Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 10:19

Judson Bible

ခါ​နာန်​အ​မျိုး​သား​နေ​ရာ​ပြည်​နယ်​သည် ဇိ​ဒုန်​မြို့​မှ ဂေ​ရာ​မြို့၊ ဂါ​ဇ​မြို့​တိုင်​အောင်​လည်း​ကောင်း၊ တစ်​ဖန်​သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့၊ အာ​ဒ​မာ​မြို့၊ ဇေ​ဘိုင်​မြို့​ကို​လွန်၍ လာ​ရှ​မြို့​တိုင်​အောင်​လည်း​ကောင်း ရှိ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

29 ပူးပေါင်းရင်းမြစ်များ  

အာ​ဝ​ဒိ​လူ၊ ဇေ​မ​ရိ​လူ၊ ဟာ​မ​သိ​လူ​တည်း။ ထို​နောက် ခါ​နာန်​အ​မျိုး​သား​အ​သီး​အ​သီး​တို့​သည် နှံ့​ပြား​ကြ​လေ၏။

ဤ​သူ​တို့​သည် သီး​ခြား​သော​အ​မျိုး​အ​နွယ်၊ သီး​ခြား​သော​ဘာ​သာ​အ​လိုက်၊ အ​ပြည်​ပြည်​အ​တိုင်း​တိုင်း၌​နေ​သော ဟာမ​သား​များ​ဖြစ်​သ​တည်း။

သော​ဒုံ​မင်း​ကြီး​ဗေ​ရ၊ ဂေါ​မော​ရ​မင်း​ကြီး​ဗိ​ရ​ရှ၊ အာ​ဓ​မာ​မင်း​ကြီး​ရှိ​နပ်၊ ဇေ​ဘိုင်​မင်း​ကြီး​ရှေ​မ​ဘာ၊ ဗေ​လာ​မင်း​ကြီး​တို့​နှင့် စစ်​တိုက်​ကြ၏။ ဗေ​လ​ပြည်​ကား၊ ဇော​ရ​အ​မည်​လည်း​ရှိ​သ​တည်း။

ထို​ပြည်​ရှိ​သ​မျှ​တို့​သည်၊ သော​ဒုံ​အိုင်​ဖြစ်​သော​စိ​ဒ္ဒိမ်​ချိုင့်​တွင် နီး​စပ်​လျက်​ရှိ​ကြ​၏။

တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က၊ သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့၌ ကြွေး​ကြော်​သော​အ​သံ​သည်​ကြီး၍၊ အ​လွန်​အ​ပြစ်​လေး​သော​ကြောင့်၊

တစ်​ဖန်​အာ​ဗြ​ဟံ​သည် တောင်​ပြည်​သို့ ခ​ရီး​သွား​သ​ဖြင့်၊ ကာ​ဒေ​ရှ​မြို့​နှင့် ရှု​ရ​မြို့​စပ်​ကြား​မှာ​နေ၍၊ ဂေ​ရာ​မြို့၌​တည်း​ခို၏။

အာ​ဗြ​ဟံ​လက်​ထက် ထို​ပြည်၌​ဖြစ်​ဖူး​သော အ​စာ​ခေါင်း​ပါး​ခြင်း​မှ​တစ်​ပါး၊ နောက်​တစ်​ဖန် အ​စာ​ခေါင်း​ပါး​ခြင်း​ရှိ​ပြန်​သည်​ဖြစ်၍၊ ဣ​ဇာက်​သည် ဖိ​လိ​တ္တိ​မင်း​ကြီး အ​ဘိ​မ​လက်​နေ​ရာ​ဂေ​ရာ​မြို့​သို့ သွား​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ကု​ရှ​လူ​တို့​ကို အာ​သ​နှင့် ယု​ဒ​လူ​တို့​ရှေ့​မှာ ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ပြေး​ကြ၏။

အာ​သ​နှင့် သူ၏​လူ​တို့​သည် ဂေ​ရာ​မြို့​တိုင်​အောင်​လိုက်​သ​ဖြင့်၊ ကု​ရှ​လူ​တို့​သည် ပြန်၍​မ​တိုက်​ဝံ့​သော​ကြောင့် အ​ရှုံး​ခံ​ရ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​နှင့် ဗိုလ်​ခြေ​တော်​ရှေ့​မှာ ဖျက်​ဆီး​ခြင်း​ကို ခံ​ရ​ကြ၏။ ယု​ဒ​လူ​တို့​သည် လက်​ရ​ဥ​စ္စာ​အ​များ​ကို သိမ်း​ယူ​ကြ၏။

အ​ကယ်​စင်​စစ် သင်​သည် အ​လင်း​အ​မိုက်​အ​ပိုင်း​အ​ခြား​သို့ ငါ​တို့​ကို ပို့​ဆောင်​နိုင်၏။ သူ​တို့​နေ​ရာ​အိမ်​သို့ ရောက်​သော​လမ်း​တို့​ကို သိ​လိမ့်​မည်။

ရန်​သူ​သည် ပင်​လယ်​ပေါ်​မှာ လက်​ကို​ဆန့်၍၊ တိုင်း​နိုင်​ငံ​တို့​ကို လှုပ်​ရှား​လေ၏။ ခါ​နာန်​ပြည်၌ ခိုင်​ခံ့​သော​အ​ရပ်​တို့​ကို ဖျက်​ဆီး​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ရှိ၏။

အို​ဇိ​ဒုန်​မြို့၊ ရှက်​ကြောက်​ခြင်း​ရှိ​လော့။ အ​ကြောင်း​မူ​ကား၊ ပင်​လယ်​တည်း​ဟူ​သော ပင်​လယ်​မြို့​ကြီး​က၊ ငါ​သည် ကိုယ်​ဝန်​မ​ဆောင်၊ သား​မ​ဖွား၊ လူ​ပျို​နှင့် အ​ပျို​မ​တို့​ကို မ​မွေး​မြူ​ရ​ဟု ပြော​ဆို၏။

ဥ​ဇ​မင်း​အ​ပေါင်း၊ ဖိ​လိ​တ္တိ​မင်း​အ​ပေါင်း၊ အာ​ရှ​ကေ​လုန်​ပြည်​သား၊ ဂါ​ဇ​ပြည်​သား၊ ဧ​ကြုန်​ပြည်​သား၊ ကျန်​ကြွင်း​သော အာ​ဇုတ်​ပြည်​သား၊

ဖာ​ရော​ဘု​ရင်​သည် ဂါ​ဇ​မြို့​ကို​မ​လုပ်​ကြံ​မီ၊ ဖိ​လိ​တ္တိ​အ​မျိုး​သား​တို့​ကို​ရည်​မှတ်၍၊ ပ​ရော​ဖက်​ယေ​ရ​မိ​သို့ ရောက်​လာ​သော နှုတ်​က​ပတ်​တော်​အား​ဖြင့်၊

အ​ချင်း​လူ​သား၊ သင်​သည် ဇိ​ဒုန်​မြို့​တစ်​ဖက်၌ မျက်​နှာ​ထား၍ ပ​ရော​ဖက်​ပြု​လျက်၊

အို ဧ​ဖ​ရိမ်၊ ငါ​သည် သင့်​ကို အ​ဘယ်​သို့ စွန့်​နိုင်​မည်​နည်း။ အို ဣ​သ​ရေ​လ၊ သင့်​ကို အ​ဘယ်​သို့ အပ်​နှံ​နိုင်​မည်​နည်း။ သင့်​ကို အာ​ဒ​မာ​မြို့​ကဲ့​သို့ အ​ဘယ်​သို့​ဖြစ်​စေ​နိုင်​မည်​နည်း။ ဇေ​ဘိုင်​မြို့​အ​ရာ၌ အ​ဘယ်​သို့ ခန့်​ထား​နိုင်​မည်​နည်း။ ငါ​သည် နှ​လုံး​ပြောင်း​လဲ၍ အ​လွန် ကြင်​နာ​သော​စိတ်​ရှိ၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ဖိ​လိ​ပ္ပု​အား၊ သင်​ထ၍ ယေ​ရု​ရှ​လင်​မြို့​မှ ဂါ​ဇ​မြို့​သို့​သွား​ရာ တော​လမ်း​တွင် တောင်​မျက်​နှာ​သို့ သွား​လော့​ဟု ဆို​သည်​အ​တိုင်း၊ ဖိ​လိ​ပ္ပု​သည် ထ၍​သွား​လေ၏။-

ထို​အ​တူ၊ ဟာ​ဇ​ရိမ်​မြို့​မှ​စ၍ အ​ဇ္ဇာ​မြို့​တိုင်​အောင်​နေ​ဖူး​သော အာ​ဝိမ်​လူ​တို့​ကို၊ က​တ္တော​ရ​မြို့​မှ​ထွက်​သော က​တ္တော​ရိမ်​လူ​တို့​သည် ဖျက်​ဆီး၍ သူ​တို့​နေ​ရာ၌​နေ​ကြ၏။

အ​မြင့်​ဆုံး​သော​ဘု​ရား​သည် အာ​ဒံ၏​အ​မျိုး​အ​နွယ်​ဖြစ်​သော လူ​မျိုး​တို့​ကို ပိုင်း​ခြား၍ အ​မွေ​မြေ​ကို​ဝေ​ပေး​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အ​ရေ​အ​တွက်​ကို ထောက်​ရှု၍၊ လူ​မျိုး​တို့​နေ​ရာ​အ​ပိုင်း​အ​ခြား​ကို စီ​ရင်​တော်​မူ၏။

ဟေ​ဗြုန်​မြို့၊ ရ​ဟော​ဘ​မြို့၊ ဟ​မ္မုန်​မြို့၊ ကာ​န​မြို့၊ ဇိ​ဒုန်​မြို့​ကြီး​တိုင်​အောင် ရောက်​ပြီး​လျှင်၊

နောက်​တစ်​ဖန် ရှံ​ဆုန်​သည် ဂါ​ဇ​မြို့​သို့​သွား၍ ပြည့်​တန်​ဆာ​မိန်း​မ​ကို တွေ့​ပြီး​လျှင် သူ့​ဆီ​သို့​ဝင်၍​နေ၏။

တပ်​ချ​သ​ဖြင့်၊ ဂါ​ဇ​မြို့​တိုင်​အောင် မြေ​အ​သီး​အ​နှံ​ကို သုတ်​သင်​ပယ်​ရှင်း​လျက် စား​စ​ရာ​ကို ချန်၍​မ​ထား။ သိုး​နွား​မြည်း​ကို​လည်း ချန်၍​မ​ထား​ကြ။

တစ်​တပ်​သည် ဗေ​သော​ရုန်​မြို့​လမ်း​သို့ လိုက်၏။ တစ်​တပ်​သည် တော​ဘက်​မှာ ဇေ​ဘိုင်​ချိုင့်​ကို မျက်​နှာ​ပြု​သော ပြည်​စွန်း​လမ်း​သို့​လိုက်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ