မြေသား၊ မိုးကောင်းကင်ငှက်၊ အသက်ရှင်၍ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်မျိုးအပေါင်းတို့စားစရာဖို့၊ မြက်ပင်အမျိုးမျိုးတို့ကို ငါပေးမည်ဟု မိန့်တော်မူသည်အတိုင်းဖြစ်လေ၏။
ကိုယ်စားစရာအဖို့၊ တိရစ္ဆာန်တို့စားစရာအဖို့၊ စားအပ်သော အစာအမျိုးမျိုးကိုယူ၍ သိုထားရမည်ဟု၊ ဘုရားသခင် မှာထားတော်မူ၏။
အသက်ရှင်၍ လှုပ်ရှားတတ်သမျှသည်၊ အသီးအရွက်ကဲ့သို့၊ သင်တို့စားစရာဖို့ ဖြစ်ရမည်။ ခပ်သိမ်းသောအရာတို့ကို သင်တို့၌ငါအပ်ပေး၏။
သူ၏သားငယ်တို့သည် အသွေးကို သောက်တတ်၏။ အသေကောင်ရှိရာအရပ်၌ ထိုငှက်ရှိသည်ဟု မိန့်တော်မူ၏။
သားငယ်တို့သည် ကျန်းမာ၍၊ လွင်ပြင်၌ ကြီးပွားတတ်ကြ၏။ အခြားသို့သွား၍ အမိထံသို့ပြန်မလာဘဲ နေတတ်ကြ၏။
တောင်ရိုး၌ ကျက်စား၍၊ စိမ်းသောအပင် အမျိုးမျိုးကို ရှာတတ်၏။
သင်နှင့်အတူ ငါဖန်ဆင်းသော ဗေဟမုတ်မြင်းကို ကြည့်ရှုလော့။ နွားကဲ့သို့ မြက်ကိုစားတတ်၏။
မြေတိရစ္ဆာန်အပေါင်းတို့ ကစားရာတောင်ရိုးသည် သူ၏ကျက်စားရာအရပ် ဖြစ်၏။
တိရစ္ဆာန်ဖို့ မြက်ပင်ကိုလည်းကောင်း၊ လူသုံးဖို့ စပါးပင်ကိုလည်းကောင်း ပေါက်စေတော်မူသဖြင့်၊ မြေကြီးထဲက မုန့်ကိုထုတ်ဖော်တော်မူ၏။
မြည်တတ်သောကျီးကန်းကလေးမှစ၍၊ တိရစ္ဆာန်များတို့ကို ကျွေးမွေးတော်မူ၏။