သူစားသောအသွေးကို သူ၏ပါးစပ်ထဲမှလည်းကောင်း၊ သူကိုက်သော ရွံရှာဖွယ်တို့ကို သူ၏သွားကြားမှလည်းကောင်း ငါနုတ်ပယ်မည်။ ကျန်ကြွင်းသောသူသည်လည်း ငါတို့ ဘုရားသခင်အဖို့ ကျန်ကြွင်း၍၊ ယုဒပြည်၌ မင်းကဲ့သို့ နေလိမ့်မည်။ ဧကြုန်မြို့သားလည်း ယေဗုသိလူကဲ့သို့ ဖြစ်လိမ့်မည်။