Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 11:8

Judson Bible

ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို မြေ​ကြီး​တစ်​ပြင်​လုံး၌ အ​ရပ်​ရပ်​ကွဲ​ပြား​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည်​မြို့​ကို​မ​တည်​ဘဲ နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ဟေ​ဗာ​သည်​လည်း သား​နှစ်​ယောက်​ကို မြင်​လေ၏။ သား​တစ်​ယောက်​ကား၊ ဖာ​လက်​အ​မည်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သူ့​လက်​ထက်၌ မြေ​ကြီး​ကို​ခွဲ​ဝေ​ကြ၏။ သူ၏​ညီ​ကား၊ ယု​တ္တန်​အ​မည်​ရှိ၏။

ဤ​ရွေ့​ကား မိ​မိ​တို့​အ​မျိုး​အ​နွယ် အ​သီး​အ​သီး​အ​လိုက်​မှတ်​သား​သော နော​ဧ​သား ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း​ပေ​တည်း။ ထို​သူ​တို့​သည် ရေ​လွှမ်း​မိုး​သော​နောက်၊ မြေ​ကြီး​ပေါ်​မှာ သီး​ခြား​သော​တိုင်း​ပြည်​တို့​ကို တည်​ထောင်​ကြ​လေ၏။

ဤ​သူ​တို့​သည် လူ​အ​မျိုး​မျိုး တစ်​ကျွန်း​တစ်​နိုင်​ငံ​မြေ​နယ်​တို့​ကို ဘာ​သာ​အ​သီး​အ​သီး၊ အ​မျိုး​အ​နွယ်​အ​သီး​အ​သီး​ရှိ​သည်​အ​တိုင်း၊ အ​ချင်း​ချင်း​ခွဲ​ဝေ​ကြ၏။

လာ​ကြ၊ မြေ​ကြီး​တစ်​ပြင်​လုံး၌ အ​ရပ်​ရပ်​ကွဲ​ပြား​မည်​ကို​စိုး​ရိမ်၍၊ မြို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​သို့​မီ​ရ​သော ရဲ​တိုက်​ကို​လည်း​ကောင်း​တည်​လုပ်​သ​ဖြင့်၊ ကျော်​စော​ကိ​တ္တိ​ရှိ​စေ​ခြင်း​ငှာ ပြု​ကြ​ကုန်​အံ့​ဟု ပြော​ဆို​ကြ၏။

သို့​ဖြစ်၍ ထို​မြို့၌​ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​သား​အ​ပေါင်း​တို့၏ စ​ကား​ကို​ရှုတ်​ထွေး၍၊ သူ​တို့​ကို မြေ​ကြီး​တစ်​ပြင်​လုံး၌ အ​ရပ်​ရပ်​ကွဲ​ပြား​စေ​တော်​မူ​သော​ကြောင့်၊ ထို​မြို့​သည် ဗာ​ဗု​လုန်​မြို့​ဟူ၍​တွင်​သ​တည်း။

သူ​တို့​ပြင်း​စွာ​ထွက်​သော​အ​မျက်၊ ကြမ်း​တမ်း​စွာ​သော​ဒေါ​သ​သည် ကျိန်​ခြင်း​ကို ခံ​ပါ​စေ​သော။ ယာ​ကုပ်​အ​မျိုး၊ ဣ​သ​ရေ​လ​အ​နွယ်​သား​တို့​တွင် သူ​တို့​ကို ငါ​ကွဲ​ပြား ပြန့်​လွင့်​စေ​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ပါး​အ​မျိုး​သား​တို့၏​တိုင်​ပင်​ခြင်း​ကို​ပယ်​တော်​မူ၏။ လူ​စု​တို့၏​ကြံ​စည်​ခြင်း​ကို​လည်း ဖျက်​ဆီး​တော်​မူ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​ရန်​သူ​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်၍၊ အ​ဓ​မ္မ​အ​မှု​ကို​ပြု​သော​သူ အ​ပေါင်း​တို့​သည် အ​ရပ်​ရပ်​ကွဲ​ပြား​ကြ​လိမ့်​မည်။

လက်​ရုံး​တော်​အား​ဖြင့် တန်​ခိုး​ကို​ပြ​တော်​မူ​ပြီ။ မာ​န​ထောင်​လွှား​သော​သူ​တို့​ကို ကွဲ​လွင့်​စေ​တော်​မူ​ပြီ။-

အ​မြင့်​ဆုံး​သော​ဘု​ရား​သည် အာ​ဒံ၏​အ​မျိုး​အ​နွယ်​ဖြစ်​သော လူ​မျိုး​တို့​ကို ပိုင်း​ခြား၍ အ​မွေ​မြေ​ကို​ဝေ​ပေး​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အ​ရေ​အ​တွက်​ကို ထောက်​ရှု၍၊ လူ​မျိုး​တို့​နေ​ရာ​အ​ပိုင်း​အ​ခြား​ကို စီ​ရင်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ