Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 11:6

Judson Bible

ထာ​ဝ​ရ​ဘု​ရား​က၊ ကြည့်​ရှု​လော့။ လူ​တစ်​မျိုး​တည်း၊ စ​ကား​တစ်​မျိုး​တည်း​ရှိ​သည်​ဖြစ်၍၊ သူ​တို့​သည် ဤ​အ​မှု​ကို​အ​ဦး​ပြု​ကြ၏။ ယ​ခု​ကြံ​စည်​သ​မျှ​တို့​ကို အ​ဆီး​အ​တား​မ​ရှိ၊ သူ​တို့​ပြု​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် ဘာ​သာ​တစ်​မျိုး​တည်း၊ စ​ကား​တစ်​မျိုး​တည်း​ရှိ​ကြ​သည်​ဖြစ်၍၊

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​လည်း၊ လူ​သည် ငါ​တို့​တွင် တစ်​ပါး​ပါး​ကဲ့​သို့​ဖြစ်၍၊ ကောင်း​မ​ကောင်း​သိ​တတ်၏။ ယ​ခု​မှာ သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​ခြင်း​ငှာ၊ လက်​ကို​ဆန့်​လျက် အ​သက်​ပင်၏​အ​သီး​ကို​ယူ၍ မ​စား​သင့်​ဟု မိန့်​တော်​မူ၍၊

မြေ​ကြီး​ပေါ်​မှာ လူ​အ​ပြစ်​ကြီး၍၊ သူ၏​စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ရှိ​သ​မျှ​တို့​သည် အ​စဉ်​မ​ပြတ် ဆိုး​ညစ်​ခြင်း​သက်​သက်​ရှိ​ကြောင်း​ကို၊ ဘု​ရား​သ​ခင်​သိ​မြင်​တော်​မူ​လျှင်၊

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ မွှေး​ကြိုင်​သော အ​နံ့​ကို​ခံ​ယူ၍၊ ငါ​သည် နောက်​တစ်​ဖန်​လူ​တို့​အ​တွက် မြေ​ကြီး​ကို​မ​ကျိန်။ အ​ကြောင်း​မူ​ကား၊ လူ​တို့​သည် ငယ်​သော​အ​ရွယ်​မှ​စ၍၊ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ဆိုး​ကြ၏။ ငါ​သည် ယ​ခု​တစ်​ခါ ပြု​ပြီး​သ​ကဲ့​သို့၊ အ​သက်​ရှင်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို နောက်​တစ်​ဖန်​ဒဏ်​မ​ခတ်။

ဤ​သူ​တို့​သည် နော​ဧ၏​သား​သုံး​ယောက်​ဖြစ်၍ မြေ​ကြီး​တစ်​ပြင်​လုံး၌ နှံ့​ပြား​ကြ၏။

မွန်း​တည့်​အ​ချိန်၌ ဧ​လိ​ယ​က၊ ကျယ်​သော​အ​သံ​နှင့် ဟစ်​ကြ​လော့။ ဗာ​လ​သည် ဘု​ရား​ဖြစ်​တော်​မူ၏။ ဆင်​ခြင်​လျက်​နေ​တော်​မူ၏။ သို့​မ​ဟုတ် တစ်​စုံ​တစ်​ခု​ကို လိုက်၍​ရှာ​တော်​မူ၏။ သို့​မ​ဟုတ် ခ​ရီး​သွား​တော်​မူ၏။ သို့​မ​ဟုတ် ကျိန်း​စက်​တော်​မူ​သော​ကြောင့်၊ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် နှိုး​ရ​မည်​ဟု ပြက်​ရယ်​ပြု၍​ဆို၏။

အ​ချင်း​လူ​ပျို၊ အ​သက်​ပျို​သော​အ​ခါ ပျော်​မွေ့​လော့။ အ​သက်​ပျို​စဉ်​ကာ​လ​တွင် စိတ်​ရွှင်​လန်း​ခြင်း​ရှိ​လော့။ ကိုယ်​အ​လို​ရှိ​ရာ လမ်း​နှင့်၊ ကိုယ်​ဉာဏ်​ပြ​သော လမ်း​သို့​လိုက်​လော့။ သို့​ရာ​တွင်၊ ထို​အ​မှု​အ​လုံး​စုံ​တို့​ကို ဘု​ရား​သ​ခင်​စစ်​ကြော၍၊ သင့်​ကို အ​ပြစ်​ပေး​တော်​မူ​မည်​ဟု အောက်​မေ့​လော့။

စ​ပါး​ရိတ်​ရာ​ကာ​လ မ​ရောက်​မီ သုံး​လ​အ​ထက်​က၊ မိုး​မ​ရွာ​စေ​ခြင်း​ငှာ မိုး​ကို​ငါ​ဆီး​တား​ပြီ။ မြို့​တစ်​မြို့​ပေါ်​မှာ ရွာ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တစ်​မြို့​ပေါ်​မှာ မ​ရွာ​စေ​ခြင်း​ငှာ​လည်း​ကောင်း​ပြု​လျက်၊ မြေ​တစ်​ကွက်​သည် မိုး​ရေ​ကို​ခံ​ရ၍ တစ်​ကွက်​သည် မ​ခံ​ရ၊ သွေ့​ခြောက်​လျက်​နေ​ရ၏။

လက်​ရုံး​တော်​အား​ဖြင့် တန်​ခိုး​ကို​ပြ​တော်​မူ​ပြီ။ မာ​န​ထောင်​လွှား​သော​သူ​တို့​ကို ကွဲ​လွင့်​စေ​တော်​မူ​ပြီ။-

ဘု​ရား​သ​ခင်​သည် မြေ​တစ်​ပြင်​လုံး၌ နေ​ရ​သော လူ​အ​မျိုး​မျိုး​တို့​ကို တစ်​သွေး​တည်း​နှင့် ဖန်​ဆင်း​တော်​မူ၍၊ သူ​တို့​အား ခွဲ​ဝေ​စီ​မံ​သော​အ​ချိန် ကာ​လ​ကို​လည်း​ကောင်း၊ သူ​တို့၏ နေ​ရာ​အ​ပိုင်း​အ​ခြား​ကို​လည်း​ကောင်း မှတ်​သား​တော်​မူ၏။-

သင်​တို့ ရွေး​ယူ​သော​ဘု​ရား​တို့​ကို သွား၍ ဟစ်​ကြော်​ကြ​လော့။ အ​မှု​ရောက်​သော ယ​ခု​ကာ​လ၌ သူ​တို့​သည် ကယ်​နုတ်​ကြ​စေ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ