အာဗြံနှင့်နာခေါ်သည် မယားကိုယူ၍၊ အာဗြံ၏ မယားကား၊ စာရဲအမည်ရှိ၏။ နာခေါ်၏မယားကား၊ ခါရန်၏သမီးမိလခါ အမည်ရှိ၏။ ခါရန်သည် မိလခါနှင့် ဣသခ၏အဘဖြစ်သတည်း။
တစ်ဖန်ဘုရားသခင်က၊ သင်၏မယားစာရဲကိုမူကား၊ စာရဲဟူသော အမည်ဖြင့်မခေါ်ရ၊ စာရာဟူသောအမည်ဖြင့် ခေါ်ရ၏။
သို့သော်လည်း သူသည်အကျွန်ုပ်နှမမှန်ပါ၏။ အကျွန်ုပ်အဘ၏သမီးဖြစ်၏။ အမိ၏သမီးမဟုတ်။ အကျွန်ုပ်မယားလည်း ဖြစ်ပါ၏။
ထိုနောက်မှ၊ အာဗြဟံကြားသောသတင်းစကားဟူမူကား၊ သင်၏အစ်ကိုနာခေါ်မယားမိလခါသည် သားကိုဖွားမြင်လေပြီ။
သားရှစ်ယောက်တို့ကို၊ အာဗြဟံအစ်ကို နာခေါ်၏မယားမိလခါ ဖွားမြင်လေ၏။ ဗေသွေလကား၊ ရေဗက္ကအဘတည်း။
ထိုကျွန်သည်လည်း၊ မိမိသခင်၏ဥစ္စာရှိသမျှကို စီရင်သောသူဖြစ်၍၊ သခင်၏ကုလားအုတ်စုထဲက၊ ကုလားအုတ်ဆယ်စီးကိုယူ၍ထသွားသဖြင့်၊ မေသောပေါတာမိတိုင်း၊ နာခေါ်မြို့သို့ ရောက်လေ၏။
ထိုသို့လျှောက်ဆို၍မပြီးမီ၊ အာဗြဟံအစ်ကိုနာခေါ်မယား၊ မိလခါသား၊ ဗေသွေလ၏သမီးရေဗက္ကသည်၊ ရေဘူးကိုထမ်းလျက် ထွက်လာသည်ကိုမြင်၏။
မိန်းမက၊ ကျွန်ုပ်သည် နာခေါ်၏မယားမိလခါဖွားမြင်သော၊ ဗေသွေလ၏သမီးဖြစ်သည်ဟူ၍လည်းကောင်း၊