Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 13:11

Judson Bible

ယော်​ဒန်​ချိုင့်​တစ်​လျှောက်​လုံး​ကို ရွေး​ချယ်၍၊ အ​ရှေ့​သို့​ပြောင်း​သွား​သ​ဖြင့်၊ အ​ချင်း​ချင်း တစ်​ဦး​နှင့် တစ်​ဦး​ကွဲ​ပြား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​ကာ​လ​အ​ခါ၊ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ကို ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မ​မူ​မီ၊ ဇော​ရ​မြို့​သို့​သွား​သော​လမ်း၊ ယော်​ဒန်​မြစ်​ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်၌ ရေ​များ၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဥ​ယျာဉ်​တော်​ကဲ့​သို့​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​သည်​ကို၊ လော​တ​မျှော်​ကြည့်၍​မြင်​လျှင်၊

အာ​ဗြံ​သည် ခါ​နာန်​ပြည်၌​နေ​လေ​၏။ လော​တ​မူ​ကား၊ မြစ်​ပတ်​ဝန်း​ကျင်​မြို့​တို့​တွင်​နေ၍၊ သော​ဒုံ​မြို့​နား​မှာ တဲ​ကို​ဆောက်​လေ​၏။

လော​တ​သည် အာ​ဗြံ​နှင့်​ခွာ၍​သွား​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​ကို​ခေါ်၍၊ သင်​ရှိ​သော​အ​ရပ်​က၊ တောင်၊ မြောက်၊ အ​ရှေ့၊ အ​နောက်​သို့​မျှော်​ကြည့်​လော့။

မြေ​တစ်​ပြင်​လုံး​သည် သင့်​ရှေ့​မှာ​ရှိ​သည်​မ​ဟုတ်​လော့။ ငါ​နှင့်​ခွာ၍​နေ​ပါ​လော့။ သင်​သည် လက်​ဝဲ​ဘက်​သို့​သွား​လျှင်၊ ငါ​သည်​လက်​ယာ​ဘက်​သို့​သွား​မည်။ သင်​သည် လက်​ယာ​ဘက်​သို့​သွား​လျှင်၊ ငါ​သည် လက်​ဝဲ​ဘက်​သို့​သွား​မည်​ဟု ဆို​၏။

ပြင်​သို့​ရောက်​သော​အ​ခါ၊ သင်​သည်​အ​သက်​ချမ်း​သာ​ရ​ခြင်း​ငှာ ပြေး​လော့။ နောက်​သို့​လှည့်၍ မ​ကြည့်​နှင့်။ မြေ​ညီ​သော​အ​ရပ်၌ အ​လျှင်း​မ​နေ​နှင့်။ တောင်​ပေါ်​သို့​ပြေး​လော့။ သို့​မ​ဟုတ် ဆုံး​လိမ့်​မည်​ဟု ဆို​လေ၏။

ကိုယ်​တော်​ကို​ကြောက်​ရွံ့​သော​သူ၊ ပေး​တော်​မူ​သော​ဩ​ဝါ​ဒ​ကို နား​ထောင်​သော​သူ​ရှိ​သ​မျှ​တို့​နှင့် အ​ကျွန်ုပ် ပေါင်း​ဖော်​တတ်​ပါ၏။

ပြည်​တော်၌​နေ​သော​သန့်​ရှင်း​သူ​နှင့် ထူး​ဆန်း​သော​သူ​တို့​ကို​သာ နှစ်​သက်​ပါ၏။

ကိုယ်​အ​ဆွေ​ခင်​ပွန်း​နှင့် အ​ဘ၏​အ​ဆွေ​ခင်​ပွန်း​ကို မ​စွန့်​နှင့်။ အ​မှု​ရောက်​သော​ကာ​လ၌၊ ညီ​အစ်​ကို​အိမ်​သို့​မ​သွား​နှင့်။ နီး​သော​အိမ်​နီး​ချင်း​သည် ဝေး​သော​ညီ​အစ်​ကို​ထက် သာ၍​ကောင်း၏။

အ​ရှေ့​ဘက်​အ​ပိုင်း​အ​ခြား​သည် ဟော​ရန်​မြို့၊ ဒ​မာ​သက်​မြို့၊ ဂိ​လဒ်​ပြည်၊ ယော်​ဒန်​မြစ်​နား ဣ​သ​ရေ​လ​ပြည်​နယ်​ကို လျှောက်၍၊ အ​ရှေ့​ပင်​လယ်၌ ဆုံး​ရ​မည်။ ဤ​ရွေ့​ကား၊ အ​ရှေ့​ဘက်​အ​ပိုင်း​အ​ခြား ဖြစ်​သ​တည်း။

လူ​အ​ချို့​တို့၏ ထုံး​စံ​ရှိ​သည်​အ​တိုင်း၊ အ​ချင်း​ချင်း စည်း​ဝေး​ခြင်း​အ​မှု​ကို မ​ရှောင်​မ​လွှဲ​ကြ​နှင့်။ အ​ချင်း​ချင်း​တို့​ကို တိုက်​တွန်း​နှိုး​ဆော်​ကြ​လော့။ ကာ​လ​အ​ချိန် ရောက်​လု​နီး​သည်​ကို ထောက်​သ​ဖြင့်၊ သာ၍ ကြိုး​စား​ကြ​လော့။

ခပ်​သိမ်း​သော​သူ​တို့​ကို ရို​သေ​ကြ​လော့။ ညီ​အစ်​ကို​များ​ကို ချစ်​ကြ​လော့။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ခြင်း၊ ရှင်​ဘု​ရင်​ကို ရို​သေ​ခြင်း ရှိ​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ