Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 13:4

Judson Bible

ယဇ်​ပ​လ္လင်​ကို​တည်​ခဲ့​ဖူး​သော​အ​ရပ်​သို့ ရောက်​ပြန်​လျှင်၊ ထို​အ​ရပ်​တွင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန် အာ​ဗြံ​သည် တဲ​ကို​ပြောင်း​၍၊ ဟေ​ဗြုန်​မြို့၊ မံ​ရေ​သ​ပိတ်​တော​သို့​ရောက်​မှ နေ​ရာ​ကျ၍ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​လေ​၏။

ထို​အ​ရပ်၌ ယဇ်​ပ​လ္လင်​ကို​တည်၍၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို​ပ​တ္ထ​နာ​ပြု၏။ တဲ​ကို​လည်း​တည်​ဆောက်၍၊ ကျွန်​တို့​သည် ရေ​တွင်း​ကို​တူး​ကြ၏။

ရှေ​သ​သည်​လည်း သား​ကို​ရ​၍ ဧ​နုတ်​ဟူ​သော​အ​မည်​ဖြင့် မှည့်​လေ၏။ ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို​အ​မှီ​ပြု၍ ကိုး​ကွယ်​စ​ပြု​ကြ​လေ​၏၊

ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။

လူ​သား​တို့၌ ပြု​တော်​မူ​သော က​ရု​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ထောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​ကို ချီး​မွမ်း​ကြ​စေ။

လူ​သား​တို့၌​ပြု​တော်​မူ​သော က​ရု​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ထောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ။

ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ယဇ်​ကို ရှေ့​တော်၌ ပူ​ဇော်၍၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​မည်။

ငါ့​ဘက်​သို့ နား​တော်​ကို လှည့်​တော်​မူ​သော​ကြောင့်၊ ငါ​နှစ်​သက်၏။ ငါ​အ​သက်​ရှည်​သ​မျှ ကာ​လ​ပတ်​လုံး၊ ထာ​ဝ​ရ​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် ပ​တ္ထ​နာ​ပြု​သော​သူ​အ​ပေါင်း၊ သ​စ္စာ​နှင့်​တ​ကွ ပ​တ္ထ​နာ​ပြု​သော​သူ​အ​ပေါင်း​တို့၏​အ​နီး​အ​ပါး၌ ရှိ​တော်​မူ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ အိမ်​တော်​တည်​ရာ​ကို​လည်း​ကောင်း၊ ဘုန်း​တော်​ထင်​ရှား​သော အ​ရပ်​ဌာ​န​ကို​လည်း​ကောင်း အ​ကျွန်ုပ်​နှစ်​သက်​ပါ၏။

တံ​တိုင်း​တော်​တို့​အ​တွင်း၌ နေ​သော​တစ်​ရက်​သည် အ​ခြား​အ​ရပ်၌​နေ​သော အ​ရက်​တစ်​ထောင်​ထက် သာ၍​ကောင်း​ပါ၏။ မ​တ​ရား​သော​သူ၏​နေ​ရာ၌ နေ​ရ​သော​အ​ခွင့်​ထက်၊ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင့်​အိမ်​တော်၌ တံ​ခါး​စောင့်​အ​ရာ​ကို အ​ကျွန်ုပ်​သာ၍ နှစ်​သက်​ပါ၏။

သို့​ပြု​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​ခေါ်​သော​အ​ခါ ထူး​တော်​မူ​လိမ့်​မည်။ အော်​ဟစ်​သော​အ​ခါ၊ ငါ​ရှိ​သည်​ဟု မိန့်​တော်​မူ​လိမ့်​မည်။ သင်​သည် သင်၏​အ​ထဲ​က ထမ်း​ပိုး​ကို​လည်း​ကောင်း၊ လက်​ညှိုး​ထိုး​ခြင်း​ကို​လည်း​ကောင်း၊ ကဲ့​ရဲ့​သော​စ​ကား​ကို​လည်း​ကောင်း ပယ်​ရှား၍၊

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ငါ့​ကို​ခေါ်၍ သွား​လာ​ကြ​လိမ့်​မည်။ ဆု​တောင်း​သော​အ​ခါ သင်​တို့​စ​ကား​ကို ငါ​နား​ထောင်​မည်။

အ​ကယ်​စင်​စစ် လူ​မျိုး​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို တ​ညီ​တ​ညွတ်​တည်း ဆောင်​ရွက်​မည်​အ​ကြောင်း၊ နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​စေ​ခြင်း​ငှာ သန့်​ရှင်း​သော ဘာ​သာ​စ​ကား​ကို သူ​တို့​အား ငါ​ပြန်​ပေး​မည်။

ယေ​ရှု​ခ​ရစ်​အား​ဖြင့် အ​ပြစ်​နှင့်​ကင်း​စင်၍ သန့်​ရှင်း​သူ​အ​ရာ၌ ခန့်​ထား​သော​သူ​တည်း​ဟူ​သော၊ ကော​ရိ​န္သု​မြို့၌​ရှိ​သော ဘု​ရား​သ​ခင်၏ အ​သင်း​တော်​မှ​စ၍ ခပ်​သိမ်း​သော​အ​ရပ်၌ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ပ​တ္ထ​နာ​ပြု​သော​သူ​အ​ပေါင်း​တို့​ကို ကြား​လိုက်​ပါ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ