Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 12:6

Judson Bible

အာ​ဗြံ​သည် ထို​ပြည်​ကို​လျှောက်​သွား၍ ရှိ​ခင်​အ​ရပ်၊ မော​ရေ​သ​ပိတ်​ပင်​သို့​ရောက်​လေ၏။ ထို​အ​ခါ၊ ခါ​နာန်​အ​မျိုး​သား​တို့​သည် ထို​ပြည်၌​ရှိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ခါ​နာန်​သား​အ​ကြီး​ကား၊ ဇိ​ဒုန်။ ထို​နောက် ဟေ​သ။

အာ​ဗြံ၏​နွား​ကျောင်း​သား၊ လော​တ၏​နွား​ကျောင်း​သား​တို့​သည်​လည်း ခိုက်​ရန်​ပြု​ကြ၏။ ထို​အ​ခါ၊ ခါ​နာန်​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား​တို့​သည် ထို​ပြည်၌​နေ​ကြ​သ​တည်း။

ထို​နောက်​မှ၊ ရှေ​ခင်​မြို့​သို့ ဘေး​မဲ့​ရောက်​လေ၏။ ပါ​ဒ​နာ​ရံ​ပြည်​မှ ပြန်​လာ၍၊ ခါ​နာန်​ပြည်​သို့ ရောက်​သော​လမ်း​ခ​ရီး​တွင်၊ ထို​မြို့​ရှိ​သ​တည်း။ ထို​မြို့​ရှေ့​မှာ​တဲ​ကို ဆောက်​လေ၏။

ထို​ပြည်​ကို​အ​စိုး​ရ​သော​ဟိ​ဝိ​အ​မျိုး၊ ဟာ​မော်​မင်း​၏​သား​ရှေ​ခင်​သည် ဒိ​န​ကို​မြင်​လျှင်၊ ယူ​သွား၍​အိပ်​ဖော်​ပြု​လျက်၊ သူ့​အ​သ​ရေ​ကို​ရှုတ်​ချ​လေ​၏။

ထို​အ​ခါ ယာ​ကုပ်​က၊ သင်​တို့​သည် ငါ့​ကို​ညှဉ်း​ဆဲ​ကြ​ပြီ​တ​ကား။ ခါ​န​နိ​လူ၊ ဖေ​ရ​ဇိ​လူ​တည်း​ဟူ​သော၊ ဤ​ပြည်​သား​တို့​သည် ငါ့​ကို​ရွံ​ရှာ​အောင်​ပြု​ကြ​ပြီ​တ​ကား။ ငါ​တို့၌ လူ​အ​ရေ​အ​တွက်​အား​နည်း​သော​ကြောင့်၊ သူ​တို့​သည်​စု​ဝေး၍ ငါ့​ကို​တိုက်​သတ်​သ​ဖြင့်၊ ငါ​နှင့် ငါ့​အိမ်​သူ​အိမ်​သား​တို့​ကို ဖျက်​ဆီး​ကြ​လိမ့်​မည်​ဟု၊ ရှိ​မောင်​နှင့် လေ​ဝိ​တို့​အား​ဆို​လေ​သော်၊

သူ​တို့​သည်​လည်း၊ မိ​မိ​တို့၌​ပါ​သော​တစ်​ပါး​အ​မျိုး​သား​တို့၏ ဘု​ရား​အ​ပေါင်း​တို့​နှင့်၊ နား၌​ပန်​သော​နား​ပန်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို၊ ယာ​ကုပ်​အား​ပေး၍၊ ယာ​ကုပ်​လည်း၊ ရှေ​ခင်​မြို့​နား​တွင်​ရှိ​သော သ​ပိတ်​ပင်​အောက်၌ မြှုပ်​ထား​လေ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ရော​ဗောင်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ခြင်း​ငှာ၊ ရှေ​ခင်​မြို့​သို့​သွား​ကြ၍ သူ​သည်​လည်း​သွား၏။

ထို​နောက် ယေ​ရော​ဗောင်​သည် ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ ရှေ​ခင်​မြို့​ကို​တည်၍ နေ​ရာ​ချ၏။ ထို​မြို့​မှ​သွား၍ ပေ​နွေ​လ​မြို့​ကို​လည်း တည်၏။

သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​တော်​ကို တိုင်​တည်၍ ဘု​ရား​သ​ခင်​သည် ဗျာ​ဒိတ်​ထား​တော်​မူ​သော​ကြောင့်၊ ငါ​သည် ဝမ်း​မြောက်​မည်။ ရှေ​ခင်​မြို့​ကို ပိုင်း​ခြား​မည်။ သု​ကုတ်​လယ်​ပြင်​ကို တိုင်း​ထွာ​မည်။

ဓား​ပြ​အ​လုံး​အ​ရင်း​သည် ခ​ရီး​သွား​သော​သူ​ကို ချောင်း၍​ကြည့်​သ​ကဲ့​သို့၊ ယဇ်​ပု​ရော​ဟိတ် အ​ပေါင်း​အ​သင်း​သည် ရှေ​ခင်​မြို့​သို့​သွား​သော လမ်း၌​ပင် အ​သက်​ကို သတ်​တတ်​ကြ၏။

ယာ​ကုပ်​သည် မိ​မိ​သား​ယော​သပ်​အား ပေး​သော မြေ​အ​ကွက်​နှင့်​အ​နီး၊ ရှ​မာ​ရိ​နယ်၊ ရှု​ခါ​အ​မည်​ရှိ​သော မြို့​သို့ ရောက်​တော်​မူ၏။-

ထို​သူ​တို့​ကို​လည်း ရှေ​ခင်​မြို့​သို့ ပို့​ဆောင်​သ​ဖြင့်၊ ရှေ​ခင်၏​အ​ဘ​ဖြစ်​သော ဟာ​မော်၏​သား​တို့​အား အ​ဖိုး​ငွေ​ကို​ပေး၍​ဝယ်​ပြီ​ဖြစ်​သော သင်္ချိုင်း​တွင်း၌ ထား​ကြ၏။

ထို​တောင်​တို့​သည် ယော်​ဒန်​မြစ်​အ​နောက်၊ နေ​ဝင်​ရာ​ဘက်​မှာ ခါ​န​နိ​လူ​တို့​နေ​ရာ အ​ရပ်​တည်း​ဟူ​သော၊ မော​ရေ​သ​ပိတ်​တော​အ​နား၊ ဂိ​လ​ဂါ​လ​မြို့​နှင့်​ဆိုင်​သော လွင်​ပြင်၌ ရှိ​သည်​မ​ဟုတ်​လော။

သူ​တစ်​ပါး​ပိုင်​သော​ပြည်၌ ဧည့်​သည်​နေ​သ​ကဲ့​သို့၊ က​တိ​တော်​နှင့် စပ်​ဆိုင်​သော​ပြည်၌ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဧည့်​သည်​ဖြစ်၍​နေ၏။ ထို​က​တိ​တော်​ကို အ​မွေ​ခံ​ရ​သော အ​ဖော်​အ​ဖက်​တည်း​ဟူ​သော ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့်​အ​တူ တဲ၌​နေ​လေ၏။-

သူ​တို့​သည် ဂါ​လိ​လဲ​ပြည်၊ နဿ​လိ​တောင်​ပေါ်​မှာ ကေ​ဒေ​ရှ​မြို့၊ ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ ရှေ​ခင်​မြို့၊ ယု​ဒ​တောင်​ပေါ်​မှာ ဟေ​ဗြုန်​မြို့​တည်း​ဟူ​သော ကိ​ရ​ယ​သာ​ဘ​မြို့​တို့​ကို​လည်း​ကောင်း၊

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ဆောင်​ခဲ့​သော ယော​သပ်၏​အ​ရိုး​တို့​ကို၊ ရှေ​ခင်၏​အ​ဘ ဟာ​မော်၏​သား​တို့​တွင် ငွေ​တစ်​ပိဿာ​နှင့် ယာ​ကုပ်​ဝယ်​သော​ရှေ​ခင်​မြို့​နယ် မြေ​အ​ကွက်၌ သင်္ဂြိုဟ်​ကြ၏။ ထို​မြေ​အ​ကွက်​သည် ယော​သပ်​သား​တို့ အ​မွေ​မြေ​ဖြစ်​သ​တည်း။

ယေ​ရု​ဗ္ဗာ​လ​အ​မည်​ဖြင့် ခေါ်​ဝေါ်​သော ဂိ​ဒေါင်​သည် နံ​နက်​စော​စော​ထ၍၊ ရှိ​သ​မျှ​သော သူ​တို့​နှင့်​တ​ကွ ဟာ​ရုတ်​ရေ​တွင်း​နား​မှာ တပ်​ချ​သ​ဖြင့်၊ မိ​ဒျန်​တပ်​သည် မြောက်​ဘက်၊ မော​ရေ​တောင်​ခြေ​ရင်း​ချိုင့်၌ ရှိ၏။

ယေ​ရု​ဗ္ဗာ​လ​သား အ​ဘိ​မ​လက်​သည် ရှေ​ခင်​မြို့​သို့​သွား၍ ဦး​ရီး​များ၊ အ​မိ၏​အ​ဆွေ​အ​မျိုး​များ​အ​ပေါင်း​တို့​နှင့် နှုတ်​ဆက်​လျက်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ