Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 1:29

Judson Bible

ဘု​ရား​သ​ခင်​က​လည်း၊ ကြည့်​ရှု​လော့။ မြေ​တ​စ်​ပြင်​လုံး​၌ စ​ပါး​သီး​ကို ဖြစ်​စေ​သော စ​ပါး​ပင်​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း၊ မျိုး​စေ့​ကို​ဖြစ်​စေ​သော အ​သီး​နှင့်​ပြည့်​စုံ​သော သစ်​ပင်​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း၊ သင်​တို့​စား​စ​ရာ​ဖို့ ငါ​ပေး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​လည်း၊ ကောင်း​မ​ကောင်း​ကို သိ​ကျွမ်း​ရာ​အ​ပင်​မှ​တစ်​ပါး၊ ထို​ဥ​ယျာဉ်​၌ ရှိ​သ​မျှ​သော​အ​ပင်​တို့​၏​အ​သီး​ကို သင်​သည်​စား​ရ​သော​အ​ခွင့်​ရှိ၏။

ကိုယ်​စား​စ​ရာ​အ​ဖို့၊ တိ​ရ​စ္ဆာန်​တို့​စား​စ​ရာ​အ​ဖို့၊ စား​အပ်​သော အ​စာ​အ​မျိုး​မျိုး​ကို​ယူ၍ သို​ထား​ရ​မည်​ဟု၊ ဘု​ရား​သ​ခင် မှာ​ထား​တော်​မူ၏။

အ​သက်​ရှင်၍ လှုပ်​ရှား​တတ်​သ​မျှ​သည်၊ အ​သီး​အ​ရွက်​ကဲ့​သို့၊ သင်​တို့​စား​စ​ရာ​ဖို့ ဖြစ်​ရ​မည်။ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သင်​တို့၌​ငါ​အပ်​ပေး၏။

ထို​သို့​သော​အား​ဖြင့် လူ​မျိုး​တို့​ကို တ​ရား​စီ​ရင်​တော်​မူ၏။ များ​စွာ​သော အ​စာ​အာ​ဟာ​ရ​ကို​လည်း ပေး​တော်​မူ၏။

ကြောက်​ရွံ့​ရို​သေ​သော​သူ​တို့​ကို ကျွေး​မွေး​တော်​မူ၏။ ပ​ဋိ​ညာဉ်​တ​ရား​တော်​ကို အ​စဉ်​အောက်​မေ့​တော်​မူ၏။

ကောင်း​ကင်​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​ဖြစ်၏။ မြေ​ကြီး​ကို​ကား လူ​သား​တို့​အား ပေး​တော်​မူ​ပြီ။

က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့​ကို ကျွေး​မွေး​တော်​မူ​သော၊

ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော​သူ​တို့​အား တ​ရား​ပြု​တော်​မူ၏။ ငတ်​မွတ်​သော​သူ​တို့​ကို ကျွေး​မွေး​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ချုပ်​ထား​ခြင်း​ကို​ခံ​ရ​သော​သူ​တို့​ကို လွှတ်​တော်​မူ၏။

မြည်​တတ်​သော​ကျီး​ကန်း​က​လေး​မှ​စ၍၊ တိ​ရ​စ္ဆာန်​များ​တို့​ကို ကျွေး​မွေး​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​နှင့် မြေ​ကြီး​တန်​ဆာ​ကို​လည်း​ကောင်း၊ လော​က​ဓာတ်​နှင့် လော​က​သား​တို့​ကို​လည်း​ကောင်း၊ ပိုင်​တော်​မူ၏။

ခိုင်​ခံ့​သော ကျောက်​မြို့၌ ခို​လှုံ​လိမ့်​မည်။ ထို​သူ​အား အ​စာ​ကို အ​စဉ်​ပေး​ရ​လိမ့်​မည်။ သောက်​ရေ​လည်း မ​ပြတ်​ရ။

ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​တို့​ကို ငါ​ပေး​သ​နား​သည် ဟူ၍​လည်း​ကောင်း၊ ဗာ​လ​ဘု​ရား​အား ပူ​ဇော်​သော​ရွှေ​နှင့် ငွေ​ကို သူ၌ ငါ​များ​ပြား​စေ​သည် ဟူ၍​လည်း​ကောင်း သူ​သည် မ​အောက်​မေ့​ပါ​တ​ကား။

အ​သက်​မွေး​လောက်​သော​အ​စာ​ကို အ​ကျွန်ုပ်​တို့​အား ယ​နေ့ ပေး​သ​နား​တော်​မူ​ပါ။-

သို့​သော်​လည်း၊ သင်​တို့​အား ကျေး​ဇူး​ပြု​လျက်၊ အ​စာ​အာ​ဟာ​ရ​နှင့် ဝ​ပြော၍ ဝမ်း​မြောက်​စေ​ခြင်း​ငှာ၊ မိုး​ကောင်း​ကင်​မှ မိုး​ရွာ​စေ​တော်​မူ၍၊ အ​သီး​အ​နှံ​တို့​ကို သီး​စေ​တတ်​သော ဥ​တု​ကို​ပေး​တော်​မူ​သော​အား​ဖြင့်၊ ကိုယ်​တော်​ရှိ​တော်​မူ​သည်​ကို သက်​သေ​မ​ခံ​ဘဲ နေ​တော်​မ​မူ​ဟု ပေါ​လု​နှင့် ဗာ​န​ဗ​သည် ကြွေး​ကြော်​လေ၏။-

ငါ​တို့​သည် ဘု​ရား​သ​ခင်​အား​ဖြင့် အ​သက်​ရှင်​လျက်၊ လှုပ်​ရှား​လျက်၊ ဖြစ်​လျက်​ရှိ​ကြ၏။ ထို​သို့​နှင့်​အ​ညီ၊ သင်​တို့​တွင် လင်္ကာ​ဆ​ရာ​အ​ချို့​တို့​က၊ ငါ​တို့​သည်​ကား၊ နွယ်​တော်​သား​ပင်၊ ဘု​ရား​မျိုး​ပေ၊ ဖြစ်​ကြ​လေ​ဟု စပ်​ဆို​သ​တည်း။

မင်္ဂ​လာ​ဆောင်​ခြင်း​အ​မှု​ကို မ​ပြု​ရ​ဟူ၍​လည်း​ကောင်း၊ ယုံ​ကြည်၍ သ​မ္မာ​တ​ရား​ကို သိ​သော​သူ​တို့​သည် ကျေး​ဇူး​တော်​ကို သိ​သော​စိတ်​နှင့်​တ​ကွ သုံး​ဖို့​ရာ၊ ဘု​ရား​သ​ခင် ဖန်​ဆင်း​တော်​မူ​သော အ​စာ​မျိုး​ကို ရှောင်​ရ​မည်​ဟူ၍​လည်း​ကောင်း ပ​ညတ်​ထား​ကြ​လိမ့်​မည်။-

ဤ​ဘ​ဝ၌ ငွေ​ရ​တတ်​သော​သူ​တို့​သည် မာန်​မာ​န စိတ်​နှင့် ကင်း​လွတ်၍၊ မ​မြဲ​သော​စည်း​စိမ်​ကို မ​ကိုး​စား​ဘဲ၊ ငါ​တို့​ခံ​စား​ဖို့​ရာ အ​လုံး​စုံ​တို့​ကို​ကြွယ်​ဝ​စွာ ပေး​သ​နား​တော်​မူ​သော၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကိုး​စား​ရ​မည်​အ​ကြောင်း​နှင့်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ