ဟေဗာသည်လည်း သားနှစ်ယောက်ကို မြင်လေ၏။ သားတစ်ယောက်ကား၊ ဖာလက်အမည်ရှိ၏။ အကြောင်းမူကား၊ သူ့လက်ထက်၌ မြေကြီးကိုခွဲဝေကြ၏။ သူ၏ညီကား၊ ယုတ္တန်အမည်ရှိ၏။
ယာဖက်ညီ၊ ဟေဗြဲလူအပေါင်းတို့၏အဘ၊ ရှေမသည်လည်း သားများကိုမြင်လေ၏။
ယုတ္တန်သားကား၊ အာလမောဒဒ်၊ ရှေလပ်၊ ဟာဇာမာဝက်၊ ယေရ၊
ဤရွေ့ကား မိမိတို့အမျိုးအနွယ် အသီးအသီးအလိုက်မှတ်သားသော နောဧသား ဆွေစဉ်မျိုးဆက်စာရင်းပေတည်း။ ထိုသူတို့သည် ရေလွှမ်းမိုးသောနောက်၊ မြေကြီးပေါ်မှာ သီးခြားသောတိုင်းပြည်တို့ကို တည်ထောင်ကြလေ၏။
ဤသူတို့သည် လူအမျိုးမျိုး တစ်ကျွန်းတစ်နိုင်ငံမြေနယ်တို့ကို ဘာသာအသီးအသီး၊ အမျိုးအနွယ်အသီးအသီးရှိသည်အတိုင်း၊ အချင်းချင်းခွဲဝေကြ၏။
ဟေဗာသည်လည်း သားနှစ်ယောက်ကို မြင်လေ၏။ သားတစ်ယောက်ကား ဖာလက်အမည်ရှိ၏။ အကြောင်းမူကား၊ သူ၏လက်ထက်၌ မြေကြီးကိုခွဲဝေကြ၏။ သူ၏ညီကား ယုတ္တန်အမည်ရှိ၏။
ဘုရားသခင်သည် မြေတစ်ပြင်လုံး၌ နေရသော လူအမျိုးမျိုးတို့ကို တစ်သွေးတည်းနှင့် ဖန်ဆင်းတော်မူ၍၊ သူတို့အား ခွဲဝေစီမံသောအချိန် ကာလကိုလည်းကောင်း၊ သူတို့၏ နေရာအပိုင်းအခြားကိုလည်းကောင်း မှတ်သားတော်မူ၏။-
အမြင့်ဆုံးသောဘုရားသည် အာဒံ၏အမျိုးအနွယ်ဖြစ်သော လူမျိုးတို့ကို ပိုင်းခြား၍ အမွေမြေကိုဝေပေးသောအခါ၊ ဣသရေလအမျိုးသားတို့ အရေအတွက်ကို ထောက်ရှု၍၊ လူမျိုးတို့နေရာအပိုင်းအခြားကို စီရင်တော်မူ၏။