Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 13:9

Judson Bible

မြေ​တစ်​ပြင်​လုံး​သည် သင့်​ရှေ့​မှာ​ရှိ​သည်​မ​ဟုတ်​လော့။ ငါ​နှင့်​ခွာ၍​နေ​ပါ​လော့။ သင်​သည် လက်​ဝဲ​ဘက်​သို့​သွား​လျှင်၊ ငါ​သည်​လက်​ယာ​ဘက်​သို့​သွား​မည်။ သင်​သည် လက်​ယာ​ဘက်​သို့​သွား​လျှင်၊ ငါ​သည် လက်​ဝဲ​ဘက်​သို့​သွား​မည်​ဟု ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​ကာ​လ​အ​ခါ၊ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ကို ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မ​မူ​မီ၊ ဇော​ရ​မြို့​သို့​သွား​သော​လမ်း၊ ယော်​ဒန်​မြစ်​ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်၌ ရေ​များ၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဥ​ယျာဉ်​တော်​ကဲ့​သို့​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​သည်​ကို၊ လော​တ​မျှော်​ကြည့်၍​မြင်​လျှင်၊

အာ​ဗြံ​က​လည်း၊ ငါ​တို့​သည် ညီ​အစ်​ကို​ချင်း​ဖြစ်​လျက်၊ ငါ​နှင့် သင်၌​လည်း​ကောင်း၊ ငါ့​နွား​ကျောင်း​သား​တို့​နှင့်၊ သင့်​နွား​ကျောင်း​သား​တို့၌​လည်း​ကောင်း၊ ခိုက်​ရန်​မ​ရှိ​ပါ​စေ​နှင့်။

အ​ဘိ​မ​လက်​က​လည်း၊ ငါ့​မြေ​သည် သင့်​ရှေ့​မှာ​ရှိ၏။ အ​လို​ရှိ​သည်​အ​တိုင်း နေ​ပါ​ဟု အ​မိန့်​ရှိ​၏။

သင်​တို့​သည်​ငါ​တို့​နှင့်​အ​တူ​နေ၍၊ ဤ​ပြည်၌​အ​ဆီး​အ​တား​မ​ရှိ၊ နေ​ရာ​ချ​လျက်၊ ဖောက်​ကား​ရောင်း​ဝယ်​ခြင်း​ကို​ပြု၍၊ အ​ပိုင်​ယူ​ကြ​လော့​ဟု​ဆို​လေ​၏။

ငါ​သည် ငြိမ်​သက်​ခြင်း​ဘက်​မှာ နေ၏။ ငါ​ပြော​လျှင်​မူ​ကား၊ သူ​တို့​သည် စစ်​တိုက်​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။

ယ​ခု​မှာ သင့်​လက်၌ ချည်​နှောင်​လျက်​ရှိ​သော သံ​ကြိုး​ကို ငါ​ချွတ်​မည်။ ငါ​နှင့်​အ​တူ ဗာ​ဗု​လုန်​မြို့​သို့ လိုက်​လာ​ခြင်း​ငှာ အ​လို​ရှိ​လျှင် လိုက်​လာ​ပါ။ ငါ​သည် ကောင်း​မွန်​စွာ​ကြည့်​ရှု​မည်။ ငါ​နှင့်​အ​တူ ဗာ​ဗု​လုန်​မြို့​သို့​လိုက်​ခြင်း​ငှာ အ​လို​မ​ရှိ​လျှင် မ​လိုက်​နှင့်။ တစ်​ပြည်​လုံး​သည် သင့်​ရှေ့​မှာ​ရှိ၏။ အ​ကြင်​အ​ရပ်​သို့ သွား​ကောင်း​သည်​ဟု စိတ်​ထင်​လျှင်၊ ထို​အ​ရပ်​တည်း​ဟူ​သော စိတ်​ရောက်​ရာ​အ​ရပ်​သို့ သွား​ပါ​လော့​ဟု ဆို၏။

သင်​တို့​သည် တတ်​နိုင်​သ​မျှ​အ​တိုင်း လူ​အ​ပေါင်း​တို့​နှင့် အ​သင့်​အ​တင့်​နေ​ကြ​လော့။-

ထို​သို့​သင်​တို့​သည် အ​ချင်း​ချင်း တ​ရား​တွေ့​သည်​အ​မှု​မှာ အ​လွန်​ကြီး​စွာ​သော အ​ပြစ်​ရှိ​ကြ၏။ တ​ရား​မ​တွေ့​ဘဲ ညှဉ်း​ဆဲ​ခြင်း​ကို အ​ဘယ်​ကြောင့် မ​ခံ​သ​နည်း။-

လူ​အ​ပေါင်း​တို့​နှင့် အ​သင့်​အ​တင့်​နေ၍ ငြိမ်​သက်​ခြင်း​ကို​လည်း​ကောင်း၊ သန့်​ရှင်း​ခြင်း ပါ​ရ​မီ​ကို​လည်း​ကောင်း မီ​အောင်​လိုက်​ကြ​လော့။ သန့်​ရှင်း​ခြင်း​ပါ​ရ​မီ မ​ရှိ​လျှင်၊ အ​ဘယ်​သူ​မျှ ထာ​ဝ​ရ​ဘု​ရား​ကို မ​ဖူး​မ​မြင်​ရ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ