Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 1:9

Judson Bible

တ​စ်​ဖန်​ဘု​ရား​သ​ခင်​က၊ မိုး​ကောင်း​ကင်​အောက်​၌​ရှိ​သော ရေ​စု​ဝေး​စေ၊ ကုန်း​ပေါ်​စေ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ဖြစ်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

မိုး​မျက်​နှာ​ကြက်​ကို​လည်း မိုး​ကောင်း​ကင်​ဟူ​သော​အ​မည်​ဖြင့် ဘု​ရား​သ​ခင်​ခေါ်​ဝေါ်​သ​မုတ်​တော်​မူ​၍၊ ညဉ့်​ဦး​နှင့် နံ​နက်​သည် ဒု​တိ​ယ​နေ့​ရက်​ဖြစ်​လေ​၏။

ကိုယ်​တော်​သာ​လျှင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ၏။ အ​မြင့်​ဆုံး​သော ကောင်း​ကင်​နှင့် ကောင်း​ကင်​ဗိုလ်​ခြေ အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ မြေ​ကြီး​နှင့်​မြေ​ကြီး​ပေါ်​မှာ ရှိ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ပင်​လယ်​နှင့် ပင်​လယ်၌​ပါ​သ​မျှ​တို့​ကို​လည်း​ကောင်း ဖန်​ဆင်း​တော်​မူ၏။ အ​လုံး​စုံ​တို့​ကို စောင့်​မ​တော်​မူ၏။ ကောင်း​ကင်​ဗိုလ်​ခြေ​တို့​သည် ကိုယ်​တော်​ကို ကိုး​ကွယ်​ကြ​ပါ၏။

အ​လင်း​နှင့်​အ​မိုက်​ဆုံ​မိ​ရာ အ​ပိုင်း​အ​ခြား၌ စ​ကြ​ဝ​ဠာ​ကို ကန့်​ကွက်​တော်​မူ၏။

မိုး​ကောင်း​ကင်​ကို လွတ်​လပ်​လ​ဟာ၌ ကြက်​တော်​မူ၏။ မြေ​ကြီး​ကို​အ​ခု​အ​ခံ​မ​ရှိ ဆွဲ​ထား​တော်​မူ၏။

နေ​တော်​မူ​ရာ​အ​ထက်​ခန်း၊ အ​မြစ်​ကို​ရေ၌ တည်​တော်​မူ​ထ​သော၊ မိုး​တိမ်​ရ​ထား​ကို​စီး၍၊ လေ​အ​တောင်​တို့​ဖြင့် ကြွ​သွား​တော်​မူ​ထ​သော၊

သ​မု​ဒ္ဒ​ရာ​ရေ​ကို စု​ပုံ​စု​ဝေး​စေ​တော်​မူ၏။ နက်​နဲ​သော​သ​မု​ဒ္ဒ​ရာ​ကို​လည်း လုံ​ခြုံ​ရာ​အ​ရပ်​တို့၌ သို​ထား​တော်​မူ၏။

ပင်​လယ်​ကို​လည်း ဖန်​ဆင်း၍ ပိုင်​တော်​မူ၏။ ကုန်း​ကို​လည်း လက်​တော်​နှင့် ပြု​ပြင်​တော်​မူ၏။

ခပ်​သိမ်း​သော မြစ်​တို့​သည် ပင်​လယ်​ထဲ​သို့ ရောက်​ကြ၏။ သို့​သော်​လည်း၊ ပင်​လယ်​သည် မ​ပြည့်​တတ်။ မြစ်​ရေ​သည် စီး​ထွက်​ရာ​အ​ရပ်​သို့ တစ်​ဖန်​ပြန်​သွား​တတ်၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ပင်​လယ်​မ​လွန်​နိုင်​အောင် ဆီး​တား​ဖို့​ရာ သဲ​ကို ထာ​ဝ​ရ​အ​ပိုင်း​အ​ခြား​ခန့်​ထား​သော​ငါ​ကို သင်​တို့​သည် မ​ကြောက်​ကြ​သ​လော။ ငါ၏​ရှေ့​တော်၌ မ​တုန်​လှုပ်​ကြ​သ​လော။ ပင်​လယ်​လှိုင်း​တံ​ပိုး​တို့​သည် ထ၍​မ​နိုင်၊ ဟုန်း၍ မ​ကျော်​မ​လွန်​နိုင်​သော်​လည်း၊

ငါ​သည် ဟေ​ဗြဲ​အ​မျိုး​သား​ဖြစ်၏။ ရေ​မြေ​ကို ဖန်​ဆင်း​တော်​မူ​သော ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​သော​သူ​ဖြစ်၏​ဟု​ဆို​လျှင်၊

ရှေး​ကာ​လ၌ မိုး​ကောင်း​ကင်​ကို​လည်း​ကောင်း၊ ရေ​ထဲ​က​ထွက်၍ ရေ​ဖြင့်​တည်​သော မြေ​ကြီး​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​သည် ဖြစ်​စေ​တော်​မူ​ကြောင်း​နှင့်၊-

ဘု​ရား​သ​ခင်၏ ကျွန်​တော်​မျိုး​ပ​ရော​ဖက်​တို့​အား ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ဗျာ​ဒိတ်​ထား​တော်​မူ​သည်​နှင့် စပ်​ဆိုင်​သော ဘု​ရား​သ​ခင်၏ နက်​နဲ​သော​အ​ရာ​သည်၊ ကာ​လ​မ​နှေး​ဘဲ သ​တ္တ​မ​ကောင်း​ကင်​တ​မန် တံ​ပိုး​မှုတ်​ခြင်း အ​သံ​မြည်​သော နေ့​ရက်​ကာ​လ၌ ပြည့်​စုံ​ခြင်း​သို့ ရောက်​မည်​ဟု ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ​ကို​လည်း​ကောင်း၊ အ​ရပ်​ရပ်၌ ရှိ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ဖန်​ဆင်း၍ က​မ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​တော်​မူ​သော သူ​ကို တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ကို ပြု​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ