Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 11:4

Judson Bible

လာ​ကြ၊ မြေ​ကြီး​တစ်​ပြင်​လုံး၌ အ​ရပ်​ရပ်​ကွဲ​ပြား​မည်​ကို​စိုး​ရိမ်၍၊ မြို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​သို့​မီ​ရ​သော ရဲ​တိုက်​ကို​လည်း​ကောင်း​တည်​လုပ်​သ​ဖြင့်၊ ကျော်​စော​ကိ​တ္တိ​ရှိ​စေ​ခြင်း​ငှာ ပြု​ကြ​ကုန်​အံ့​ဟု ပြော​ဆို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထို​ကာ​လ၌၊ မြေ​ကြီး​ပေါ်​မှာ ကိုယ်​ကြီး​မား​သော​သူ​အ​ချို့​ရှိ​ကြ၏။ ထို​နောက်၌​လည်း၊ ဘု​ရား​သ​ခင်၏​သား​တို့​သည်၊ လူ​သ​မီး​တို့​နှင့်​ဆက်​ဆံ​၍ ရ​သော​သား​တို့​သည်၊ အား​ကြီး​သော​သူ၊ ရှေး​ကာ​လ​မှ​စ၍၊ ကျော်​စော​သော​သူ ဖြစ်​ကြ၏။

ဆား​ချိုင့်​တွင် ဧ​ဒုံ​လူ တစ်​သောင်း​ရှစ်​ထောင်​တို့​ကို​လုပ်​ကြံ​ရာ​မှ၊ ဒါ​ဝိဒ်​သည် ပြန်​လာ​သော​အ​ခါ ဂုဏ်​အ​သ​ရေ​ကြီး၏။

မိုး​ကောင်း​ကင်​တိုင်​အောင် တက်​လျက်၊ နက်​နဲ​ရာ​ထဲ​သို့​ဆင်း​လျက် တွေ့​သော​ဘေး​ကြောင့်၊ သူ​တို့​သည် စိတ်​ပျက်​ကြ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​ရန်​သူ​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်၍၊ အ​ဓ​မ္မ​အ​မှု​ကို​ပြု​သော​သူ အ​ပေါင်း​တို့​သည် အ​ရပ်​ရပ်​ကွဲ​ပြား​ကြ​လိမ့်​မည်။

တ​ရား​သော​သူ​ကို အောက်​မေ့​သော​အ​ခါ ကောင်း​ချီး​ပေး​တတ်၏။ မ​တ​ရား​သော​သူ၏ နာ​မ​မူ​ကား​ပုပ်​ပျက်​တတ်၏။

ဗာ​ဗု​လုန်​မြို့​သည် မိုး​ကောင်း​ကင်​သို့​တက်၍၊ မြို့​ရိုး​အ​ထွတ်​ကို ခိုင်​ခံ့​စွာ တည်​သော်​လည်း၊ ငါ​စေ​လွှတ်၍ လု​ယူ​သော​သူ​တို့​သည် သူ​ရှိ​ရာ​သို့ ရောက်​ကြ​လိမ့်​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​အ​ပင်​သည် ကြီး​ပွား၍ ခိုင်​မာ​ခြင်း​သို့ ရောက်၏။ မိုး​ကောင်း​ကင်​သို့​ထိ၍ မြေ​ကြီး​စွန်း​တိုင်​အောင် ထင်​ရှား၏။

အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​ပင် ဖြစ်​ပါ၏။ ကိုယ်​တော်​သည် ကြီး​ပွား၍ ခွန်​အား​နှင့်​ပြည့်​စုံ​တော်​မူ၏။ ဘုန်း​စည်း​စိမ်​တော်​ကြီး​မြင့်၍ မိုး​ကောင်း​ကင်​သို့​ထိ၏။ အာ​ဏာ​စက်​တော်​လည်း၊ မြေ​ကြီး​စွန်း​တိုင်​အောင်​ရောက်​တော်​မူ၏။

သို့​ဖြစ်၍၊ အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​စ​ကား​ကို နာ​ယူ​တော်​မူ​ပါ။ တ​ရား​သော အ​မှု​ကို​ပြု​ခြင်း၊ ဆင်း​ရဲ​သော​သူ​တို့​ကို သ​နား​ခြင်း​အား​ဖြင့် ဒု​စ​ရိုက်​အ​ပြစ်​တို့​ကို ပယ်​ဖြတ်​တော်​မူ​ပါ။ ထို​သို့​ပြု​လျှင်၊ ချမ်း​သာ​ရ​ကောင်း ရ​တော်​မူ​လိမ့်​မည်​ဟု ဒံ​ယေ​လ​လျှောက်​ထား၏။

ဤ​မြို့​ကား၊ ငါ့​နိုင်​ငံ​တည်​ရာ၊ ငါ့​ရွှေ​ဘုန်း​တော်​ကို ချီး​မြှောက်​ရာ​ဖို့၊ ငါ့​တန်​ခိုး အာ​နု​ဘော်​အား​ဖြင့် ငါ​တည်​လုပ်​သော ဗာ​ဗု​လုန်​မြို့​ကြီး မ​ဟုတ်​လော​ဟု မြွက်​ဆို၏။

လက်​ရုံး​တော်​အား​ဖြင့် တန်​ခိုး​ကို​ပြ​တော်​မူ​ပြီ။ မာ​န​ထောင်​လွှား​သော​သူ​တို့​ကို ကွဲ​လွင့်​စေ​တော်​မူ​ပြီ။-

အ​ချင်း​ချင်း​ပေး​သော ဘုန်း​အ​သ​ရေ​ကို​သာ​ခံ၍၊ ဘု​ရား​သ​ခင်​သာ​လျှင် ပေး​တော်​မူ​တတ်​သော ဘုန်း​အ​သ​ရေ​ကို အ​လို​မ​ရှိ​သော​သင်​တို့​သည် အ​ဘယ်​သို့ ယုံ​ကြည်​နိုင်​မည်​နည်း။-

ငါ​တို့​သည် အ​ဘယ်​သို့​သွား​ရ​မည်​နည်း။ ညီ​အစ်​ကို​တို့​က၊ ထို​ပြည်​သား​တို့​သည် ငါ​တို့​ထက်​သာ၍​ကြီး၏။ အ​ရပ်​လည်း​သာ၍​မြင့်၏။ မြို့​လည်း မိုး​ကောင်း​ကင်​သို့​ထိ​သော မြို့​ရိုး​လည်း​ရှိ၏။ ထို​ပြည်၌​လည်း၊ အာ​န​က​အ​မျိုး​သား​တို့​ကို မြင်​ရ၏​ဟု ငါ​တို့​စိတ်​ကို​ဖျက်​ကြ​ပြီ​ဟု သင်​တို့​သည် တဲ​များ၌​ဆန့်​ကျင်​ဘက်​ပြု​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ သင်​တို့​ကို​တစ်​ပါး​အ​မျိုး​သား​တို့​တွင် အ​ရပ်​ရပ်​ကွဲ​ပြား​စေ၍၊ နှင်​ထုတ်​တော်​မူ​သော သာ​သ​နာ​ပ​လူ​တို့​တွင် သင်​တို့​သည် နည်း​နည်း​ကျန်​ကြွင်း​ရ​ကြ​လိမ့်​မည်။

အို ဣ​သ​ရေ​လ​အ​မျိုး၊ နား​ထောင်​လော့။ သင့်​ထက်​အား​ကြီး၍ များ​ပြား​သော​လူ​မျိုး​တို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ကို​ထိ​သော​မြို့​ရိုး​နှင့် ပြည့်​စုံ​သော မြို့​ကြီး​တို့​ကို​လည်း​ကောင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ