သောမင်းတို့သည်၊ သောဒုံမြို့နှင့် ဂေါမောရမြို့၌ ရှိသမျှသောဥစ္စာနှင့် မြို့ရိက္ခာရှိသမျှတို့ကို ယူ၍သွားကြ၏။
ခေဒေါရလောမာနှင့်၊ သူ့ဘက်ကနေသောမင်းကြီးတို့ကို လုပ်ကြံရာမှ အာဗြံပြန်လာသောအခါ၊ သောဒုံမင်းကြီးသည် ခရီးဦးကြိုပြုခြင်းငှာ ရှာဝေချိုင့်တည်းဟူသော မင်းကြီးချိုင့်သို့ထွက်သွား၏။
သောဒုံမင်းကြီးကလည်း၊ လူတို့ကို ကျွန်ုပ်အားပြန်ပေးပါ။ ဥစ္စာတို့ကိုကား၊ ကိုယ်တိုင်ယူပါလော့ဟု အာဗြံအားပြောဆိုလျှင်၊
ထိုပြည်ရှိသမျှတို့သည်၊ သောဒုံအိုင်ဖြစ်သောစိဒ္ဒိမ်ချိုင့်တွင် နီးစပ်လျက်ရှိကြ၏။
ထိုသို့ ဧလံမင်းကြီးခေဒေါရလောမာ၊ ဂေါအိမ်မင်းကြီးတိဒလ၊ ရှိနာမင်းကြီးအံရဖေလ၊ ဧလာသာမင်းကြီးအာရုတ်တည်းဟူသော၊ မင်းကြီးလေးပါးနှင့်၊ မင်းကြီးငါးပါးတို့သည် စစ်ပြိုင်ကြ၏။
ပြင်သို့ရောက်သောအခါ၊ သင်သည်အသက်ချမ်းသာရခြင်းငှာ ပြေးလော့။ နောက်သို့လှည့်၍ မကြည့်နှင့်။ မြေညီသောအရပ်၌ အလျှင်းမနေနှင့်။ တောင်ပေါ်သို့ပြေးလော့။ သို့မဟုတ် ဆုံးလိမ့်မည်ဟု ဆိုလေ၏။
လောတသည် ဇောရမြို့မှထွက်၍၊ သမီးနှစ်ယောက်နှင့်တကွ တောင်ပေါ်မှာနေ၏။ ဇောရမြို့၌မနေဝံ့၍၊ သမီးနှစ်ယောက်နှင့်တကွ ဥမင်၌နေ၏။
ထိုသူတို့သည် အင်္ဒေါရအရပ်၌ဆုံးရှုံး၍၊ မြေပေါ်မှာ နောက်ချေးကဲ့သို့ ဖြစ်ကြပါ၏။
ကြောက်လန့်ဖွယ်သောအရာမှ ပြေးသောသူသည် မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှ လွတ်သောသူသည် ကျော့ကွင်း၌ ကျော့မိလိမ့်မည်။ ကောင်းကင်ပြွန်ဝပွင့်လျက်ရှိ၍၊ မြေကြီးအမြစ်လည်း လှုပ်ရှားလေ၏။
ကြောက်လန့်ဖွယ်သောအရာမှ ပြေးသောသူသည် မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှ လွတ်သောသူသည် ကျော့ကွင်း၌ ကျော့မိလိမ့်မည်။ ဆုံးမခြင်းကိုခံရသောနှစ်ကာလကို မောဘပြည်သို့ ငါရောက်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
ဣသရေလအမျိုးသားတို့သည် လွင်ပြင်၌လည်းကောင်း၊ လိုက်ရှာရာတော၌လည်းကောင်း၊ အာဣမြို့သားအပေါင်းတို့ကိုလုပ်ကြံ၍ ဓားဖြင့် အကုန်အစင်သုတ်သင်ပြီးမှ၊ တစ်ဖန် မြို့သို့ပြန်လာ၍ ဓားဖြင့်လုပ်ကြံကြ၏။