Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 10:10

Judson Bible

သူ၏​နိုင်​ငံ​အ​ဦး​ကား၊ ရှိ​နာ​ပြည်၌ ဗာ​ဗု​လုန်​မြို့၊ ဧ​ရက်​မြို့၊ အ​က္ကဒ်​မြို့၊ ကာ​လ​နေ​မြို့​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ အား​ကြီး​သော​မု​ဆိုး​ဖြစ်၏။ ထို​ကြောင့် စ​ကား​ပုံ၌​ကား၊ ဘု​ရား​ရှေ့​နိမ်​ရော​ဒ၊ အား​ကြီး​မု​ဆိုး၊ ပြု​လုပ်​သည်​လို​ဟု စပ်​ဆို​သ​တည်း။

အ​ရှေ့​မျက်​နှာ​မှ​ခ​ရီး​သွား​သ​ဖြင့်၊ ရှိ​နာ​ပြည်၌ မြေ​ညီ​ရာ​အ​ရပ်​ကို​တွေ့၍ နေ​ရာ​ချ​ကြ၏။

သို့​ဖြစ်၍ ထို​မြို့၌​ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​သား​အ​ပေါင်း​တို့၏ စ​ကား​ကို​ရှုတ်​ထွေး၍၊ သူ​တို့​ကို မြေ​ကြီး​တစ်​ပြင်​လုံး၌ အ​ရပ်​ရပ်​ကွဲ​ပြား​စေ​တော်​မူ​သော​ကြောင့်၊ ထို​မြို့​သည် ဗာ​ဗု​လုန်​မြို့​ဟူ၍​တွင်​သ​တည်း။

ထို​ရော​အ​ခါ၊ ရှိ​နာ​မင်း​ကြီး​အံ​ရ​ဖေ​လ၊ ဧ​လာ​သာ​မင်း​ကြီး​အာ​ရုတ်၊ ဧ​လံ​မင်း​ကြီး​ခေ​ဒေါ​ရ​လော​မာ၊ ဂေါ​အိမ်​မင်း​ကြီး​တိ​ဒ​လ​တို့​သည်၊

ကာ​လ​နော​မြို့​သည် ခါ​ခေ​မိတ်​မြို့​ကဲ့​သို့​လည်း​ကောင်း၊ ဟာ​မတ်​မြို့​သည် အာ​ပဒ်​မြို့​ကဲ့​သို့​လည်း​ကောင်း၊ ရှ​မာ​ရိ​မြို့​သည် ဒ​မာ​သက်​မြို့​ကဲ့​သို့​လည်း​ကောင်း ဖြစ်​သည်​မ​ဟုတ်​လော။

ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား​သည် လက်​တော်​ကို​ဆန့်၍၊ ကျန်​ကြွင်း​သော ကိုယ်​တော်၏​လူ​တို့​ကို အာ​ရှု​ရိ​ပြည်၊ အဲ​ဂု​တ္တု​ပြည်၊ ပါ​သ​ရု​ပြည်၊ ကု​ရှ​ပြည်၊ ဧ​လံ​ပြည်၊ ရှိ​နာ​ပြည်၊ ဟာ​မတ်​ပြည်၊ ပင်​လယ်​တစ်​ဖက်၌ ရှိ​သော​ပြည်​များ​တို့​မှ​ကယ်​ယူ​ခြင်း​ငှာ တစ်​ဖန် ပြု​တော်​မူ​လိမ့်​မည်။

ထို​ကာ​လ​အ​ခါ ဗာ​လ​ဒန်​သား၊ ဗာ​ဗု​လုန်​မင်း​ကြီး မေ​ရော​ဒ​ပ္ဗါ​လ​ဒန်​သည် ဟေ​ဇ​ကိ​မင်း​နာ၍၊ အ​နာ​ပျောက်​သည်​ကို ကြား​သော​ကြောင့်၊ မေ​တ္တာ​စာ​နှင့် လက်​ဆောင်​ပါ​လျက်၊ တ​မန်​တို့​ကို စေ​လွှတ်​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​ဗု​လုန်​မြို့​နှင့် ခါ​လ​ဒဲ​ပြည်​ကို​ရည်​မှတ်၍၊ ပ​ရော​ဖက်​ယေ​ရ​မိ​အား​ဖြင့် မိန့်​တော်​မူ​သော စ​ကား​ဟူ​မူ​ကား၊

ပုန်​ကန်​တတ်​သော​ပြည်၊ ဆုံး​မ​အပ်​သော​ပြည်​သား​တို့​ရှိ​ရာ​သို့ စစ်​ချီ​ကြ​လော့။ သုတ်​သင်​ပယ်​ရှင်း၍ သူ​တို့​အ​မျိုး​အ​နွယ်​ကို အ​ကုန်​အ​စင် ဖျက်​ဆီး​ကြ​လော့။ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း​ပြု​ကြ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ခါ​ရန်​မြို့​သား၊ က​န္နေ​မြို့​သား၊ ဧ​ဒင်​မြို့​သား၊ ရှေ​ဘ​ကုန်​သည်၊ အာ​ရှု​ရိ​ကုန်​သည်၊ ခိ​လ​မဒ်​ကုန်​သည်​တို့​လည်း၊ သင်​နှင့်​ကုန်​သွယ်၍၊

ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ရှင်​ဘု​ရင် ယော​ယ​ကိမ်​မှ​စ၍ ဗိ​မာန်​တော်​တန်​ဆာ​အ​ချို့​တို့​ကို နေ​ဗု​ခဒ်​နေ​ဇာ​လက်​သို့ အပ်​နှံ​တော်​မူ၍၊ ထို​တန်​ဆာ​များ​ကို နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် ရှိ​နာ​ပြည်၌​ရှိ​သော မိ​မိ​ဘု​ရား၏​ကျောင်း​သို့ ယူ​သွား​ပြီး​လျှင်၊ ရွှေ​တိုက်၌ သွင်း​ထား​တော်​မူ၏။

ကာ​လ​နေ​မြို့​သို့ သွား၍ ကြည့်​ရှု​ကြ​လော့။ ထို​မြို့​မှ ဟာ​မတ်​ကြီး​မြို့​သို့​လည်း​ကောင်း၊ ဖိ​လိ​တ္တိ​လူ​တို့​နေ​သော ဂါ​သ​မြို့​သို့​လည်း​ကောင်း သွား​ကြ​လော့။ ထို​နိုင်​ငံ​တို့​သည် ဤ​နိုင်​ငံ​တို့​ထက် သာ၍ ကောင်း​သ​လော။ သူ​တို့​နယ်​အ​ပိုင်း​အ​ခြား​သည် သင်​တို့ နယ်​အ​ပိုင်း​အ​ခြား​ထက် သာ၍ ကျယ်​သ​လော။

အို ဇိ​အုန်​သ​တို့​သ​မီး၊ သား​ဖွား​သော မိန်း​မ​ကဲ့​သို့ ဝေ​ဒ​နာ​ကို​ခံ၍၊ သား​ကို​ဖွား​အံ့​သော​ငှာ အား​ထုတ်​လော့။ ယ​ခု​ပင် သင်​သည် မြို့​ထဲ​က​ထွက်၍ လယ်​ပြင်၌ နေ​ရ​မည်။ ဗာ​ဗု​လုန်​မြို့​တိုင်​အောင် သွား​ရ​မည်။ ထို​မြို့၌ လွတ်​လိမ့်​မည်။ ထို​မြို့၌ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ရန်​သူ​တို့​လက်​မှ ရွေး​နုတ်​တော်​မူ​လိမ့်​မည်။

ဓား​လက်​နက်​ဖြင့် အာ​ရှု​ရိ​ပြည်​ကို​လည်း​ကောင်း၊ မြို့​တံ​ခါး​ဝ​အ​တွင်း၌ နိမ်​ရော​ဓ​နိုင်​ငံ​ကို​လည်း​ကောင်း သုတ်​သင် ပယ်​ရှင်း​သော​အား​ဖြင့်၊ ငါ​တို့​ပြည်​သို့​လာ၍၊ ငါ​တို့​နယ်​အ​တွင်း​တွင် နင်း​သော အာ​ရှု​ရိ​လူ၏​လက်​မှ ငါ​တို့​ကို ကယ်​လွှတ်​လိမ့်​မည်။

ရှိ​နာ​ပြည်၌ ဧ​ဖာ​အ​ဖို့ အိမ်​ဆောက်​ခြင်း​ငှာ ချီ​သွား​ကြ၏။ ထို​ပြည်၌ သူ၏​ခုံ​ပေါ်​မှာ တင်​ထား၍ နေ​ရာ​ချ​ကြ​လိမ့်​မည်​ဟု ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ